အာဆင္နယ္ကို အငွားလာကစားရတာ ေနာင္တမရေၾကာင္းနဲ႔ အနာဂတ္ နဲ႔ ပတ္သက္ၿပီး ဆီဘယ္ေလာ့စ္ အရိပ္အျမြက္ေျပာၾကား

Premier League

အာဆင္နယ္ကို အငွားလာကစားရတာ ေနာင္တမရေၾကာင္းနဲ႔ အနာဂတ္ နဲ႔ ပတ္သက္ၿပီး ဆီဘယ္ေလာ့စ္ အရိပ္အျမြက္ေျပာၾကား
———————————–

ရီးရဲလ္မက္ဒရစ္ အသင္းကေန အာဆင္နယ္ အသင္းထံ အငွားလာေရာက္ကစားေနတဲ့ ဆီဘယ္ေလာ့စ္ ကေတာ့ အာဆင္နယ္ အသင္းထံ အငွားလာေရာက္ကစားခြင့္ရတာ ေနာင္တ မရေၾကာင္းနဲ႔ အသင္းမွာ ေပ်ာ္ရႊင္ေနတဲ့ အေျကာင္းကို ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ဆီဘယ္ေလာ့စ္ ဟာ နည္းျပ ဇီဒန္း ရဲ႕ လက္ေအာက္မွာ ပံုမွန္ပြဲထြက္ကစားခြင့္ မရခဲ့ပဲ ၿပီးခဲ့တဲ့ ေႏြရာသီမွာေတာ့ အာဆင္နယ္ အသင္းထံ ေျပာင္းေရႊ႕လာခဲ့ရသူျဖစ္ၿပီး အာဆင္နယ္ အသင္းနည္းျပ အူႏိုင္းအမ္မရီ လက္ေအာက္မွာ အဓိကကစားသမားအျဖစ္ ပံုမွန္ပြဲထြက္ခြင့္ ရရွိေနသူတစ္ဥိးျဖစ္လာခဲ့ပါတယ္။

၂၃ ႏွစ္အရြယ္ ဆီဘယ္ေလာ့စ္ ဟာ ႏိုင္ငံတစ္ကာပြဲစဥ္ေတြအျဖစ္ စပိန္ကို ျပန္လာခဲ့တဲ့အေတာအတြင္း အနာဂတ္နဲ႔ ပတ္သတ္ၿပီး အရိပ္အျမြက္ေျပာၾကားခဲ့ပါေသးတယ္။ ဆီဘယ္ေလာ့စ္ ကေျပာၾကားခဲ့ရာမွာေတာ့ ” အာဆင္နယ္ အသင္းထံ အငွားလာေရာက္ ကစားခြင့္ရခဲ့တဲ့ ကစားသမား ဘ၀ အဓိကက်တဲ့ အစိတ္အပိုင္းတစ္ခုပါ၊ ဘာေနဗ်ူး ကေန ထြက္ခြာလာရတာကို ေနာင္တရမေနပါဘူး၊ လက္ရွိအသင္းနဲ႔ ကၽြန္ေတာ္ေပ်ာ္ရႊင္ေနပါၿပီ၊ ၿပီးခဲ့တဲ့ ႏွစ္အနည္းအငယ္တုန္းကေတာ့ ကၽြန္ေတာ္ ဘာမွသိပ္ၿပီး လုပ္မျပႏိုင္ခဲ့ပါဘူး” လို႔ ၎ကေျပာၾကားသြားခဲ့ပါတယ္။ အာဆင္နယ္ အသင္းနဲ႔ ျပသေနတဲ့ ေျခစြမ္းေၾကာင့္ စပိန္လက္ေရြးစင္ အသင္းက ဒုတိယအႀကိမ္ ေခၚယူျခင္းခံခဲ့ရတဲ့ ဆီဘယ္ေလာ့စ္ ဟာ ယူရို ၂၀၂၀ ေျခစစ္ပြဲစဥ္ေတြျဖစ္တဲ့ ေနာ္ေ၀း နဲ႔ ဆီြဒင္တို႔ ပြဲစဥ္မွာ ပြဲထြက္ပါ၀င္လာဖြယ္ရွိေနပါတယ္။

[unicode]

ရီးရဲလ်မက်ဒရစ် အသင်းကနေ အာဆင်နယ် အသင်းထံ အငှားလာရောက်ကစားနေတဲ့ ဆီဘယ်လော့စ် ကတော့ အာဆင်နယ် အသင်းထံ အငှားလာရောက်ကစားခွင့်ရတာ နောင်တ မရကြောင်းနဲ့ အသင်းမှာ ပျော်ရွှင်နေတဲ့ အကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆီဘယ်လော့စ် ဟာ နည်းပြ ဇီဒန်း ရဲ့ လက်အောက်မှာ ပုံမှန်ပွဲထွက်ကစားခွင့် မရခဲ့ပဲ ပြီးခဲ့တဲ့ နွေရာသီမှာတော့ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့လာခဲ့ရသူဖြစ်ပြီး အာဆင်နယ် အသင်းနည်းပြ အူနိုင်းအမ်မရီ လက်အောက်မှာ အဓိကကစားသမားအဖြစ် ပုံမှန်ပွဲထွက်ခွင့် ရရှိနေသူတစ်ဥိးဖြစ်လာခဲ့ပါတယ်။၂၃ နှစ်အရွယ် ဆီဘယ်လော့စ် ဟာ နိုင်ငံတစ်ကာပွဲစဉ်တွေအဖြစ် စပိန်ကို ပြန်လာခဲ့တဲ့အတောအတွင်း အနာဂတ်နဲ့ ပတ်သတ်ပြီး အရိပ်အမြွက်ပြောကြားခဲ့ပါသေးတယ်။ ဆီဘယ်လော့စ် ကပြောကြားခဲ့ရာမှာတော့ ” အာဆင်နယ် အသင်းထံ အငှားလာရောက် ကစားခွင့်ရခဲ့တဲ့ ကစားသမား ဘ၀ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုပါ၊ ဘာနေဗျူး ကနေ ထွက်ခွာလာရတာကို နောင်တရမနေပါဘူး၊ လက်ရှိအသင်းနဲ့ ကျွန်တော်ပျော်ရွှင်နေပါပြီ၊ ပြီးခဲ့တဲ့ နှစ်အနည်းအငယ်တုန်းကတော့ ကျွန်တော် ဘာမှသိပ်ပြီး လုပ်မပြနိုင်ခဲ့ပါဘူး” လို့ ၎င်းကပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ် အသင်းနဲ့ ပြသနေတဲ့ ခြေစွမ်းကြောင့် စပိန်လက်ရွေးစင် အသင်းက ဒုတိယအကြိမ် ခေါ်ယူခြင်းခံခဲ့ရတဲ့ ဆီဘယ်လော့စ် ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်တွေဖြစ်တဲ့ နော်ဝေး နဲ့ ဆွီဒင်တို့ ပွဲစဉ်မှာ ပွဲထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *