ဘ႐ုဂ်က္နဲ႔ ၁-၁ သေရက်တဲ့ ပြဲစဥ္က ဘရူႏိုဖာနန္ဒက္စ္ရဲ႕ ေျခစြမ္းကို ထုတ္ေဖာ္ခ်ီးက်ဴးလိုက္တဲ့ ဗန္ပါစီ

Premier League

ဘ႐ုဂ်က္နဲ႔ ၁-၁ သေရက်တဲ့ ပြဲစဥ္က ဘရူႏိုဖာနန္ဒက္စ္ရဲ႕ ေျခစြမ္းကို ထုတ္ေဖာ္ခ်ီးက်ဴးလိုက္တဲ့ ဗန္ပါစီ
———————–

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ မေန႔ညက ယူရိုပါလိဂ္ပြဲစဥ္အျဖစ္ ဘ႐ုဂ်က္နဲ႔ ၁-၁ သေရက်တဲ့ ပြဲစဥ္မွာ လူစား၀င္ကစားသမားအျဖစ္နဲ႔ ကစားေပးခဲ့တဲ့ ဘရိုႏိုဖာနန္ဒက္စ္ရဲ႕ ေျခစြမ္းနဲ႔ ပတ္သက္ၿပီး ထုတ္ေဖာ္ခ်ီးက်ဴးမႈေတြျပဳလုပ္သြားခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ယူ ႏိုက္တက္ အတြက္ ၃ပြဲေျမာက္ကစားေပးခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ ၈၁ မိနစ္ေရာက္မွ ဒီေယဂိုဒါေလာ့ရဲ့ေနရာမွာ လူစားလဲ ဝင္ေရာက္ကစားေပးခဲ့တာလည္းျဖစ္ပါတယ္။ ဖာနန္ဒက္စ္၀င္ေရာက္လာခဲ့တဲ့ေနာက္ပိုင္းမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပိုမိုတိုက္စစ္ဆင္ကစားႏိုင္ခဲ့တာျဖစ္ၿပီး လူစားလဲ ဝင္ေရာက္ခဲ့ေပမဲ့လည္း ကစားခြင့္ရတဲ့ အခ်ိန္ေလးအတြင္းမွာ အေကာင္းဆုံး ေျခစြမ္းျပခဲ့တာေၾကာင့္ သရဲနီတိုက္စစ္မႉးေဟာင္း ေရာ္ဘင္ဗန္ပါစီက ဖာနန္ဒက္စ္ရဲ့ စြမ္းေဆာင္ရည္ကို ခ်ီးက်ူးခဲ့တာပါ။

ဗန္ပါစီကေျပာၾကားခဲ့ရာမွာေတာ့” သူက မယံုႏိုင္စရာပါပဲ။ အရည္ေသြးျမင့္ ကစားသမားေတြက ကြင္းထဲကိုေရာက္လာတာနဲ႔ တစ္ၿပိဳင္နက္ သူတို႔ ဘာလုပ္ႏိုင္လဲဆိုတာကို တန္းၿပီးလုပ္ျပႏိုင္ပါတယ္။ တိုက္စစ္ကို ေဘာလံုးပံ့ပိုးမႈေတြ၊ ျဖတ္တင္ေဘာေတြက သိပ္ေကာင္းပါတယ္။ သူကစားေနတာကို ၾကည္ရ႐ုံနဲ႔တင္ အရသာရွိၿပီး ယူႏိုက္တက္ အတြက္ အက်ိဴးျပဳတဲ့ ေခၚယူမႈဆိုတာျမင္ႏိုင္ပါတယ္” လို႔ ၎ကခ်ီးက်ူးေျပာဆိုသြားခဲ့ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းကေတာ့ တနဂၤေႏြေန႔မွာ ဝက္ဖို႔ဒ္အသင္းကို ရင္ဆိုင္ရမွာ ျဖစ္ၿပီး ေနာက္တစ္ပတ္ ၾကာသပေတးေန႔မွာပဲ ဘ႐ုဂ်က္ကို ဒုတိယအေက်ာ့ ရင္ဆိုင္သြားမွာ ျဖစ္ပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက် အသင်းဟာ မနေ့ညက ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဘရုဂျက်နဲ့ ၁-၁ သရေကျတဲ့ ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်နဲ့ ကစားပေးခဲ့တဲ့ ဘရိုနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ထုတ်ဖော်ချီးကျူးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူ နိုက်တက် အတွက် ၃ပွဲမြောက်ကစားပေးခဲ့တာဖြစ်ပြီး ပွဲချိန် ၈၁ မိနစ်ရောက်မှ ဒီယေဂိုဒါလော့ရဲ့နေရာမှာ လူစားလဲ ဝင်ရောက်ကစားပေးခဲ့တာလည်းဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဝင်ရောက်လာခဲ့တဲ့နောက်ပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပိုမိုတိုက်စစ်ဆင်ကစားနိုင်ခဲ့တာဖြစ်ပြီး လူစားလဲ ဝင်ရောက်ခဲ့ပေမဲ့လည်း ကစားခွင့်ရတဲ့ အချိန်လေးအတွင်းမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တာကြောင့် သရဲနီတိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီက ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့တာပါ။

ဗန်ပါစီကပြောကြားခဲ့ရာမှာတော့” သူက မယုံနိုင်စရာပါပဲ။ အရည်သွေးမြင့် ကစားသမားတွေက ကွင်းထဲကိုရောက်လာတာနဲ့ တစ်ပြိုင်နက် သူတို့ ဘာလုပ်နိုင်လဲဆိုတာကို တန်းပြီးလုပ်ပြနိုင်ပါတယ်။ တိုက်စစ်ကို ဘောလုံးပံ့ပိုးမှုတွေ၊ ဖြတ်တင်ဘောတွေက သိပ်ကောင်းပါတယ်။ သူကစားနေတာကို ကြည်ရရုံနဲ့တင် အရသာရှိပြီး ယူနိုက်တက် အတွက် အကျိူးပြုတဲ့ ခေါ်ယူမှုဆိုတာမြင်နိုင်ပါတယ်” လို့ ၎င်းကချီးကျူးပြောဆိုသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကတော့ တနင်္ဂနွေနေ့မှာ ဝက်ဖို့ဒ်အသင်းကို ရင်ဆိုင်ရမှာ ဖြစ်ပြီး နောက်တစ်ပတ် ကြာသပတေးနေ့မှာပဲ ဘရုဂျက်ကို ဒုတိယအကျော့ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *