လက်ရှိပုံစံအတိုင်းဆက်သွားနေမယ်ဆိုရင် မန်ချက်စတာယူနိုက်တက် အသင်း တန်းဆင်းသွားရလိမ့်မယ်လို့ ဆမ် အလာဒွိုက်စ်  သုံးသပ်
Premier League
လက်ရှိပုံစံအတိုင်းဆက်သွားနေမယ်ဆိုရင် မန်ချက်စတာယူနိုက်တက် အသင်း တန်းဆင်းသွားရလိမ့်မယ်လို့ ဆမ် အလာဒွိုက်စ်  သုံးသပ်
—————————–
[unicode]
Daily Express ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက် လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ ဒဏ်ရာပြဿတွေနဲ့ အသင်းရဲ့ ယုံကြည်မှုတွေပါ ပျောက်ဆုံးနေမယ်ဆို ရင် အခြေအနေဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်လို့ အင်္ဂလန် နည်းပြဟောင်း ဆမ် အလာဒွိုက်စ် က သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေက နယူးကာဆယ် အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယား ရဲ့ ၁၂ နေရာကနေ တန်းဆင်းဇုန် အသင်းက အဲဗာတန် ၊ နော့ဝှစ်ချ် အသင်းတို့ နဲ့ ၂ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် ရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆမ်အလာဒွိုက်စ် ကပြောကြားခဲ့ရာမှာတော့” သူတို့တွေ ယုံကြည်မှုတွေပျောက်ပြီး ဒဏ်ရာပြဿတွေနဲ့ ဆက်ပြီးနပန်းလုံးနေမယ်ဆိုရင် တန်းဆင်းသွားရတဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်၊“သူတို့(မန်ချက်စတာယူနိုက်တက် အသင်း) ၁၉၇၄ မှာ ဆိုးရွားတဲ့အသင်းနဲ့အတူ တန်းဆင်းသွားခဲ့ပါတယ်” အဲဒီလို ယုံကြည်မှုတွေပျောက်ပြီး ကစားသမားတွေ ဒဏ်ရာပြဿတွေနဲ့ ဆက်ရှိနေမယ်ဆိုရင် အဲလိုပဲဆိုးရွားတဲ့ ရလဒ်တွေထပ်ဖြစ်သွားပါလိမ့်မယ်၊၊“ကစာသမားတွေက မြန်နိုင်သမျှမြန်မြန် ကြံ့ခိုင်တိုးတက်လာချင်စိတ်မရှိကြပါဘူး။ သူတို့တွေက အသင်းအခြေအနေကောင်းရင်တော့ လုပ်ချင်လုပ်ကြလိမ့်မယ်။ အဲ ဒီလိုကို လုံးဝဖြစ်နေတာပါ”လို့ ၎င်းက သုံးသပ်ပြောကြားသွားခဲ့ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *