မန္ခ်က္စတာယူႏိုက္တက္ အသင္းကို ေျပာင္းေရႊ႕ဖို႔ ဘယ္တုန္းကမွ မစဥ္းစားခဲ့မိဘူးလို႔ ဒိုင္ဘာလာ ဖြင့္ဟ

Italy Serie A

မန္ခ်က္စတာယူႏိုက္တက္ အသင္းကို ေျပာင္းေရႊ႕ဖို႔ ဘယ္တုန္းကမွ မစဥ္းစားခဲ့မိဘူးလို႔ ဒိုင္ဘာလာ ဖြင့္ဟ
—————————-

ဂ်ဴဗင္တပ္စ္ အသင္းရဲ႕ တိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ဒိုင္ဘာလာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းနဲ႔ သတင္းေတြက်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚခဲ့ဘူးသူတစ္ေယာက္ဆိုတာ ပရိသတ္ေတြလည္းသတိထားမိၾကမွာပါ။ ဒိုင္ဘာလာ နဲ႔ လူကာကူ တို႔ရဲ႕ အေျပာင္းအေရႊ႕ပံုျပင္က ၿပီးခဲ့တဲ့ ေစ်းကြက္ထဲတင္ၿပီးဆံုးသြားခဲ့ေပမယ့္ အဆိုပါ အာဂ်င္တိုင္းသားကေတာ့ သူဟာ ဘယ္တုန္းကမွ မန္ခ်က္စတာယူႏိုက္တက္ အသင္းကို ေျပာင္းေရႊ႕ဖို႔ မစဥ္းစားခဲ့ဘူးဆိုတဲ့အေၾကာင္းကို Metro ကေဖာ္ျပသြားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ဒိုင္ဘာလာ ဟာ နည္းျပသစ္ ဆာရီ ရဲ႕လက္ထက္ ဂ်ဴဗင္တပ္စ္ အသင္းမွာ ပြဲထြက္ခြင့္ ရရွိလာခဲ့သူျဖစ္ၿပီး အင္တာမီလန္ အသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာလည္း အသင္းအတြက္ သြင္းဂိုးတစ္ဂိုး သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။ ဒိုင္ဘာလာ ကေျပာၾကားခဲ့ရာမွာေတာ့ ကၽြန္ေတာ္ အတြက္ ၿပီးခဲ့တဲ့ ေႏြရာသီက သိပ္ကိုခက္ခဲတဲ့ အခ်ိန္ကာလတစ္ခုပါ။ ကိုယ္မေျပာင္းေရႊ႕ခ်င္တဲ့ အသင္းေတြက ကိုယ့္ကို ခ်ိတ္ဆက္လာတာမ်ိဴးေတြက ကၽြန္ေတာ္အတြက္ သိပ္မေကာင္းလွပါဘူး။ အေျပာင္းအေရႊ႕ မပိတ္ခင္ကတည္းက ဂ်ဴဗီမွာ ဆက္ေနခ်င္တဲ့အေၾကာင္ ကၽြန္ေတာ္ေျပာခဲ့ၿပီးသားပါ။ ကၽြန္ေတာ္ ဆက္ေနခ်င္တဲ့အေၾကာင္း အင္တာဗ်ဴးမွာ ေျပာခဲ့ၿပီးေနာက္ပိုင္း ကၽြန္ေတာ္ ဘာမွထပ္မေျပာေတာ့ပါဘူး။ တစ္ခ်ိဴ႕အရာေတြကို လ်စ္လ်ဴရႈၿပီး ဒီမွာပဲ ကစားသမားဘ၀ ဆက္နိုင္ဖို႔ ႀကိဳးစားသြာမွာပါ”လို႔ ဒိုင္ဘာလာက ေျပာၾကားသြားခဲ့ပါတယ္။

[unicode]

ဂျူဗင်တပ်စ် အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဒိုင်ဘာလာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ဘူးသူတစ်ယောက်ဆိုတာ ပရိသတ်တွေလည်းသတိထားမိကြမှာပါ။ ဒိုင်ဘာလာ နဲ့ လူကာကူ တို့ရဲ့ အပြောင်းအရွှေ့ပုံပြင်က ပြီးခဲ့တဲ့ ဈေးကွက်ထဲတင်ပြီးဆုံးသွားခဲ့ပေမယ့် အဆိုပါ အာဂျင်တိုင်းသားကတော့ သူဟာ ဘယ်တုန်းကမှ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့ မစဉ်းစားခဲ့ဘူးဆိုတဲ့အကြောင်းကို Metro ကဖော်ပြသွားခဲ့ပါတယ်။လက်ရှိအချိန်မှာ ဒိုင်ဘာလာ ဟာ နည်းပြသစ် ဆာရီ ရဲ့လက်ထက် ဂျူဗင်တပ်စ် အသင်းမှာ ပွဲထွက်ခွင့် ရရှိလာခဲ့သူဖြစ်ပြီး အင်တာမီလန် အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒိုင်ဘာလာ ကပြောကြားခဲ့ရာမှာတော့ ကျွန်တော် အတွက် ပြီးခဲ့တဲ့ နွေရာသီက သိပ်ကိုခက်ခဲတဲ့ အချိန်ကာလတစ်ခုပါ။ ကိုယ်မပြောင်းရွှေ့ချင်တဲ့ အသင်းတွေက ကိုယ့်ကို ချိတ်ဆက်လာတာမျိူးတွေက ကျွန်တော်အတွက် သိပ်မကောင်းလှပါဘူး။ အပြောင်းအရွှေ့ မပိတ်ခင်ကတည်းက ဂျူဗီမှာ ဆက်နေချင်တဲ့အကြောင် ကျွန်တော်ပြောခဲ့ပြီးသားပါ။ ကျွန်တော် ဆက်နေချင်တဲ့အကြောင်း အင်တာဗျူးမှာ ပြောခဲ့ပြီးနောက်ပိုင်း ကျွန်တော် ဘာမှထပ်မပြောတော့ပါဘူး။ တစ်ချိူ့အရာတွေကို လျစ်လျူရှုပြီး ဒီမှာပဲ ကစားသမားဘ၀ ဆက်နိုင်ဖို့ ကြိုးစားသွာမှာပါ”လို့ ဒိုင်ဘာလာက ပြောကြားသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *