နည္းျပဆိုးလ္ရွားေနရာမွာ ေရရွည္အစားထိုးဖို႔ နယ္ဂ်ာလ္မန္းကို အနီးကပ္ေစာင့္ၾကည့္မႈေတြျပဳလုပ္ေနတဲ့ ယူႏိုက္တက္

Premier League

နည္းျပဆိုးလ္ရွားေနရာမွာ ေရရွည္အစားထိုးဖို႔ နယ္ဂ်ာလ္မန္းကို အနီးကပ္ေစာင့္ၾကည့္မႈေတြျပဳလုပ္ေနတဲ့ ယူႏိုက္တက္
———————————-

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ အသင္းကို ရလဒ္ေကာင္းေအာင္ စြမ္းေဆာင္ႏိုင္ျခင္းမရွိတဲ့ နည္းျပဆိုးလ္ရွားေနရာမွာ ေရရွည္အစားထိုးဖို႔ ဘြန္ဒက္စ္လီဂါ ကလပ္ လိုက္ဇစ္ အသင္းနည္းျပ နယ္ဂ်ာလ္မန္းကို အနီးကပ္ေစာင့္ၾကည့္မႈေတြျပဳလုပ္ေနတယ္လို႔ Daily Mail ကေဖာ္ျပသြားခဲ့ပါတယ္။ နယ္ဂ်ာလ္မန္း ဟာ ေဟာ့ဖာဟိန္းအသင္းကို တန္းဆင္းဇုန္ကလြတ္ေျမာက္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သလို ၂၀၁၆-၂၀၁၇ နဲ႔ ၂၀၁၇ – ၂၀၁၈ ရာသီေတြမွာ ခ်န္ပီယံလိဂ္၀င္ခြင့္ ရရွိေအာင္စြမ္းေဆာင္ေပးထားခဲ့တဲ့ လူငယ္နည္းျပတစ္ဦးလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ အဆိုပါ ဂ်ာမန္သားကို လတ္တေလာ အစားထိုးမႈ မျပဳလုပ္ေသးဘူးလို႔ သိရၿပီး ရာသီကုန္မွာ ေခၚယူသြားဖို႔ စီစဥ္ထားတယ္လို႔သိရပါတယ္။ နယ္ဂ်ာလ္မန္း ဟာ ေဟာ့ဖာဟိန္း နည္းျပဘ၀မွာ ဂ်ာမန္ အင္အားႀကီးကလပ္ ဘိုင္ယန္ျမဴးနစ္ အသင္းရဲ႕ ကမ္းလွမ္းမႈကိုေတာင္ျငင္းဆန္ထားခဲ့ဘူးသူျဖစ္ၿပီး ၎ဟာ ငယ္ရြယ္ထက္ျမက္သူတစ္ဦးျဖစ္ၿပီးေဘာလံုး ကၽြမ္းက်င္သံုးသပ္သူေတြကေတာ့ နယ္ဂ်ာလ္မန္း ကို ေမာ္ရင္ဟို လက္သစ္ေလး လို႔ တင္စားေခၚေ၀ၚေနၾကတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ အ သင္းနည္းျပဆိုးလ္ရွားအတြက္ေတာ့ နယူးကာဆယ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဖိအားေတြနဲ႔ ရင္ဆိုင္ေနခဲ့ရတာျဖစ္လို႔ လာမယ့္ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းေတြျပန္လည္ရရွိေအာင္စြမ္းဆာင္ သြားရေတာ့မွာျဖစ္ပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက် အသင်းဟာ အသင်းကို ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခြင်းမရှိတဲ့ နည်းပြဆိုးလ်ရှားနေရာမှာ ရေရှည်အစားထိုးဖို့ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ဇစ် အသင်းနည်းပြ နယ်ဂျာလ်မန်းကို အနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ Daily Mail ကဖော်ပြသွားခဲ့ပါတယ်။ နယ်ဂျာလ်မန်း ဟာ ဟော့ဖာဟိန်းအသင်းကို တန်းဆင်းဇုန်ကလွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ၂၀၁၆-၂၀၁၇ နဲ့ ၂၀၁၇ – ၂၀၁၈ ရာသီတွေမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင်စွမ်းဆောင်ပေးထားခဲ့တဲ့ လူငယ်နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ အဆိုပါ ဂျာမန်သားကို လတ်တလော အစားထိုးမှု မပြုလုပ်သေးဘူးလို့ သိရပြီး ရာသီကုန်မှာ ခေါ်ယူသွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ နယ်ဂျာလ်မန်း ဟာ ဟော့ဖာဟိန်း နည်းပြဘဝမှာ ဂျာမန် အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ် အသင်းရဲ့ ကမ်းလှမ်းမှုကိုတောင်ငြင်းဆန်ထားခဲ့ဘူးသူဖြစ်ပြီး ၎င်းဟာ ငယ်ရွယ်ထက်မြက်သူတစ်ဦးဖြစ်ပြီးဘောလုံး ကျွမ်းကျင်သုံးသပ်သူတွေကတော့ နယ်ဂျာလ်မန်း ကို မော်ရင်ဟို လက်သစ်လေး လို့ တင်စားခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အ သင်းနည်းပြဆိုးလ်ရှားအတွက်တော့ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်လို့ လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေပြန်လည်ရရှိအောင်စွမ်းဆာင် သွားရတော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *