စပါးအသင္းေရာက္ေရာက္ခ်င္းမွာပဲ ဥေရာပရဲ႕ ဒိတ္ဒိတ္ႀကဲကစားသမား(၅)ဦးကို ဇန္န၀ါရီမွာ ေခၚယူဖို႔ပစ္မွတ္ထားေနတဲ့ ေမာ္ရင္ဟို

Premier League

စပါးအသင္းေရာက္ေရာက္ခ်င္းမွာပဲ ဥေရာပရဲ႕ ဒိတ္ဒိတ္ႀကဲကစားသမား(၅)ဦးကို ဇန္န၀ါရီမွာ ေခၚယူဖို႔ပစ္မွတ္ထားေနတဲ့ ေမာ္ရင္ဟို
———————————

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ ပူပူေႏြးေႏြး နည္းျပသစ္ ေမာ္ရင္ဟိုကေတာ့ လာမယ့္ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ ကစားသမား (၅)ဦးထိေခၚယူဖို႔ ပစ္မွတ္ထားေနတယ္လို႔သိရပါတယ္။ ေမာ္ရင္ဟိုေခၚယူခ်င္တဲ့ ကစားသမားေတြဟာ ဥေရာပရဲ႕ ဒိတ္ဒိတ္ႀကဲကစားသမားေတြျဖစ္ေနၿပီး စပါး အသင္းက ဒီကစားသမားေတြကို ေခၚယူေပးႏိုင္မွာလားဆိုတာကေတာ့ စိတ္၀င္စားစရာေကာင္းေနပါတယ္။ ဥေရာပရဲ႕ နာမည္ေက်ာ္နည္းျပေတြထဲမွာ ကစားသမားေခၚယူမႈ အသံုးစရိတ္ အမ်ားဆံုး နည္းျပတစ္ဦးအျဖစ္ထိပ္ဆံုးကရပ္တည္ေနတဲ့ ေမာ္ရင္ဟိုတစ္ေယာက္ စပါးအသင္းမွာလည္း သူေခၚယူခ်င္တဲ့ကစားသမားေတြ ကို ေခၚယူသြားႏိုင္မလားဆိုတာကေတာ့ ဇန္န၀ါရီမွာ အေျဖေပၚမွာျဖစ္ပါတယ္။

ေမာ္ရင္ဟို ေခၚယူခ်င္ေနတဲ့ ကစားသမား (၅)ဦးကေတာ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အနာဂတ္ မေရမရာျဖစ္ေနတဲ့ ဂါရက္ေဘးလ္၊ ဂ်ဴဗင္တပ္စ္ အသင္းရဲ႕ တိုက္စစ္မွဴး ေပၚလိုဒိုင္ဘာလာ၊ စပို႔တင္းလစၥဘြန္းအသင္းရဲ႕ ကြင္းလယ္ကစားသမား ဘရူႏိုဖာနန္ဒက္စ္၊ နာပိုလီ အသင္းရဲ႕ အဓိက ေနာက္ခံကစားသမားတစ္ဦးျဖစ္တဲ့ ကူလီဘာေလ၊ ဘုန္းေမာက္အသင္းရဲ႕ လူငယ္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ေနသန္အကီ တို႔ပဲျဖစ္ပါတယ္။ ဒီကစားသမားေတြ႔ ရဲ႕ တန္ေၾကးကျမင့္မားေနသလို ေခၚယူဖို႔ဆိုတာလည္း ခက္ခဲဖြယ္ရွိေနတဲ့အတြက္ ေမာ္ရင္ဟို ရဲ႕ ဆႏၵကို စပါးအသင္းျဖည့္ဆည္းေပးလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

[unicode]

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ပူပူနွေးနွေး နည်းပြသစ် မော်ရင်ဟိုကတော့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ က စားသမား (၅)ဦးထိခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ မော်ရင်ဟိုခေါ်ယူချင်တဲ့ ကစားသမားတွေဟာ ဥရောပရဲ့ ဒိတ်ဒိတ်ကြဲကစားသမားတွေဖြစ်နေပြီး စပါး အသင်းက ဒီကစားသမားတွေကို ခေါ်ယူပေးနိုင်မှာလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဥရောပရဲ့ နာမည်ကျော်နည်းပြတွေထဲမှာ ကစားသမားခေါ်ယူမှု အသုံးစရိတ် အများဆုံး နည်းပြတစ်ဦးအဖြစ်ထိပ်ဆုံးကရပ်တည်နေတဲ့ မော်ရင်ဟိုတစ်ယောက် စပါးအသင်းမှာလည်း သူခေါ်ယူချင်တဲ့ကစားသမားတွေ ကို ခေါ်ယူသွားနိုင်မလားဆိုတာကတော့ ဇန်နဝါရီမှာ အဖြေပေါ်မှာဖြစ်ပါတယ်။

မော်ရင်ဟို ခေါ်ယူချင်နေတဲ့ ကစားသမား (၅)ဦးကတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အနာဂတ် မရေမရာဖြစ်နေတဲ့ ဂါရက်ဘေးလ်၊ ဂျူဗင်တပ်စ် အသင်းရဲ့ တိုက်စစ်မှူး ပေါ်လိုဒိုင်ဘာလာ၊ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်၊ နာပိုလီ အသင်းရဲ့ အဓိက နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ ကူလီဘာလေ၊ ဘုန်းမောက်အသင်းရဲ့ လူငယ်နောက်ခံလူတစ်ဦးဖြစ်တဲ့ နေသန်အကီ တို့ပဲဖြစ်ပါတယ်။ ဒီကစားသမားတွေ့ ရဲ့ တန်ကြေးကမြင့်မားနေသလို ခေါ်ယူဖို့ဆိုတာလည်း ခက်ခဲဖွယ်ရှိနေတဲ့အ တွက် မော်ရင်ဟို ရဲ့ ဆန္ဒကို စပါးအသင်းဖြည့်ဆည်းပေးလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *