ပရီးမီးယားလိဂ္မွာ တင္ရွိထားတဲ့ မွတ္တမ္းေကာင္းတစ္ခုကို ဆက္ထိန္းထားႏိုင္မွာလား ေမာ္ရင္ဟို

Premier League

ပရီးမီးယားလိဂ္မွာ တင္ရွိထားတဲ့ မွတ္တမ္းေကာင္းတစ္ခုကို ဆက္ထိန္းထားႏိုင္မွာလား ေမာ္ရင္ဟို
————————————-

စပါးအသင္းရဲ႕ နည္းျပသစ္ ေမာ္ရင္ဟို ဟာ ပရီးမီးယားလိဂ္ ကလပ္ေတြကို ကိုင္တြယ္ခဲ့ရာမွာ မွတ္တမ္းေကာင္းတစ္ခုကို ပိုင္ဆိုင္ထားခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါမွတ္တမ္းကေတာ့ ေမာ္ရင္ဟို ဟာ နည္းျပသစ္တစ္ဦးအျဖစ္အသင္းတစ္သင္းကို စတင္ကိုင္တြယ္ရတဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္တိုင္းကို အႏိုင္ရရွိေအာင္စြမ္းေဆာင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ေမာ္ရင္ဟို ဟာ ပရီးမီးယားလိဂ္ ကလပ္ေတြျဖစ္တဲ့ ခ်ယ္လ္ဆီး အသင္းကို ႏွစ္ႀကိမ္၊ မန္ယူအသင္းစတဲ့ အသင္းေတြကို ကိုင္တြယ္ခဲ့စဥ္မွာ အဖြင့္ပြဲစဥ္တိုင္းကို အႏိုင္ရရွိေအာင္စြမ္းေဆာင္ထားနိုင္တာကိုေတြ႔ရပါတယ္။

ေမာ္ရင္ဟို ဟာ ခ်ယ္လ္ဆီးအသင္းကို ပထမအႀကိမ္ကိုင္တြယ္စဥ္ ပထမဆုံးပရီးမီးယားလိဂ္ပြဲစဥ္၌ မန္ယူအသင္းကို ၁-၀ ဂိုးျဖင့္ အနိုင္ရရွိခဲ့သလို ဒုတိယအႀကိမ္ကိုင္တြယ္ခဲ့ရာမွာလည္း ဟားလ္စီးတီးအသင္းကို ၂-၀ ဂိုးျဖင့္ အနိုင္ရရွိေအာင္စြမ္းေဆာင္ထားႏိုင္ခဲ့ပါတယ္။ အဲ့ ေနာက္ မန္ခ်က္စတာယူႏိုက္တက္ အသင္းကို ကိုင္တြယ္ခဲ့စဥ္မွာလည္း ဘုန္းေမာက္အသင္းကို ၃-၁ ဂိုးျဖင့္ အနိုင္ရရွိေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္မို႔ စပါး အသင္းနည္းျပအျဖစ္ ပထမဆံုး ပြဲစဥ္ကို ၀က္စ္ဟမ္း အသင္းနဲ႔ ရင္ဆိုင္ကစားရမွာျဖစ္လို႔ အရင္ ပိုင္ဆိုင္ထားတဲ့ မွတ္တမ္းေကာင္းေတြကို ဆက္ၿပီးထိန္းသိမ္းထားႏိုင္မလားဆိုတာကိုေတာ့ ၂၃ရက္ေန႔ စေနေန႔ ျမန္မာစံေတာ္ခ်ိန္ ၇နာရီမွာ ေစာင့္ၾကည့္ၾကပါစို႔။

[unicode]

စပါးအသင်းရဲ့ နည်းပြသစ် မော်ရင်ဟို ဟာ ပရီးမီးယားလိဂ် ကလပ်တွေကို ကိုင်တွယ်ခဲ့ရာမှာ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါမှတ်တမ်းကတော့ မော်ရင်ဟို ဟာ နည်းပြသစ်တစ်ဦးအဖြစ်အသင်းတစ်သင်းကို စတင်ကိုင်တွယ်ရတဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တိုင်းကို အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟို ဟာ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီး အသင်းကို နှစ်ကြိမ်၊ မန်ယူအသင်းစတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့စဉ်မှာ အဖွင့်ပွဲစဉ်တိုင်းကို အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တာကိုတွေ့ရပါတယ်။

မော်ရင်ဟို ဟာ ချယ်လ်ဆီးအသင်းကို ပထမအကြိမ်ကိုင်တွယ်စဉ် ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်၌ မန်ယူအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို ဒုတိယအကြိမ်ကိုင်တွယ်ခဲ့ရာမှာလည်း ဟားလ်စီးတီးအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အဲ့နောက် မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့စဉ်မှာလည်း ဘုန်းမောက်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ စပါး အသင်းနည်းပြအဖြစ် ပထမဆုံး ပွဲစဉ်ကို ဝက်စ်ဟမ်း အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်လို့ အရင် ပိုင်ဆိုင်ထားတဲ့ မှတ်တမ်းကောင်းတွေကို ဆက်ပြီးထိန်းသိမ်းထားနိုင်မလားဆိုတာကိုတော့ ၂၃ရက်နေ့ စနေနေ့ မြန်မာစံတော်ချိန် ၇နာရီမှာ စောင့်ကြည့်ကြပါစို့။

Leave a Reply

Your email address will not be published. Required fields are marked *