ချယ်လ်ဆီး အသင်းမှာဆက်နေဖို့ဆုံးဖြတ်ခဲ့တာဟာ မှန်ကန်ကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့တဲ့ ဟက်ဆန်အိုဒွိုင်း
Premier League
ချယ်လ်ဆီး အသင်းမှာဆက်နေဖို့ဆုံးဖြတ်ခဲ့တာဟာ မှန်ကန်ကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့တဲ့ ဟက်ဆန်အိုဒွိုင်း
——————————–
[unicode]
ချယ်လ်ဆီး အသင်းရဲ့ လူငယ်တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ကော်လန်ဟက်ဆန် အိုဒွိုင်းကတော့ သူ့အနေနဲ့ ချယ်လ်ဆီး အသင်းမှာဆက်နေဖု့ိဆုံးဖြတ်ခဲ့တာဟာ မှန်ကန်ကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အိုဒွိုင်း ဟာ ပြီးခဲ့တဲ့ ရာသီမှာ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသူတစ်ဦးဖြစ်ပြီး လက်ရှိရာသီမှာ တော့ ချယ်လ်ဆီး အသင်းအတွက် စတင်ကစားပေးနေပြီဖြစ်ပြီး နည်းပြလမ်းပတ် ရဲ့ လက်အောက်မှာ ကောင်းမွန်တဲ့ ခြေစွမ်းတွေကိုလည်းပြသထားနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာကမှ ချယ်လ်ဆီး အသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ နဲ့ ၅ နှစ်သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တဲ့ အိုဒွိုင်းကို ပြီးခဲ့တဲ့ ရာသီက ဘိုင်ယန်မြူးနစ်အသင်းက ကမ်းလှမ်းချက်တွေကို ချယ်လ်ဆီးအသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။ အိုဒွိုင်းကပြောကြားခဲ့ရာမှာတော့ ချယ်လ်ဆီး အသင်းက ကျွန်တော်အတွက် လုပ်ဆောင်ပေးခဲ့သမျှကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဒီအသင်းမှာ ဆက်ရှိနေနိုင်ဖို့ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီမှာရှိတဲ့ လူတော်တော်များများက ချယ်လ်ဆီး အသင်းက ကျွန်တော်နဲ့ အသင့်တော်ဆုံးလို့ ပြောကြပါတယ်”လို့ အိုဒွိုင်းက ပြောကြားသွားခဲ့ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *