ယူႏိုက္တက္ထံေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနဆဲျဖစ္ေနတဲ့ မူဆာ ဒမ္ဘီလီ

France Ligue 1

ယူႏိုက္တက္ထံေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနဆဲျဖစ္ေနတဲ့ မူဆာ ဒမ္ဘီလီ
—————————

Daily Express ရဲ႕ ေဖာ္ျပခ်က္အရ လိုင္ယြန္တိုက္စစ္မွဴး မူဆာဒမ္ဘီလီ ဟာ အိုးထရက္ဖို႔ဒ္ ကလပ္ ကို ေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။ လိုင္ယြန္အသင္းက ၿပီးခဲ့တဲ့ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာကတည္းက အသင္းမွာ ဒဏ္ရာရကစားသမားေတြမ်ားျပားေနမႈေၾကာင့္ ဒမ္ဘီလီ ရဲ႕ အေျပာင္းအေရႊ႕ေတြကို တားဆီးထားခဲ့ရတာျဖစ္ၿပီး ဒမ္ဘီလီကို ဥေရာပအသင္းေတာ္ေတာ္မ်ားမ်ားက စိတ္၀င္စားေနတာျဖစ္ၿပီး ပရီးမီးယားလိဂ္ကလပ္ျဖစ္တဲ့ ခ်ယ္လ္ဆီးအသင္းကလည္း ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

လုိင္ယြန္ကေတာ့ ဒမ္ဘီလီအတြက္တန္ဖိုးကို ယူရိုသန္း ၁၀၀ အထိသတ္မွတ္ထားျပီး လက္ရွိထြက္ေပၚထားတဲ့ သတင္းေတြအရ လာမယ့္ရာသီမွာ ယူႏိုက္တက္သာ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိခဲ့မယ္ဆိုရင္ ေခၚယူႏိုင္ဖြယ္ရာရွိတယ္လို႔ သိရပါတယ္။ ယူႏိုက္တက္အေနနဲ႔ ရက္ရွ္ဖို႔ဒ္ဒဏ္ရာရရွိခ်ိန္မွာ အီဂါလိုကို အငွားနဲ႔ေခၚယူခဲ့ရျပီး လာမယ့္ရာသီမွာေတာ့ တိုက္စစ္မွဴးတစ္ဦးအျပီးသတ္ေခၚယူသြားဖို႔အစီအစဥ္ရွိေနတာျဖစ္ၿပီး ဒမ္ဘီလီကလည္း ယူႏိုက္တက္ထံေျပာင္းေရႊ႕ စိတ္အားထက္သန္ေနတာျဖစ္ပါတယ္။ ဒမ္ဘီလီ ကေတာ့ လက္ရွိရာသီ လိုင္ယြန္အသင္းအတြက္ ၿပိဳင္ပြဲစံု သြင္းဂိုး ၂၀ သြင္းယူထားႏိုင္ခဲ့ပါတယ္။

[unicode]

Daily Express ရဲ့ ဖော်ပြချက်အရ လိုင်ယွန်တိုက်စစ်မှူး မူဆာဒမ်ဘီလီ ဟာ အိုးထရက်ဖို့ဒ် ကလပ် ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ လိုင်ယွန်အသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာကတည်းက အသင်းမှာ ဒဏ်ရာရကစား သမားတွေများပြားနေမှုကြောင့် ဒမ်ဘီလီ ရဲ့ အပြောင်းအရွှေ့တွေကို တားဆီးထားခဲ့ရတာဖြစ်ပြီး ဒမ်ဘီလီကို ဥရောပအသင်းတော်တေ ာ်များများက စိတ်ဝင်စားနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းကလည်း စောင့်ကြည့်နေတာဖြစ်ပါတယ်။

လိုင်ယွန်ကတော့ ဒမ်ဘီလီအတွက်တန်ဖိုးကို ယူရိုသန်း ၁၀၀ အထိသတ်မှတ်ထားပြီး လက်ရှိထွက်ပေါ်ထားတဲ့ သတင်းတွေအရ လာမယ့်ရာသီမှာ ယူနိုက်တက်သာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့မယ်ဆိုရင် ခေါ်ယူနိုင်ဖွယ်ရာရှိတယ်လို့ သိရပါတယ်။ ယူနိုက်တက်အနေနဲ့ ရက်ရှ်ဖို့ဒ်ဒဏ်ရာရရှိချိန်မှာ အီဂါလိုကို အငှားနဲ့ခေါ်ယူခဲ့ရပြီး လာမယ့်ရာသီမှာတော့ တိုက်စစ်မှူးတစ်ဦးအပြီးသတ်ခေါ်ယူသွားဖို့အစီအစဉ်ရှိနေတာဖြစ်ပြီး ဒမ်ဘီလီကလည်း ယူနိုက်တက်ထံပြောင်းရွှေ့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ ဒမ်ဘီလီ ကတော့ လက်ရှိရာသီ လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ သွင်းယူထားနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *