ပရီးမီးယားလိဂ္မွာ သူရင္ဆိုင္ရအခက္ခဲဆံုး ေနာက္ခံလူက ဘယ္သူလည္းဆိုတာကို ေအဗရာဟမ္ ဖြင့္ဟေျပာၾကား

Premier League

ပရီးမီးယားလိဂ္မွာ သူရင္ဆိုင္ရအခက္ခဲဆံုး ေနာက္ခံလူက ဘယ္သူလည္းဆိုတာကို ေအဗရာဟမ္ ဖြင့္ဟေျပာၾကား
——————

Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီး အသင္းရဲ႕ လူငယ္ တိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ တြမ္မီ ေအဘရာဟမ္ကေတာ့ သူ႔အတြက္ ရင္ဆိုင္ရအခက္ခဲဆုံး ေနာက္ခံလူဟာ လီဗာပူးလ္ အသင္းက ဗန္ဒိုက္ျဖစ္ေၾကာင္းထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ ေအဘရာဟမ္ဟာ လမ္းပက္ရဲ႕ လက္ေအက္မွာေတာက္ပလာခဲ့တဲ့ တိုက္စစ္မွဴးတစ္ဦးျဖစ္ၿပီး ပရီးမီးယားလိဂ္မွာလည္း ၈ ဂိုးအထိသြင္းယူထားၿပီး ဂိုးသြင္း အမ်ားဆုံး ကစားသမား အျဖစ္ ရပ္တည္ေနသူတစ္ဦးပါ။ စတမ္းဖို႔ ဘရစ္ခ်္မွာ လီဗာပူးကိုရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာေတာ့သူ႔အေနနဲ႔ ဗန္ဒိုက္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ေရာက္ရွိခဲ့ရတယ္လို႔ ၎ကဝန္ခံ ေျပာၾကားသြားပါတယ္။

ေအာဗရာဟမ္ ကေျပာၾကားခဲ့ရာမွာေတာ့ ” သူဟာ တိုက္စစ္မႉးေတြ အတြက္ေတာ့ ဘီလူးတစ္ေကာင္လိုပါပဲ၊ သူရဲ႕ စြမ္းေဆာင္ရည္ေတြက လည္း အေတာ္ေလးကို ေကာင္းလြန္းသလို အေတြ႕အႀကဳံပိုင္းမွာ သူကေျပာစရာမလိုတဲ့ သူတစ္ေယာက္ေလ၊ သူနဲ႔ ေဘာလံုးယွဥ္လုတဲ့ အခါ ကၽြန္ေတာ္တက္ႏိုင္သေလာက္ႀကိဳးစားၾကည့္ပါေသးတယ္။ ကၽြန္ေတာ္တစ္ဖက္အသင္းရဲ႕ ခံစစ္ဇံုထဲမွာ ေရႊ႕လ်ားကစားေနရင္ ခံစစ္မႉးအခ်ိဳ႕က ဂ႐ုမစိုက္ၾကပါဘူး။ သူတို႔ဟာ ေဘာလုံးကိုသာ အာ႐ုံစိုက္ ေနၾကတာပါ။ဗန္ဒိုက္ကေတာ့ အာ့လို ကစားသမား မဟုတ္ပါဘူး။ က်ေနာ့္ကို အာ႐ုံစိုက္ထားသလို ၊ ေဘာလုံးရဲ႕ အေနအထားကိုလဲ အၿမဲအာ႐ုံ စိုက္ေနတာပါ။ က်ေနာ္ ဘယ္သြားမလဲ ၊ က်ေနာ္ဘယ္ေနရာမွာရွိေနလဲဆိုတာသူအကုန္သိပါတယ္။ က်ေနာ္ကိုလဲ အလြတ္ လုံးဝကိုအလြတ္ မေပးပါဘူး။ဒါဟာ တိုက္စစ္မႉးေတြ အတြက္ေတာ့ တကယ့္ကိုစိတ္ပ်က္စရာပါပဲ။ ” လို႔ ေအဘရာဟမ္ကဖြင့္ဟ သြားခဲ့ပါတယ္။

[unicode]

Daily Mail ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီး အသင်းရဲ့ လူငယ် တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ တွမ်မီ အေဘရာဟမ်ကတော့ သူ့အတွက် ရင်ဆိုင်ရအခက်ခဲဆုံး နောက်ခံလူဟာ လီဗာပူးလ် အသင်းက ဗန်ဒိုက်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အေဘရာဟမ်ဟာ လမ်းပက်ရဲ့ လက်အေက်မှာတောက်ပလာခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း ၈ ဂိုးအထိသွင်းယူထားပြီး ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေသူတစ်ဦးပါ။ စတမ်းဖို့ ဘရစ်ချ်မှာ လီဗာပူးကိုရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတော့သူ့အနေနဲ့ ဗန်ဒိုက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်ရှိခဲ့ရတယ်လို့ ၎င်းကဝန်ခံ ပြောကြားသွားပါတယ်။အောဗရာဟမ် ကပြောကြားခဲ့ရာမှာတော့ ” သူဟာ တိုက်စစ်မှူးတွေ အတွက်တော့ ဘီလူးတစ်ကောင်လိုပါပဲ၊ သူရဲ့ စွမ်းဆောင်ရည်တွေက လည်း အတော်လေးကို ကောင်းလွန်းသလို အတွေ့အကြုံပိုင်းမှာ သူကပြောစရာမလိုတဲ့ သူတစ်ယောက်လေ၊ သူနဲ့ ဘောလုံးယှဉ်လုတဲ့ အခါ ကျွန်တော်တက်နိုင်သလောက်ကြိုးစားကြည့်ပါသေးတယ်။ ကျွန်တော်တစ်ဖက်အသင်းရဲ့ ခံစစ်ဇုံထဲမှာ ရွှေ့လျားကစားနေရင် ခံစစ်မှူးအချို့က ဂရုမစိုက်ကြပါဘူး။ သူတို့ဟာ ဘောလုံးကိုသာ အာရုံစိုက် နေကြတာပါ။ဗန်ဒိုက်ကတော့ အာ့လို ကစားသမား မဟုတ်ပါဘူး။ ကျနော့်ကို အာရုံစိုက်ထားသလို ၊ ဘောလုံးရဲ့ အနေအထားကိုလဲ အမြဲအာရုံ စိုက်နေတာပါ။ ကျနော် ဘယ်သွားမလဲ ၊ ကျနော်ဘယ်နေရာမှာရှိနေလဲဆိုတာသူအကုန်သိပါတယ်။ ကျနော်ကိုလဲ အလွတ် လုံးဝကိုအလွတ် မပေးပါဘူး။ဒါဟာ တိုက်စစ်မှူးတွေ အတွက်တော့ တကယ့်ကိုစိတ်ပျက်စရာပါပဲ။ ” လို့ အေဘရာဟမ်ကဖွင့်ဟ သွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *