ပရိသတ္ေတြကို မ်က္ရည္ေတြနဲ႔ ႏႈတ္ဆက္ခဲ့ၿပီးေနာက္ ဖာနန္ဒက္ရဲ႕ အေျပာင္းအေရႊ႕က ပေဟဓိဆန္လာခဲ့

Premier League

ပရိသတ္ေတြကို မ်က္ရည္ေတြနဲ႔ ႏႈတ္ဆက္ခဲ့ၿပီးေနာက္ ဖာနန္ဒက္ရဲ႕ အေျပာင္းအေရႊ႕က ပေဟဓိဆန္လာခဲ့
———————————————

မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ဖုိ႔ သတင္းေတြ အခုိင္အမာထြက္ေပၚေနတဲ့ ေပၚတူဂီၾကယ္ပြင့္ ဘရူႏုိဖာနန္ဒက္စ္ အ သင္းမွာ ဆက္ရွိေနမလား၊ မရွိဘူးလားဆုိတာ မေသခ်ာေၾကာင္း စပို႔တင္းလစၥဘြန္းနည္းျပ မာဆယ္ကုိင္ဇာက ထုတ္ေဖာ္ေျပာၾကားခဲ့ တယ္လုိ႔ သိရပါတယ္။ ဘရူႏုိဖာနန္ဒက္စ္ ဟာ ဗလင္စီယာအသင္းကို ၂-၁ နဲ႔ ရံႈးနိမ့္ခဲ့တဲ့ ရာသီႀကိဳေျခစမ္းပြဲစဥ္အၿပီးမွာ မ်က္ရည္ေတြနဲ႔ ျမင္ေတြ႕ခဲ့ရၿပီးေနာက္ စပို႔တင္းလစၥဘြန္းအသင္းအတြက္ ေနာက္ဆံုးပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္အျဖစ္ သတင္းေတြထြက္ေပၚ လာတာျဖစ္ ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္္းဟာ ဘရူႏုိဖာနန္ဒက္စ္ကို ေျပာင္းေရႊ႕ေၾကးေပါင္ ၆၂ သန္းနဲ႔ ေခၚယူဖို႔ စပို႔တင္းလစၥဘြန္းအသင္းနဲ႔ သ ေဘာတူညီမႈရရွိခဲ့ၿပီလုိ႔ သတင္းေတြက ေဖာ္ျပခဲ့ၾကတာျဖစ္ၿပီး လာမယ့္ရက္ပိုင္းအတြင္းမွာ ေဆးစစ္မႈေတြ ျပဳလုပ္သြားမယ္လို႔ သိရပါ တယ္။သို႔ေပမယ့္ Daily Express ကေတာ့ စပို႔တင္းလစၥဘြန္းၾကယ္ပြင့္ ဘရူႏုိဖာနန္ဒက္စ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းတို႔ ေဆး စစ္မႈျပဳလုပ္ေတာ့မယ္ဆုိတဲ့သတင္းေတြဟာ သတင္းမွားေတြသာျဖစ္တယ္လို႔ က ေဖာ္ျပခဲ့တာေၾကာင့္ ဖာနန္ဒက္စ္ ရဲ႕ အေျပာင္း အေရႊ႕ ဟာ ပေေဟဓိ ဆန္ တဲ့ အေျခအေနတစ္ခုျဖစ္လာခဲ့ပါတယ္။မန္ခ်က္စတာယူႏုိက္ တက္ နည္းျပဆုိးလ္ရွားဟာ ဘရူႏုိဖာနန္ဒက္စ္ကို သ ေဘာက်ႏွစ္သက္ေနတာျဖစ္တယ္လို႔ သိရေပမယ့္ မန္ခ်က္စတာယူႏုိက္တက္အသင္းဘက္ကေတာ့ ို ဘရူႏုိဖာနန္ဒက္စ္အတြက္ စပို႔တင္း လစၥဘြန္းအသင္းက တရားဝင္ကမ္းလွမ္းမႈတစ္စံုတစ္ရာ ျပဳလုပ္ထားျခင္းမရွိေသးေၾကာင္း သိရပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေတဲ့ ပေါ်တူဂီကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ် အ သင်းမှာ ဆက်ရှိနေမလား၊ မရှိဘူးလားဆိုတာ မသေချာကြောင်း စပို့တင်းလစ္စဘွန်းနည်းပြ မာဆယ်ကိုင်ဇာက ထုတ်ဖော်ပြောကြားခဲ့ တယ်လို့ သိရပါတယ်။ ဘရူနိုဖာနန်ဒက်စ် ဟာ ဗလင်စီယာအသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အပြီးမှာ မျက်ရည်တွေနဲ့ မြင်တွေ့ခဲ့ရပြီးနောက် စပို့တင်းလစ္စဘွန်းအသင်းအတွက် နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်အဖြစ် သတင်းတွေထွက်ပေါ် လာတာဖြစ် ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၆၂ သန်းနဲ့ ခေါ်ယူဖို့ စပို့တင်းလစ္စဘွန်းအသင်းနဲ့ သ ဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြတာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ဆေးစစ်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါ တယ်။သို့ပေမယ့် Daily Express ကတော့ စပို့တင်းလစ္စဘွန်းကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ဆေး စစ်မှုပြုလုပ်တော့မယ်ဆိုတဲ့သတင်းတွေဟာ သတင်းမှားတွေသာဖြစ်တယ်လို့ က ဖော်ပြခဲ့တာကြောင့် ဖာနန်ဒက်စ် ရဲ့ အပြောင်း အရွှေ့ ဟာ ပေဟေဓိ ဆန် တဲ့ အခြေအနေတစ်ခုဖြစ်လာခဲ့ပါတယ်။မန်ချက်စတာယူနိုက် တက် နည်းပြဆိုးလ်ရှားဟာ ဘရူနိုဖာနန်ဒက်စ်ကို သ ဘောကျနှစ်သက်နေတာဖြစ်တယ်လို့ သိရပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဘက်ကတော့ ို ဘရူနိုဖာနန်ဒက်စ်အတွက် စပို့တင်း လစ္စဘွန်းအသင်းက တရားဝင်ကမ်းလှမ်းမှုတစ်စုံတစ်ရာ ပြုလုပ်ထားခြင်းမရှိသေးကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *