ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ခံစစ္မွဴးေတြကို သတိေပးေျပာဆိုမႈေတြျပဳလုပ္သြားခဲ့တဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္

Premier League

ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ခံစစ္မွဴးေတြကို သတိေပးေျပာဆိုမႈေတြျပဳလုပ္သြားခဲ့တဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္
————————-

မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ႕ တိုက္စစ္မႉး တစ္ဦးျဖစ္တဲ့ မားကပ္စ္ရက္ရွ္ဖို႔ဒ္ကေတာ့ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ခံစစ္မွဴးေတြကို သတိေပးေျပာဆိုမႈေတြျပဳလုပ္သြားခဲ့ပါတယ္။ ၎ဟာ လက္ရွိအခ်ိန္မွာ အဂၤလန္ အသင္းနဲ႔တူ ယူရို ၂၀၂၀ ပြဲစဥ္ေတြမွာ သြင္းဂိုးေတြေတာက္ေလ်ာက္သြင္းယူေနသူတစ္ဦးလည္းျဖစ္ၿပီး ကလပ္နဲ႔ နိုင္ငံအသင္းအတြက္ ေနာက္ဆုံး (၁၀) ပြဲမွာ( ၉) ဂိုးအထိ သြင္းယူထားခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္က သူ႔အေနနဲ႔ လာမယ့္ႏွစ္ေတြမွာ လက္ရွိထက္ သြင္းဂိုးသြင္းယူႏိုင္မယ္လို႔ ယံုၾကည္ေနတာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ ကေျပာၾကားခဲ့ရာမွာေတာ့” လက္ရွိ ကၽြန္ေတာ္သြင္းဂိုးေတြသြင္းယူေနေပမယ့္ ကၽြန္ေတာ္အတြက္ အေကာင္းဆံုး အခ်ိန္ေတာ့မဟုတ္ေသးပါဘူး၊ လာမယ့္ႏွစ္ေတြမွာ ကၽြန္ေတာ္ရဲ႕ ေကာင္းဆံုးအခ်ိန္ေတြကို ျဖတ္သန္းႏိုင္ေတာ့မွာပါ၊ ”ကၽြန္ေတာ္ အဲဒီလိုအခ်ိန္ေတြကို မေစာင့္နိုင္ေတာ့ေအာင္ ျဖစ္ေနၿပီး အခုအခ်ိန္ကတည္းက တိုးတက္ေအာင္ ႀကိဳးစားေနပါတယ္”လို႔ ေျပာဆိုသြားခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ အသင္းကေတာ့ လာမယ့္ တနဂၤေႏြေန႔မွာ ရွက္ဖီးယူႏိုက္အသင္းနဲ႔ ကစားသြားရမွာျဖစ္ပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက်ခံစစ်မှူးတွေကို သတိပေးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ ၎င်းဟာ လက်ရှိအချိန်မှာ အင်္ဂလန် အသင်းနဲ့တူ ယူရို ၂၀၂၀ ပွဲစဉ်တွေမှာ သွင်းဂိုးတွေတောက်လျောက်သွင်းယူနေသူတစ်ဦးလည်းဖြစ်ပြီး ကလပ်နဲ့ နိုင်ငံအသင်းအတွက် နောက်ဆုံး (၁၀) ပွဲမှာ( ၉) ဂိုးအထိ သွင်းယူထားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်က သူ့အနေနဲ့ လာမယ့်နှစ်တွေမှာ လက်ရှိထက် သွင်းဂိုးသွင်းယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ် ကပြောကြားခဲ့ရာမှာတော့” လက်ရှိ ကျွန်တော်သွင်းဂိုးတွေသွင်းယူနေပေမယ့် ကျွန်တော်အတွက် အကောင်းဆုံး အချိန်တော့မဟုတ်သေးပါဘူး၊ လာမယ့်နှစ်တွေမှာ ကျွန်တော်ရဲ့ ကောင်းဆုံးအချိန်တွေကို ဖြတ်သန်းနိုင်တော့မှာပါ၊ ”ကျွန်တော် အဲဒီလိုအချိန်တွေကို မစောင့်နိုင်တော့အောင် ဖြစ်နေပြီး အခုအချိန်ကတည်းက တိုးတက်အောင် ကြိုးစားနေပါတယ်”လို့ ပြောဆိုသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ရှက်ဖီးယူနိုက်အသင်းနဲ့ ကစားသွားရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *