သူ႔ရဲ႕ စံျပကစားသက ဘယ္သူလဲဆိုတာကို ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ ဟာလန္း

Germany Bundesliga

သူ႔ရဲ႕ စံျပကစားသက ဘယ္သူလဲဆိုတာကို ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ ဟာလန္း
——————–

ေဒါ့မြန္အသင္းကိုေရာက္စမွာ အံ့အားသင့္ဖြယ္ စံခ်ိန္မွတ္တမ္းသစ္ေတြေရးထိုးထားႏိုင္ခဲ့တဲ့ အာလင္း ဟာလန္းကေတာ့ ကစားသမားဘ၀မွာ စံျပပုဂၢိဳလ္အျဖစ္ ေပၚတူဂီ ၀ါရင့္တိုက္စစ္မွဴး ခရစၥတီယာႏို ေရာ္နယ္ဒို သတ္မွတ္ထားခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။ စိတ္ပိုင္းဆိုင္ရာ ခြန္အားေတြရရိွဖို႔ ေရာ္နယ္ဒုိရဲ႕ကစားပံုနဲ႔ အားထုတ္မႈကို အတုယူခဲ့ရတယ္လို႔လည္း ဟာလန္းက ၀န္ခံေျပာဆိုမႈေတြျပဳလုပ္သြားခဲ့ပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ ဟာလန္း ဟာ ဒီရာသီ ဆားလ္ဘတ္အသင္းနဲ႔ ေဒါ့မြန္အသင္းအတြက္ ျပိဳင္ပြဲစံု ၂၉ ပြဲကစားေပးထားျပီး ၃၉ ဂုိးအထိသြင္းယူထားကာ အထင္ၾကီးဖြယ္ေျခစြမ္းမ်ိဳးကို ျပသေနသူျဖစ္ပါတယ္။

ဟာလန္းကေျပာၾကားခဲ့ရာမွာေတာ့” ကၽြန္ေတာ္ေရာ္နယ္ဒိုနဲ႔ ေတြ႔ဆံုရမယ္ဆိုရင္ တစ္ကယ္ကို ၀မ္းသာမိမွာပါ။ ကၽြန္ေတာ္အတြက္ ေရာ္နယ္ဒိုက အၿမဲစံျပတစ္ေယာက္ပါ။ စိတ္ပိုင္းဆိုင္ရာ ခြန္အားေတြရရိွဖို႔ ေရာ္နယ္ဒုိရဲ႕ကစားပံုနဲ႔ အားထုတ္မႈကို ကၽြန္ေတ္ာအတုယူခဲ့ရတာပါ။ ကၽြန္ေတာ္ေဘာလံုးသမားတစ္ေယာက္ျဖစ္လာခဲ့တဲ့အတြက္လည္း သူ႔ကိုေက်းဇူးတင္တယ္လို႔ ေျပာခ်င္ပါတယ္” လို႔ ဟာလန္းကထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။ အခုလိုဟာလန္းေျပာဆိုခဲ့မႈေတြေၾကာင့္ အီတလီ မီဒီယာေတြကေတာ့ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕အတြက္ ထင္ေၾကးေတြအမ်ိဴးမ်ိဴးေပးေနၾကပါၿပီ။

[unicode]

ဒေါ့မွန်အသင်းကိုရောက်စမှာ အံ့အားသင့်ဖွယ် စံချိန်မှတ်တမ်းသစ်တွေရေးထိုးထားနိုင်ခဲ့တဲ့ အာလင်း ဟာလန်းကတော့ ကစား သမားဘဝမှာ စံပြပုဂ္ဂိုလ်အဖြစ် ပေါ်တူဂီ ဝါရင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို သတ်မှတ်ထားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေရရှိဖို့ ရော်နယ်ဒိုရဲ့ကစားပုံနဲ့ အားထုတ်မှုကို အတုယူခဲ့ရတယ်လို့လည်း ဟာလန်းက ဝန်ခံပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဟာလန်း ဟာ ဒီရာသီ ဆားလ်ဘတ်အသင်းနဲ့ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲကစားပေးထားပြီး ၃၉ ဂိုးအထိသွင်းယူထားကာ အထင်ကြီးဖွယ်ခြေစွမ်းမျိုးကို ပြသနေသူဖြစ်ပါတယ်။

ဟာလန်းကပြောကြားခဲ့ရာမှာတော့” ကျွန်တော်ရော်နယ်ဒိုနဲ့ တွေ့ဆုံရမယ်ဆိုရင် တစ်ကယ်ကို ဝမ်းသာမိမှာပါ။ ကျွန်တော်အတွက် ရော်နယ်ဒိုက အမြဲစံပြတစ်ယောက်ပါ။ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေရရှိဖို့ ရော်နယ်ဒိုရဲ့ကစားပုံနဲ့ အားထုတ်မှုကို ကျွန်တေ်ာအတု ယူခဲ့ရတာပါ။ ကျွန်တော်ဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့တဲ့အတွက်လည်း သူ့ကိုကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်” လို့ ဟာလန်းကထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အခုလိုဟာလန်းပြောဆိုခဲ့မှုတွေကြောင့် အီတလီ မီဒီယာတွေကတော့ လာမယ့်နွေရာ သီအပြောင်းအရွှေ့အတွက် ထင်ကြေးတွေအမျိူးမျိူးပေးနေကြပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *