အယ္လီဂရီ ကို အၿပိဳင္အဆိုင္ျဖစ္ေနၾကတဲ့ မန္ခ်က္စတာယူႏိုက္တက္ နဲ႔ စပါး

Premier League

အယ္လီဂရီ ကို အၿပိဳင္အဆိုင္ျဖစ္ေနၾကတဲ့ မန္ခ်က္စတာယူႏိုက္တက္ နဲ႔ စပါး
—————————–

Daily Express ရဲ႕ ေဖာ္ျပခ်က္အရ ပရီးမီးယားလိဂ္ ကလပ္ေတြျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္ အသင္း နဲ႔ ေတာ့တင္ဟမ္ ေဟာ့ပ္ စ ပါး အသင္းတို႔ ဟာ ဂ်ဴဗင္တပ္စ္ နည္းေျပာင္း တစ္ဦးျဖစ္တဲ့ အယ္လီဂရီ အစားထုိး ခန္႔အပ္ဖို႔ ႏွစ္သက္သေဘာက်ေနၾကတယ္လို႔ ေဖာ္ျပသြားခဲ့ပါတယ္။ အဆိုပါ ဂ်ဴဗင္တပ္စ္ နည္းျပေဟာင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီကမွာ ဂ်ဴဗင္တပ္စ္ အသင္းနဲ႔ လမ္းခြဲထားခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အသင္းလက္မဲ့ျဖစ္ေနသူတစ္ဦးလည္းျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ ပရိသတ္ေတြကေတာ့ ဆိုးလ္ရွားကို ရာထူးကေနထုတ္ပယ္ေပးဖို႔ ေတာင္းဆိုမႈေတြျပဳလုပ္ေနခဲ့ၾကသလို နယူးကာဆယ္အသင္းနဲ႔ ပြဲစဥ္အၿပီးမွာ ယူႏိုက္တက္အသင္း ဘုတ္အဖြဲ႕ ၀င္ ေတြအေနနဲ႔ အသင္းရဲ႕ နည္းျပရာထူးကို အေျပာင္းအလဲျပဳလုပ္ဖို႔အတြက္ ဆံုးျဖတ္ခ်က္ခ်ထားၿပီးခဲ့ၿပီလို႔ အီတလီ သတင္းေတြက ေဖာ္ျပေနၾကပါတယ္။

အျခားတစ္ဖက္ စပါး အသင္းဟာ လက္ရွိပရီးမီးယားလိဂ္ မွာ ဘရိုက္တန္ အသင္းကို ဂိုးျပတ္ရႈံးနိမ့္ထားခဲ့သလို ခ်န္ပီယံလိဂ္မွာလည္း ဘုိင္ယန္ျမဴးနစ္ အသင္းကို အိမ္ကြင္းမွာ ၇-၂ ဆိုတဲ့ စံခ်ိန္တင္ရႈံးနိမ့္မႈေတြျဖစ္ေပၚခဲ့လို႔ နည္းျပ ပိုခ်က္တီႏို နဲ႔ စပါး အသင္းရဲ႕ အနာဂတ္ဟာ လႈပ္ခတ္လာခဲ့ပါတယ္။ စပါး အသင္းက နည္းျပ ပိုခ်က္တီနို ကို ထုတ္ပယ္ခဲ့မယ္ဆိုရင္ အယ္လီဂရီ နဲ႔ အစားထိုးဖို႔ ပစ္မွတ္ထားေနခဲ့လို႔ ရလဒ္ေတြဆိုးရြားေနတဲ့ ပရီးမီးယားလိဂ္ ကလပ္ႏွစ္အသင္းအတြက္ေတာ့ နည္းျပအေျပာင္းအလဲျဖစ္လာမလားဆိုတာ စိတ္၀င္စားစရာပါ။ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရပ္တည္မႈမွာေတာ့ စပါး အသင္းက ရမွတ္ ၁၁မွတ္နဲ႔ အဆင့္ ၉မွာရပ္တည္ေနတာျဖစ္ၿပီး မန္ခ်က္စတာ ယူႏိုက္တက္ အသင္းကေတာ့ ရမွတ္ ၉မွတ္နဲ႔ အဆင့္ ၁၂ မွာရပ္တည္ေနတာျဖစ္ပါတယ္။ အသင္းတစ္သင္းကို ရာသီ၀က္အတြင္းမွာ မကိုင္တြယ္လိုဘူးဆိုတဲ့ အယ္လီဂရီေျပာထားဘူးတဲ့ စကားေၾကာင့္ ဒီႏွစ္သင္းဟာ ၎ကို ေခၚယူႏိုင္ဖို႔အတြက္ ခက္ခဲဖြယ္ေတာ့ရွိေနပါတယ္။

[unicode]

Daily Express ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်း နဲ့ တော့တင်ဟမ် ဟော့ပ် စ ပါး အသင်းတို့ ဟာ ဂျူဗင်တပ်စ် နည်းပြောင်း တစ်ဦးဖြစ်တဲ့ အယ်လီဂရီ အစားထိုး ခန့်အပ်ဖို့ နှစ်သက်သဘောကျနေကြတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ အဆိုပါ ဂျူဗင်တပ်စ် နည်းပြဟောင်းဟာ ပြီးခဲ့တဲ့ နွေရာသီကမှာ ဂျူဗင်တပ်စ် အသင်းနဲ့ လမ်းခွဲထားခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကတော့ ဆိုးလ်ရှားကို ရာထူးကနေထုတ်ပယ်ပေးဖို့ တောင်းဆိုမှုတွေပြုလုပ်နေခဲ့ကြသလို နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်အပြီးမှာ ယူနိုက်တက်အသင်း ဘုတ်အဖွဲ့ ဝင် တွေအနေနဲ့ အသင်းရဲ့ နည်းပြရာထူးကို အပြောင်းအလဲပြုလုပ်ဖို့အတွက် ဆုံးဖြတ်ချက်ချထားပြီးခဲ့ပြီလို့ အီတလီ သတင်းတွေက ဖော်ပြနေကြပါတယ်။အခြားတစ်ဖက် စပါး အသင်းဟာ လက်ရှိပရီးမီးယားလိဂ် မှာ ဘရိုက်တန် အသင်းကို ဂိုးပြတ်ရှုံးနိမ့်ထားခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ် အသင်းကို အိမ်ကွင်းမှာ ၇-၂ ဆိုတဲ့ စံချိန်တင်ရှုံးနိမ့်မှုတွေဖြစ်ပေါ်ခဲ့လို့ နည်းပြ ပိုချက်တီနို နဲ့ စပါး အသင်းရဲ့ အနာဂတ်ဟာ လှုပ်ခတ်လာခဲ့ပါတယ်။ စပါး အသင်းက နည်းပြ ပိုချက်တီနို ကို ထုတ်ပယ်ခဲ့မယ်ဆိုရင် အယ်လီဂရီ နဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေခဲ့လို့ ရလဒ်တွေဆိုးရွားနေတဲ့ ပရီးမီးယားလိဂ် ကလပ်နှစ်အသင်းအတွက်တော့ နည်းပြအပြောင်းအလဲဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာပါ။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရပ်တည်မှုမှာတော့ စပါး အသင်းက ရမှတ် ၁၁မှတ်နဲ့ အဆင့် ၉မှာရပ်တည်နေတာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ရမှတ် ၉မှတ်နဲ့ အဆင့် ၁၂ မှာရပ်တည်နေတာဖြစ်ပါတယ်။ အသင်းတစ်သင်းကို ရာသီဝက်အတွင်းမှာ မကိုင်တွယ်လိုဘူးဆိုတဲ့ အယ်လီဂရီပြောထားဘူးတဲ့ စကားကြောင့် ဒီနှစ်သင်းဟာ ၎င်းကို ခေါ်ယူနိုင်ဖို့အတွက် ခက်ခဲဖွယ်တော့ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *