ဆီဗီလာနဲ႔ ပြဲမွာ ဒိုင္လူႀကီးကို ေစာ္ကားတဲ့ စကားသံုးႏႈန္းခဲ့တဲ့အတြက္ El Clasico ပြဲကို လြဲေခ်ာ္ဖြယ္ရွိေနတဲ့ ဒမ္ဘီလီ

Spain LaLiga Santander

ဆီဗီလာနဲ႔ ပြဲမွာ ဒိုင္လူႀကီးကို ေစာ္ကားတဲ့ စကားသံုးႏႈန္းခဲ့တဲ့အတြက္ El Clasico ပြဲကို လြဲေခ်ာ္ဖြယ္ရွိေနတဲ့ ဒမ္ဘီလီ
——————————

ဘာစီလိုနာအသင္းရဲ႕ ေတာင္ပံကစားသမားတစ္ဦးျဖစ္တဲ့ ဒမ္ဘီလီ ဟာ ဆီဗီလာအသင္းကို ၄-၀ ႏွင့္ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ကြင္းလယ္ဒိုင္ကို ေစာ္ကားတဲ့စကား သံုးနႈန္းခဲ့တဲ့ အတြက္ အနည္းဆံုး ပြဲပယ္ပစ္ဒဏ္ ၂ပြဲက်ခံရဖြယ္ရွိေနပါတယ္။ ဒါေၾကာင့္ ဒမ္ဘီလီ ဟာ အိုင္ဗာ၊ ရီးရဲလ္မက္ဒရစ္ အစရွိတဲ့ ပြဲစဥ္ေတြကို လြဲေခ်ာ္မယ့္ အေျခအေန ရွိေနပါတယ္။ ဆီဗီလာ နဲ႔ ပြဲမွာ ဘာစီလိုနာ အသင္း ေလးဂိုးျပတ္ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ဒမ္ဘီလီက ၃၅ မိနစ္တြင္ တတိယအနိုင္ ဂိုး သြင္းယူေပးႏိုင္ခဲ့ပါတယ္။ပြဲကစားခ်ိန္ ၈၇ မိနစ္အေရာက္မွာေတာ့ အသင္းေဖာ္ အာ႐ူယို အနီကတ္ျဖင့္ ထုတ္ပယ္ခံရေသာေၾကာင့္ ဒိုင္လူႀကီးကို ကန႔္ကြက္ေျပာဆိုစဥ္ ”ခင္ဗ်ား သိပ္ည႔ံတာပဲ” လို႔သံုးႏႈန္းခဲ့တာျဖစ္ပါတယ္။

ဒမ္ဘီလီ ဟာ အေစာပိုင္းပြဲခ်ိန္မွာ အ၀ါကဒ္ျပား တစ္ႀကိမ္ ျပသခံထားရတာျဖစ္ၿပီး ဒိုင္လူႀကီး သူ႔ကို ေစာ္ကားတဲ့ စကားသံုးႏႈန္းခဲ့တဲ့ ဒမ္ဘီလီ တိုက္ရိုက္ အနီကဒ္ ထပ္မံျပသခဲ့တာပါ။ ဒါအျပင္ အဆိုပါကြင္းလယ္ဒိုင္က ပြဲၿပီး အစီရင္ခံစာမွာလည္း ၎ျဖစ္ရပ္ကို ထည့္သြင္းေရးသားခဲ့တယ္လို႔သိရပါတယ္။စည္းမ်ဥ္းအရ ဒိုင္လူႀကီးကို ေစာ္ကားမႈျပဳလုပ္ပါက အနည္းဆုံးႏွစ္ပြဲပယ္ျပစ္ဒဏ္ က်ခံရမည္ျဖစ္ရာ ဒမ္ဘီလီအေနျဖင့္ အီဘာႏွင့္ပြဲအျပင္ ရီးယဲလ္အသင္းႏွင့္ကစားရမည့္ El Clasico ပြဲကိုပါ လြဲေခ်ာ္ဖြယ္ရွိေနခဲ့ၿပီျဖစ္ပါတယ္။ ဘာစီလိုနာ အသင္းကေတာ့ ဒမ္ဘီလီ ရဲ႕ အနီကဒ္အတြက္ ေျဖရွင္းခ်က္ေပးဖို႔ စီစဥ္ေနတယ္လို႔လည္းသိရပါတယ္။

[unicode]

ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ဒမ်ဘီလီ ဟာ ဆီဗီလာအသင်းကို ၄-၀ နှင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ကို စော်ကားတဲ့စကား သုံးနှုန်းခဲ့တဲ့ အတွက် အနည်းဆုံး ပွဲပယ်ပစ်ဒဏ် ၂ပွဲကျခံရဖွယ်ရှိနေပါတယ်။ ဒါကြောင့် ဒမ်ဘီလီ ဟာ အိုင်ဗာ၊ ရီးရဲလ်မက်ဒရစ် အစရှိတဲ့ ပွဲစဉ်တွေကို လွဲချော်မယ့် အခြေအနေ ရှိနေပါတယ်။ ဆီဗီလာ နဲ့ ပွဲမှာ ဘာစီလိုနာ အသင်း လေးဂိုးပြတ် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒမ်ဘီလီက ၃၅ မိနစ်တွင် တတိယအနိုင် ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ပွဲကစားချိန် ၈၇ မိနစ်အရောက်မှာတော့ အသင်းဖော် အာရူယို အနီကတ်ဖြင့် ထုတ်ပယ်ခံရသောကြောင့် ဒိုင်လူကြီးကို ကန့်ကွက်ပြောဆိုစဉ် ”ခင်ဗျား သိပ်ညံ့တာပဲ” လို့သုံးနှုန်းခဲ့တာဖြစ်ပါတယ်။ဒမ်ဘီလီ ဟာ အစောပိုင်းပွဲချိန်မှာ အဝါကဒ်ပြား တစ်ကြိမ် ပြသခံထားရတာဖြစ်ပြီး ဒိုင်လူကြီး သူ့ကို စော်ကားတဲ့ စကားသုံးနှုန်းခဲ့တဲ့ ဒမ်ဘီလီ တိုက်ရိုက် အနီကဒ် ထပ်မံပြသခဲ့တာပါ။ ဒါအပြင် အဆိုပါကွင်းလယ်ဒိုင်က ပွဲပြီး အစီရင်ခံစာမှာလည်း ၎င်းဖြစ်ရပ်ကို ထည့်သွင်းရေးသားခဲ့တယ်လို့သိရပါတယ်။စည်းမျဉ်းအရ ဒိုင်လူကြီးကို စော်ကားမှုပြုလုပ်ပါက အနည်းဆုံးနှစ်ပွဲပယ်ပြစ်ဒဏ် ကျခံရမည်ဖြစ်ရာ ဒမ်ဘီလီအနေဖြင့် အီဘာနှင့်ပွဲအပြင် ရီးယဲလ်အသင်းနှင့်ကစားရမည့် El Clasico ပွဲကိုပါ လွဲချော်ဖွယ်ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းကတော့ ဒမ်ဘီလီ ရဲ့ အနီကဒ်အတွက် ဖြေရှင်းချက်ပေးဖို့ စီစဉ်နေတယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *