ယူႏိုက္တက္ပရိသတ္ေတြအတြက္ ၀မ္းသာစရာျဖစ္လာတဲ့ ေတာ္မီေနးရဲ႕ ဒဏ္ရာအေျခအေန

Premier League

ယူႏိုက္တက္ပရိသတ္ေတြအတြက္ ၀မ္းသာစရာျဖစ္လာတဲ့ ေတာ္မီေနးရဲ႕ ဒဏ္ရာအေျခအေန
————————–

ဒူးအရြတ္စုတ္ျပဲဒဏ္ရာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕ ပြဲစဥ္ေတာ္ေတာ္မ်ားမ်ားကိုလြဲေခ်ာ္ထားတဲ့ ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ေတာ္မီေနးကေတာ့ ၀က္ဖို႔ဒ္နဲ႔ကစားရမယ့္ ပရီးမီးယားလိဂ္စဥ္မွာ အသင္းအတြက္ ျပန္ကစားႏိုင္ဖြယ္ရွိတယ္လို႔ နည္းျပဆိုးလ္ရွား ထုတ္ေဖာ္ေျပာဆိုမႈေတြျပဳလုပ္သြားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ေတာ္မီေနး ဟာ အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ပါ၀င္လာႏိုင္ခဲ့ၿပီျဖစ္ၿပီး နည္းျပဆိုးလ္ရွားအတြက္ေတာ့ အသင္းရဲ႕ ကြင္းလယ္ပိုင္းမွာ ေရြးခ်ယ္စရာတစ္ခုပိုလာခဲ့ၿပီလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားကေျပာၾကားခဲ့ရာမွာေတာ့” သူ ဒဏ္ရာကေန အခုလိုျမန္ျမန္ဆန္ဆန္သက္သာလာတာက အသင္းအတြက္ ၀မ္းသာစရာျဖစ္သလို ေရြးခ်ယ္မႈလည္းပိုလာပါၿပီ။ သူက သန္မာတဲ့သူတစ္ဦးပါ၊ ေသာၾကာေန႔မွာ သူ႔အေျခအေနကို ထပ္ၾကည့္ရပါမယ္လို႔” ဆိုးလ္ရွားကေျပာဆိုခဲ့ပါတယ္။ ေတာ္မီေနး ျပန္လည္သက္သာလာၿပီျဖစ္လို႔ ယူႏိုက္တက္ကြငး္လယ္ပိုင္းမွာ ဖရက္ဒ္၊ မာတစ္၊ ဘရူႏိုဖာနန္ဒက္စ္တို႔နဲ႔အတူ အင္အားေတာင့္တင္းလာမွာျဖစ္ပါတယ္။ ေတာ္မီေနးကေတာ့ လက္ရွိရာသီမွာ အသင္းရဲ႕ကြင္းလယ္ပိုင္းမွာ အေကာင္းဆံုးေျခစြမ္းျပ ကစားေနသူတစ္ဦးလည္းျဖစ္ပါတယ္။

[unicode]

ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပွဲစဉ်တော်တော်များများကိုလွဲချော်ထားတဲ့ ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ တော်မီနေးကတော့ ဝက်ဖို့ဒ်နဲ့ကစားရမယ့် ပရီးမီးယားလိဂ်စဉ်မှာ အသင်းအတွက် ပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ နည်းပြဆိုးလ်ရှား ထုတ်ဖော်ပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ တော်မီနေး ဟာ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်လာနိုင်ခဲ့ပြီဖြစ်ပြီး နည်းပြဆိုးလ်ရှားအတွက်တော့ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ရွေးချယ်စရာတစ်ခုပိုလာခဲ့ပြီလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားကပြောကြားခဲ့ရာမှာတော့” သူ ဒဏ်ရာကနေ အခုလိုမြန်မြန်ဆန်ဆန်သက်သာလာတာက အသင်းအတွက် ဝမ်းသာစရာဖြစ်သလို ရွေးချယ်မှုလည်းပိုလာပါပြီ။ သူက သန်မာတဲ့သူတစ်ဦးပါ၊ သောကြာနေ့မှာ သူ့အခြေအနေကို ထပ်ကြည့်ရပါမယ်လို့” ဆိုးလ်ရှားကပြောဆိုခဲ့ပါတယ်။ တော်မီနေး ပြန်လည်သက်သာလာပြီဖြစ်လို့ ယူနိုက်တက်ကွင်းလယ်ပိုင်းမှာ ဖရက်ဒ်၊ မာတစ်၊ ဘရူနိုဖာနန်ဒက်စ်တို့နဲ့အတူ အင်အားတောင့်တင်းလာမှာဖြစ်ပါတယ်။ တော်မီနေးကတော့ လက်ရှိရာသီမှာ အသင်းရဲ့ကွင်းလယ်ပိုင်းမှာ အကောင်းဆုံးခြေစွမ်းပြ ကစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *