အသင္းဘုတ္အဖြဲ႔၀င္ေတြနဲ႔ ဂေလဇာမိသားစု အေရးေပၚအစည္းအေ၀းျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြထြက္ေပၚ

Premier League

အသင္းဘုတ္အဖြဲ႔၀င္ေတြနဲ႔ ဂေလဇာမိသားစု အေရးေပၚအစည္းအေ၀းျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြထြက္ေပၚ
——————————–

မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕ အမႈေဆာင္ခ်ူပ္ ၀ုဒ္၀က္ဒ္ နဲ႔ အသင္း ဘုတ္အဖြဲ၀င္ေတြ အေရးေပၚေတြ႔ဆံုမႈတစ္ခုျပဳလုပ္ ခဲ့ၿပီး နည္းျပဆိုးလ္ရွား ရဲ႕ အနာဂတ္ နဲ႔ ပတ္သက္ေနတယ္လို႔လည္း ေျပာင္းအေရႊ႕ ေစ်းကြက္ကၽြမ္းက်င္သူ အီယန္ မက္ဂေရးက ေျပာၾကားခဲ့တယ္လို Fox sports asia သတင္းဌာန ကေဖာ္ျပသြားခဲ့ပါတယ္။ ဒီအစည္းအေ၀းက ႀကိဳတင္စီစဥ္သတ္မွတ္ထားခဲ့ျခင္းမရွိသလို အသင္းပိုင္ရွင္ ဂေလဇာမိသားစု၀င္ေတြပါ ပါ၀င္ခဲ့တယ္လို႔ ဆိုပါတယ္။“ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရာသီအစ အဆိုးရြားဆံုး အေျခအေနေတြနဲ႔ ရင္ဆိုင္ေနခဲ့ရာတာျဖစ္ၿပီး အသင္းပိုင္ရွင္ ဂေလဇာမိသားစုဘက္က ဒါရိုက္တာအဖြဲ႕ဝင္ေတြနဲ႔ ဝုဒ္ဝက္ဒ္ တို႔ေတြ႕ဆံုခဲ့ၿပီး အသင္းကကို မွန္ကန္တဲ့ လမ္းေၾကာင္းတစ္ခုေပၚျပန္ေရာက္လာဖို႔ နည္းျပေျပာင္လဲဖို႔ လိုအပ္လာရင္ ေျပာင္းလဲသြားမယ့္ အေျခအေနရွိလာခဲ့တယ္လို႔လည္း သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြအျဖစ္ ေအာက္တိုဘာ ၂၀ မွာ လီဗာပူးလ္ အသင္းကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ၿပီး ေအာက္တိုဘာ ၂၇ မွာေတာ့ ေနာ့၀ွစ္ခ္်အသင္း အိမ္ကြင္းကို သြားေရာက္ကစားရမွာျဖစ္ပါတယ္။၎ပြဲစဥ္ေတြဟာ ႏိုင္ငံတကာ ပြဲစဥ္ေတြအျပီးမွာသာ ကစားရမွာျဖစ္လို႔ ဒီအစည္းေ၀းကေဆြးေႏြးမႈေတြကေတာ့ ရုတ္ခ်ည္း ျဖစ္လာႏိုင္ဖြယ္မရွိဘူးလို႔လည္း မက္ဂေရးကေျပာပါတယ္။ရလဒ္ဆိုးေတြ ဆက္တိုက္ျဖစ္ေပၚေနတဲ့ ယူႏိုက္တက္ နည္းျပဆိုးလ္ရွားအတြက္ လာမယ့္ ပြဲစဥ္ေတြက သူ႔ရဲ႕ အနာဂတ္ကို အဆံုးအျဖတ္ေပးသြားမယ့္ ပြဲစဥ္ေတြျဖစ္လာဖြယ္ရွိေနပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အမှုဆောင်ချူပ် ဝုဒ်ဝက်ဒ် နဲ့ အသင်း ဘုတ်အဖွဲဝင်တွေ အရေးပေါ်တွေ့ဆုံမှုတစ်ခုပြုလုပ် ခဲ့ပြီး နည်းပြဆိုးလ်ရှား ရဲ့ အနာဂတ် နဲ့ ပတ်သက်နေတယ်လို့လည်း ပြောင်းအရွှေ့ ဈေးကွက်ကျွမ်းကျင်သူ အီယန် မက်ဂရေးက ပြောကြားခဲ့တယ်လို Fox sports asia သတင်းဌာန ကဖော်ပြသွားခဲ့ပါတယ်။ ဒီအစည်းအဝေးက ကြိုတင်စီစဉ်သတ်မှတ်ထားခဲ့ခြင်းမရှိသလို အသင်းပိုင်ရှင် ဂလေဇာမိသားစုဝင်တွေပါ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။“ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီအစ အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေခဲ့ရာတာဖြစ်ပြီး အသင်းပိုင်ရှင် ဂလေဇာမိသားစုဘက်က ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ ဝုဒ်ဝက်ဒ် တို့တွေ့ဆုံခဲ့ပြီး အသင်းကကို မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုပေါ်ပြန်ရောက်လာဖို့ နည်းပြပြောင်လဲဖို့ လိုအပ်လာရင် ပြောင်းလဲသွားမယ့် အခြေအနေရှိလာခဲ့တယ်လို့လည်း သိရပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေအဖြစ် အောက်တိုဘာ ၂၀ မှာ လီဗာပူးလ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး အောက်တိုဘာ ၂၇ မှာတော့ နော့ဝှစ်ခ်ျအသင်း အိမ်ကွင်းကို သွားရောက်ကစားရမှာဖြစ်ပါတယ်။၎င်းပွဲစဉ်တွေဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာသာ ကစားရမှာဖြစ်လို့ ဒီအစည်းဝေးကဆွေးနွေးမှုတွေကတော့ ရုတ်ချည်း ဖြစ်လာနိုင်ဖွယ်မရှိဘူးလို့လည်း မက်ဂရေးကပြောပါတယ်။ရလဒ်ဆိုးတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ယူနိုက်တက် နည်းပြဆိုးလ်ရှားအတွက် လာမယ့် ပွဲစဉ်တွေက သူ့ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးသွားမယ့် ပွဲစဉ်တွေဖြစ်လာဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *