သူ႔စံခ်ိန္ကို ကေလာ့ပ္ လိုက္မမီွလို႔ ၀မ္းသာေၾကာင္းနဲ႔ လီဗာပူးလ္ ရုန္းကန္ေနရတဲ့ အခ်က္တစ္ခ်က္ကို ေမာ္ရင္ဟို ေထာက္ျပေျပာဆို

Premier League

သူ႔စံခ်ိန္ကို ကေလာ့ပ္ လိုက္မမီွလို႔ ၀မ္းသာေၾကာင္းနဲ႔ လီဗာပူးလ္ ရုန္းကန္ေနရတဲ့ အခ်က္တစ္ခ်က္ကို ေမာ္ရင္ဟို ေထာက္ျပေျပာဆို
————————————

မန္ခ်က္စတာယူႏိုက္တက္ နဲ႔ လီဗာပူးလ္ အသင္းရဲ႕ ပြဲစဥ္ကေတာ့ ၁ – ၁ ဂိုး နဲ႔ ၿပီးဆံုးသြားခဲ့ပါၿပီ၊ ဒီအခ်ိန္မွာ မန္ခ်က္စတာယူႏိုကတက္ အသင္းနည္းျပေဟာင္း ေမာ္ရင္ဟို ကေတာ့ လီဗာပူးလ္န္ည္းျပ ကေလာ့ ဟာ သူ႔စံခ်ိန္ကို လိုက္မမီွခဲ့တဲ့ အတြက္ အမွန္တစ္ကယ္ေပ်ာ္ရႊင္ရေၾကာင္း ထုတ္ေဖာ္ေျပာဆုိလိုက္ပါတယ္။ ေမာ္ရင္ဟိုဟာ ၂၀၀၅-၀၆ ရာသီက ခ်ယ္လ္ဆီးအသင္းႏွင့္အတူ ရာသီအဖြင့္(၉)ပြဲဆက္အနိုင္ရသည့္စံခ်ိန္ကို တင္ရွိခဲ့ထားခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ဟို က မန္ယူအသင္း ခံစစ္အသားျပဳကစားဟန္ကို ကေလာ့ပ္ ေ၀ဖန္ခဲ့တာနဲ႔ ပတ္သက္လို႔ ”ယူနိုက္တက္ဟာ ေနာက္တန္းမွာ (၅)ေယာက္ထားကစားခဲ့လို႔ ခံစစ္က ခိုင္မာေတာင့္တင္းပါတယ္။ လီဗာပူးလ္ အသင္းကေတာ့ ခံစစ္ပိတ္ ကစားတဲ့ အသင္းနဲ႔ ဆိုရင္ သူတို႔ ရုန္းကန္ရေလ့ရွိပါတယ္၊ ယာဂန္ဟာ ဒါနဲ႔ပတ္သက္ၿပီး မခ်င့္မရဲျဖစ္ခဲ့တာ ေသခ်ာပါတယ္။ သူ႔ရဲ့အသင္းက အလြန္ေကာင္းတဲ့အသင္းပါ။ ဒါေပမဲ့ အိုးလ္ထရက္ဖို႔ဒ္မွာ သူ အနိုင္ရေအာင္ မလုပ္နိုင္ခဲ့ဖူးပါဘူး”ဟု ေမာ္ရင္ဟိုက သုံးသပ္ခဲ့သည္။လီဗာပူးလ္အသင္းသည္ ဒီပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈ (၆၈-၃၂%)ျဖင့္ အသာစီးရခဲ့ၿပီး ဂိုးကန္သြင္းခြင့္၊ ဂိုးေပါက္ၿခိမ္းေျခာက္မႈမ်ားမွာ မန္ယူအသင္းထက္ သာလြန္ခဲ့တာျဖစ္ပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူးလ် အသင်းရဲ့ ပွဲစဉ်ကတော့ ၁ – ၁ ဂိုး နဲ့ ပြီးဆုံးသွားခဲ့ပါပြီ၊ ဒီအချိန်မှာ မန်ချက်စတာယူနိုကတက် အသင်းနည်းပြဟောင်း မော်ရင်ဟို ကတော့ လီဗာပူးလ်န်ည်းပြ ကလော့ ဟာ သူ့စံချိန်ကို လိုက်မမှီခဲ့တဲ့ အတွက် အမှန်တစ်ကယ်ပျော်ရွှင်ရကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မော်ရင်ဟိုဟာ ၂၀၀၅-၀၆ ရာသီက ချယ်လ်ဆီးအသင်းနှင့်အတူ ရာသီအဖွင့်(၉)ပွဲဆက်အနိုင်ရသည့်စံချိန်ကို တင်ရှိခဲ့ထားခဲ့တာဖြစ်ပါတယ်။မော်ရင်ဟို က မန်ယူအသင်း ခံစစ်အသားပြုကစားဟန်ကို ကလော့ပ် ဝေဖန်ခဲ့တာနဲ့ ပတ်သက်လို့ ”ယူနိုက်တက်ဟာ နောက်တန်းမှာ (၅)ယောက်ထားကစားခဲ့လို့ ခံစစ်က ခိုင်မာတောင့်တင်းပါတယ်။ လီဗာပူးလ် အသင်းကတော့ ခံစစ်ပိတ် ကစားတဲ့ အသင်းနဲ့ ဆိုရင် သူတို့ ရုန်းကန်ရလေ့ရှိပါတယ်၊ ယာဂန်ဟာ ဒါနဲ့ပတ်သက်ပြီး မချင့်မရဲဖြစ်ခဲ့တာ သေချာပါတယ်။ သူ့ရဲ့အသင်းက အလွန်ကောင်းတဲ့အသင်းပါ။ ဒါပေမဲ့ အိုးလ်ထရက်ဖို့ဒ်မှာ သူ အနိုင်ရအောင် မလုပ်နိုင်ခဲ့ဖူးပါဘူး”ဟု မော်ရင်ဟိုက သုံးသပ်ခဲ့သည်။လီဗာပူးလ်အသင်းသည် ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၆၈-၃၂%)ဖြင့် အသာစီးရခဲ့ပြီး ဂိုးကန်သွင်းခွင့်၊ ဂိုးပေါက်ခြိမ်းခြောက်မှုများမှာ မန်ယူအသင်းထက် သာလွန်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *