လီဗာပူးလ္ အသင္းအတြက္ ခက္ခဲတဲ့ ပြဲတစ္ပြဲျဖစ္လာမွာပါလို႔ အူဘာမီယန္ ဖြင့္ဟေျပာၾကား

Premier League

လီဗာပူးလ္ အသင္းအတြက္ ခက္ခဲတဲ့ ပြဲတစ္ပြဲျဖစ္လာမွာပါလို႔ အူဘာမီယန္ ဖြင့္ဟေျပာၾကား
—————————-

လီဗာပူးလ္ အသင္း နဲ႔ အာဆင္နယ္ အသင္းတို႔ ဟာ ပရီးမီးယားလိဂ္ ပြဲစဥ္(၃)မွာ ထိပ္တိုက္ေတြ႔ဆံုေနၾကတာျဖစ္ၿပီး အမွတ္ေပးဇယားကို အဆိုပါႏွစ္သင္းက ရမွတ္တူ ဂိုးကြားခ်က္နဲ႔ လီဗာပူးလ္ အသင္းက ဦးေဆာင္ေနတာလည္းျဖစ္ပါတယ္။ အာဆင္နယ္ အသင္းရဲ႕ တိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ အူဘာမီယန္ကေတာ့ အဆိုပါပြဲစဥ္ကို အာဆင္နယ္အသင္း ဘယ္လို အႏိုင္ကစားရမယ္ဆိုတာကို ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။ အန္ဖီးလ္ ကြင္းဟာ ၿပိဳင္ဘက္အသင္းေတြအတြက္ ရုန္းကန္ရေလ့ရွိတာျဖစ္လို႔ ၎ပြဲစဥ္ဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၃) ရဲ႕ အေကာင္းဆံုးပြဲတစ္ပြဲအျဖစ္ျမင္ေတြ႔ရဖြယ္လည္းရွိေနပါတယ္။ ပရီးမီးယားလိဂ္ ပြဲစဥ္ ႏွစ္ပြဲ ကစားၿပီးခ်ိန္မွာ အူဘာမီယန္ ဟာ ႏွစ္ပြဲစလံုးမွာေျခစြမ္းျပ သြင္းဂိုးရယူထားႏိုင္ခဲ့သူျဖစ္ၿပီး အဆိုပါပြဲစဥ္မွာလည္း လီဗာပူးလ္ အသင္း အဓိကထားေစာင့္ၾကည့္ရမယ့္ ကစားသမားတစ္ဦးအျဖစ္ရွိေနပါတယ္။

အဆိုပါပြဲစဥ္မတိုင္မီမွာ အူဘာမီယန္က ေျပားၾကားခဲ့ရာမွာေတာ့ “ ျပီးခဲ့တဲ့ရာသီမွာ လီဗာပူးလ္အသင္းဟာ ကစားပံုေကာင္းမြန္ခဲ့သလို သူတို႔ရဲ႕တိုက္စစ္က ထက္ျမက္မႈရွိတာ အားလံုးျမင္ေတြ႔ၾကမွာပါ၊ ဒီတစ္ႀကိမ္မွာ ေတာ့ သူတို႔ အတြက္ လည္းခက္ခဲတဲ့ ပြဲတစ္ပြဲျဖစ္လာမွာပါ၊သူတို႔ အသင္းမွာ ကစားသမားေကာင္းေတြရွိေနသလို ကၽြန္ေတာ္တို႔လည္း သင့္တင့္ အင္အားျဖည့္တင္းမႈေတြျပဳလုပ္ထားတာပဲေလ၊ ဆာလာ၊ မာေနးတို႔လို ပီပီက လည္းျမန္ႏႈန္းျမင့္ ကစားသမားတစ္ဦးပါ၊ လာကာဇက္ ဆိုရင္ လည္းေဘာလံုးကို ေကာင္းေကာင္းထိန္းသိမ္းႏိုင္ၿပီး ဂိုးသြင္းႏိုင္စြမ္းရွိတဲ့ ကစားသမားပါ၊ ကၽြန္ေတာ္တို႔ အသင္းရဲ႕ တိုက္စစ္က သူတို႔ နဲ႔ သိပ္ၿပီးကြာဟမႈရွိမေနပါဘူး၊ ဒီရာသီမွာ ၿပီးခဲ့တဲ့ ရာသီကထက္ ဂိုးေတြပိုၿပီးသြင္းယူႏိုင္ဖို႔က ကၽြန္ေတာ့္ရဲ႕ ပစ္မွတ္ပါ”လို႔ အူဘာမီယန္က ေျပာၾကားသြားခဲ့ပါတယ္။

[unicode]

လီဗာပူးလ် အသင်း နဲ့ အာဆင်နယ် အသင်းတို့ ဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၃)မှာ ထိပ်တိုက်တွေ့ဆုံနေကြတာဖြစ်ပြီး အမှတ်ပေးဇယားကို အဆိုပါနှစ်သင်းက ရမှတ်တူ ဂိုးကွားချက်နဲ့ လီဗာပူးလ် အသင်းက ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အူဘာမီယန်ကတော့ အဆိုပါပွဲစဉ်ကို အာဆင်နယ်အသင်း ဘယ်လို အနိုင်ကစားရမယ်ဆိုတာကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အန်ဖီးလ် ကွင်းဟာ ပြိုင်ဘက်အသင်းတွေအတွက် ရုန်းကန်ရလေ့ရှိတာဖြစ်လို့ ၎င်းပွဲစဉ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၃) ရဲ့ အကောင်းဆုံးပွဲတစ်ပွဲအဖြစ်မြင်တွေ့ရဖွယ်လည်းရှိနေပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ပွဲ ကစားပြီးချိန်မှာ အူဘာမီယန် ဟာ နှစ်ပွဲစလုံးမှာခြေစွမ်းပြ သွင်းဂိုးရယူထားနိုင်ခဲ့သူဖြစ်ပြီး အဆိုပါပွဲစဉ်မှာလည်း လီဗာပူးလ် အသင်း အဓိကထားစောင့်ကြည့်ရမယ့် ကစားသမားတစ်ဦးအဖြစ်ရှိနေပါတယ်။အဆိုပါပွဲစဉ်မတိုင်မီမှာ အူဘာမီယန်က ပြေားကြားခဲ့ရာမှာတော့ “ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်အသင်းဟာ ကစားပုံကောင်းမွန်ခဲ့သလို သူတို့ရဲ့တိုက်စစ်က ထက်မြက်မှုရှိတာ အားလုံးမြင်တွေ့ကြမှာပါ၊ ဒီတစ်ကြိမ်မှာ တော့ သူတို့ အတွက် လည်းခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ၊သူတို့ အသင်းမှာ ကစားသမားကောင်းတွေရှိနေသလို ကျွန်တော်တို့လည်း သင့်တင့် အင်အားဖြည့်တင်းမှုတွေပြုလုပ်ထားတာပဲလေ၊ ဆာလာ၊ မာနေးတို့လို ပီပီက လည်းမြန်နှုန်းမြင့် ကစားသမားတစ်ဦးပါ၊ လာကာဇက် ဆိုရင် လည်းဘောလုံးကို ကောင်းကောင်းထိန်းသိမ်းနိုင်ပြီး ဂိုးသွင်းနိုင်စွမ်းရှိတဲ့ ကစားသမားပါ၊ ကျွန်တော်တို့ အသင်းရဲ့ တိုက်စစ်က သူတို့ နဲ့ သိပ်ပြီးကွာဟမှုရှိမနေပါဘူး၊ ဒီရာသီမှာ ပြီးခဲ့တဲ့ ရာသီကထက် ဂိုးတွေပိုပြီးသွင်းယူနိုင်ဖို့က ကျွန်တော့်ရဲ့ ပစ်မှတ်ပါ”လို့ အူဘာမီယန်က ပြောကြားသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *