လီဗာပူးလ္ထက္ ယူႏိုက္တက္ (သို႔) ခ်ယ္လ္ဆီး တစ္သင္းသင္းကိုသာ တီမို၀ါနာေျပာင္းေရႊ႕သင့္ေၾကာင္း ဟာမန္းတိုက္တြန္း

Premier League

လီဗာပူးလ္ထက္ ယူႏိုက္တက္ (သို႔) ခ်ယ္လ္ဆီး တစ္သင္းသင္းကိုသာ တီမို၀ါနာေျပာင္းေရႊ႕သင့္ေၾကာင္း ဟာမန္းတိုက္တြန္း
————————————————–

လီဗာပူးအသင္းကြင္းလယ္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဒီယက္မာဟာမန္းကေတာ့ လိုက္ဇစ္အသင္းမွာ ေျခစြမ္းျပကစားေနတဲ့ ဂ်ာမဏီတိုက္စစ္မွဴး တီမို၀ါနာအေနနဲ႔ လီဗာပူးလ္အသင္းထက္ ယူႏိုက္တက္ ဒါမွမဟုတ္ ခ်ယ္လ္ဆီးအသင္းေတြကိုသာေျပာင္းေရႊ႕သင့္ေၾကာင္းတိုက္တြန္းေျပာဆိုခဲ့တယ္လို႔ Goal. com ကေဖာ္ျပသြားခဲ့ပါတယ္။ အသက္ ၂၃ႏွစ္အရြယ္ရွိ တီမို ဝါနာဟာလက္ရိွရာသီ လိုက္ဇစ္အသင္းနဲ႔ ျပသေနတဲ့ ေျခစြမ္းေၾကာင့္ ဥေရာပအသင္းႀကီးအမ်ားစုရဲ႕ ေစာင့္ၾကည့္ျခင္းခံေနရသူတစ္ဦးျဖစ္ၿပီး ၀ါနာကေတာ့ လီဗာပူးလ္ အသင္းနဲ႔ သတင္းေတြထြက္ေပၚေနတာက သူ႔အတြက္ေတာ့ ဂုဏ္ယူစရာျဖစ္ေၾကာင္းထုတ္ေဖာ္ေျပာဆိုထားတာရွိပါတယ္။

၀ါနာက ဥေရာပအသင္းႀကီး တစ္သင္းကို ေျပာင္းေရႊ႕ဖို႔သူ႔အေနနဲ႔ အသင့္ျဖစ္ေနေပမယ့္ လီဗာပူးလ္အသင္းကေတာ့ သူ႔အတြက္ အေကာင္းဆံုးေနရာ ျဖစ္မယ္မထင္ပါဘူး။ လီဗာပူးလ္အသင္းနဲ႔ သတင္းေတြထြက္ေနေပမယ့္ လီဗာပူးလ္မွာ သူ႔ရဲက ကစားပံုက အံ၀င္ပါ့မလားဆိုတာေတာ့ ေမးခြန္းထုတ္စရာရွိပါတယ္။ ၀ါနာက ကြင္းလယ္ကေန တိုက္စစ္ကို ထိုးေဖာက္ကစားသူတစ္ဦးျဖစ္ၿပီး လီဗာပူးလ္ အခုလက္ရွိကစားေနသူက ဖာမီႏိုပါ။ ဒါေၾကာင့္သူေတာင္ပံထြက္ကစားမယ္ဆိုလည္း မာေနး နဲ႔ ဆာလာတို႔ရွိေနပါတယ္။ ဒီလိုဆိုရင္ေတာ့သူ႔အတြက္ ပြဲထြက္ခြင့္က အာမခံမႈရွိမွာ မဟုတ္ေတာ့ပါဘူး၊ ဒါကိုသူလည္း ႏွစ္သက္မယ္မထင္ပါဘူး ကၽြန္ေတာ္ကေတာ့ ၀ါနာက လီဗာပူးလ္ထက္ ခ်ယ္လ္ဆီး ယူႏိုက္တက္တို႔နဲ႔ ပိုအဆင္ေျပမယ္ထင္ပါတယ္” လို႔ ဟာမန္းကေျပာဆိုသြားခဲ့ပါတယ္။

[unicode]

လီဗာပူးအသင်းကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒီယက်မာဟာမန်းကတော့ လိုက်ဇစ်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ဂျာမဏီတိုက်စစ်မှူး တီမိုဝါနာအနေနဲ့ လီဗာပူးလ်အသင်းထက် ယူနိုက်တက် ဒါမှမဟုတ် ချယ်လ်ဆီးအသင်းတွေကိုသာပြောင် းရွှေ့သင့်ကြောင်းတိုက်တွန်းပြောဆိုခဲ့တယ်လို့ Goal. com ကဖော်ပြသွားခဲ့ပါတယ်။ အသက် ၂၃နှစ်အရွယ်ရှိ တီမို ဝါနာဟာလက် ရှိရာသီ လိုက်ဇစ်အသင်းနဲ့ ပြသနေတဲ့ ခြေစွမ်းကြောင့် ဥရောပအသင်းကြီးအများစုရဲ့ စောင့်ကြည့်ခြင်းခံနေရသူတစ်ဦးဖြစ်ပြီး ဝါနာကတော့ လီဗာပူးလ် အသင်းနဲ့ သတင်းတွေထွက်ပေါ်နေတာက သူ့အတွက်တော့ ဂုဏ်ယူစရာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားတာရှိပါတယ်။ ဝါနာက ဥရောပအသင်းကြီး တစ်သင်းကို ပြောင်းရွှေ့ဖို့သူ့အနေနဲ့ အသင့်ဖြစ်နေပေမယ့် လီဗာပူးလ်အသင်းကတော့ သူ့အတွက် အကောင်းဆုံးနေရာ ဖြစ်မယ်မထင်ပါဘူး။ လီဗာပူးလ်အသင်းနဲ့ သတင်းတွေထွက်နေပေမယ့် လီဗာပူးလ်မှာ သူ့ရဲက ကစားပုံက အံဝင်ပါ့မလားဆိုတာတော့ မေးခွန်းထုတ်စရာရှိပါတယ်။ ဝါနာက ကွင်းလယ်ကနေ တိုက်စစ်ကို ထိုးဖောက်ကစားသူတစ်ဦးဖြစ်ပြီး လီဗာပူးလ် အခုလက်ရှိကစားနေသူက ဖာမီနိုပါ။ ဒါကြောင့်သူတောင်ပံထွက်ကစားမယ်ဆိုလည်း မာနေး နဲ့ ဆာလာတို့ရှိနေပါတယ်။ ဒီလိုဆိုရင်တော့သူ့အတွက် ပွဲထွက်ခွင့်က အာမခံမှုရှိမှာ မဟုတ်တော့ပါဘူး၊ ဒါကိုသူလည်း နှစ်သက်မယ်မထင်ပါဘူး ကျွန်တော်ကတော့ ဝါနာက လီဗာပူးလ်ထက် ချယ်လ်ဆီး ယူနိုက်တက်တို့နဲ့ ပိုအဆင်ပြေမယ်ထင်ပါတယ်” လို့ ဟာမန်းကပြောဆိုသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *