ရှက်ဖီး အသင်းနဲ့ ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းပရိသတ်တွေအတွက် အားတက်စရာ သတင်းကောင်း
Premier League
ရှက်ဖီး အသင်းနဲ့ ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းပရိသတ်တွေအတွက် အားတက်စရာ သတင်းကောင်း
—————————-
[unicode]
မန်ချက်စတာယူနိုက်တက် အသင်းပရိသတ်တွေအတွက် အားတက်စရာသတင်းကောင်းတစ်ခုဖြစ် အဓိက ကစားသမား ၆ဦးလောက်ဟာ ရှက်ဖီးယူနိုက်တ်က်နဲ့ပွဲမတိုင်ခင် ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာခဲ့ပြီဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ ဒဏ်ရာကနေပြန်လည်သက်သာလာတဲ့ အဆိုပါ ကစားသမားတွေကတော့ မာတစ်၊ ဒါလော့၊ ဖော်ဆူမန်ဆက် ၊ ဘိုင်လီ၊ လုခ်ရှော၊ တွမ်ဇွမ်ဘီ တို့ ဖြစ်တယ်လို့ သိရပါတယ်။ ရှက်ဖီးယူနိုက်တက်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ဒီကစားသမားတွေကို မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။
ဘိုင်လီ၊ ဖော်ဆူမန်ဆက် နဲ့ ဒါလော့တို့ကတော့ လေ့ကျင့်ရေးကွင်းမှာ ပြန်လေ့ကျင့်နိုင်ပြီဖြစ်ပေမဲ့ သီးခြားစီသာ လေ့ကျင့်နိုင်သေးတယ်လို့ အသင်းက အတည်ပြုခဲ့ပါတယ်။ဘရိုက်တန်နဲ့ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့တဲ့ အက်ရှ်လေယန်းဟာလည်း လေ့ကျင့်ခန်းပြန်ဆင်းနေတာကိုတွေ့ရပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းကတော့ လက်ရှိမှာတော့ အဆင့်၄နေရာနဲ့ ၉မှတ်အထိ ကွာဟနေပြီး ရှက်ဖီးယူနိုက်တက်က အဆင့်၅နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *