အာဆင်နယ်လေ့ကျင့်ရေးကွင်းကို သွားရောက်ခဲ့တာကြောင့် စိတ်ဝင်စားစရာကောင်းလာတဲ့ ဟာလန်း ရဲ့ အပြောင်းအရွှေ့
————————————
[unicode]
ရက်ဘူးလ်ဆားလ်ဘတ် အသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်း ဟာ အာဆင်နယ် အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လာရော က်လည်ပတ်တယ်ဆိုတဲ့ သတင်းကို 90 minutes ကဖော်ပြသွားခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းနဲ့ ဟာလန်း တို့ရဲ့ သတ င်းတွေကလည်း လုှုပ်ခက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာလန်းကို ဥရောပအသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ် ၊ ဘာစီလိုနာအစရှိတဲ့ အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်တစားစောင့်ကြည့်နေတယ်လို့သိရပါတယ်။
အသက် ၁၉နှစ်အရွယ် ဟာလန်းကတော့ ဆားလ်ဘတ် အသင်းအတွက် ပြိုင်ပွဲစုံ ၁၈ပွဲကစားပြီး ၂၆ ဂိုး သွင်းယူထားနိုင်တဲ့ အထိခြေစွမ်းပြကစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဟာလန်း ဟာ ဥရောပချန်ပီယံလိဂ်မှာ လည်း သွင်းဂိုး ၇ ဂိုးသွင်းယူထားပြီး ဂိုးသွင်းစာ ရင်းကို ဦး ဆောင်နေသူဖြစ်သလို ဒီရာသီသွင်းဂိုးတွေထဲမှာ ဟက်ထရစ် ၅ကြိမ်ထိသွင်းယူထားသူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင် းအတွင်းကလည်း ဟာလန်းရဲ့ အဖေဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို သွားရောက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ထားပြီး အခုအခါမှာတော့ ဟာလန်း တစ်ယောက် အာဆင်နယ် အသင်းကို သွားရောက်ခဲ့တဲ့သ တင်းကြောင့် ဟာလန်းရဲ့ အပြောင်းအရွှေ့က စိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။