ယူႏိုက္တက္ ကို ေပးဆပ္ခ်င္တဲ့အတြက္ လစာေလ်ာ့ယူသြားဖို႔ ဆံုးျဖတ္ထားတဲ့ အစ္ဟာလို

Premier League

ယူႏိုက္တက္ ကို ေပးဆပ္ခ်င္တဲ့အတြက္ လစာေလ်ာ့ယူသြားဖို႔ ဆံုးျဖတ္ထားတဲ့ အစ္ဟာလို
———————

မန္ခ်က္စတာယူနိုက္တက္ အသင္းက ေဆာင္းရာသီေစ်းကြက္ေနာက္ဆံုးရက္မွာ အသစ္ေခၚယူထားတဲ့ ႏိုင္ဂ်ီးရီးယားတိုက္စစ္မွဴး အစ္ဟာလို ကေတာ့ ယူႏိုက္တက္ မွာ ၆လက္ထက္ပိုၿပီးဆက္ကစားဖို႔အေရး ေပါင္ ၆ သန္းေလာက္ကို အဆုံးရႈံးခံသြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ အစ္ဟာလို ဟာ ရွန္ဟိုင္းရွင္ဟြာအသင္းကေန ယူနိုက္တက္ကို အံ့အားသင့္ဖြယ္ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး လက္ရွိမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ အသင္းအတြက္ သြင္းဂိုး ၄ ဂိုး သြင္းယူထားခဲ့ၿပီး နည္းၿပ ဆိုးလ္ရွားကို အထင္ႀကီးေလးစားမႈကို ရယူထားႏိုင္ခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။

လက္ရွိထြက္ေပၚလာတဲ့ သတင္းေတြအရ အစ္ဟာလိုဟာ မန္ခ်က္စတာယူနိုက္တက္အသ္ငးမွာ အျမဲတမ္းကစားသမားအျဖစ္ ဆက္ကစားလိုၿပီး လစာေလၽွာ့ယူမယ့္ အေနအထားအထိ ေပးဆပ္သြားမယ္လို႔ သိရပါတယ္။ရွန္ဟိုင္း ရွင္ဟြာအသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၂၄၀၀၀၀ အထိ ရရွိေနတဲ့ အစ္ဟာလိုဟာ အိုးထရက္ဖို႔ဒ္မွာ ဆက္ကစားခြင့္ရဖို႔အတြက္ လစာတစ္ဝက္ ေလၽွာ့ယူသြားရမွာလည္းျဖစ္ပါတယ္။ ဒီအတြက္ အစ္ဟာလိုက ယူနိုက္တက္က သူ႔ရဲ့ လက္ရွိ လစာပမာဏကို ေပးေခ်နိုင္မွာ မဟုတ္ဘူးဆိုတာကို သိရွိထားၿပီး လစာေလၽွာ့ယူဖို႔ ကိစၥနဲ႔ ျပႆနာမရွိဘူးလို႔ သိရၿပီးယူနိုက္တက္ဟာ အစ္ဟာလိုကို အၿပီးသတ္ ေခၚယူနိုင္ခြင့္ ရွိေနေပမယ့္ ဒီတိုက္စစ္မွူးအတြက္ ေပါင္ ၁၅ သန္းထပ္မံ ေပးေခ်ဖို႔ ေတာ့လိုအပ္ေနတယ္လို႔သိ၇ပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက် အသင်းက ဆောင်းရာသီဈေးကွက်နောက်ဆုံးရက်မှာ အသစ်ခေါ်ယူထားတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အစ်ဟာလို ကတော့ ယူနိုက်တက် မှာ ၆လက်ထက်ပိုပြီးဆက်ကစားဖို့အရေး ပေါင် ၆ သန်းလောက်ကို အဆုံးရှုံးခံသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ အစ်ဟာလို ဟာ ရှန်ဟိုင်းရှင်ဟွာအသင်းကနေ ယူနိုက်တက်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းအတွက် သွင်းဂိုး ၄ ဂိုး သွင်းယူထားခဲ့ပြီး နည်းပြ ဆိုးလ်ရှားကို အထင်ကြီးလေးစားမှုကို ရယူထားနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရ အစ်ဟာလိုဟာ မန်ချက်စတာယူနိုက်တက်အသ်ငးမှာ အမြဲတမ်းကစားသမားအဖြစ် ဆက်ကစားလိုပြီး လစာလျှော့ယူမယ့် အနေအထားအထိ ပေးဆပ်သွားမယ်လို့ သိရပါတယ်။ရှန်ဟိုင်း ရှင်ဟွာအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂၄၀၀၀၀ အထိ ရရှိနေတဲ့ အစ်ဟာလိုဟာ အိုးထရက်ဖို့ဒ်မှာ ဆက်ကစားခွင့်ရဖို့အတွက် လစာတစ်ဝက် လျှော့ယူသွားရမှာလည်းဖြစ်ပါတယ်။ ဒီအတွက် အစ်ဟာလိုက ယူနိုက်တက်က သူ့ရဲ့ လက်ရှိ လစာပမာဏကို ပေးချေနိုင်မှာ မဟုတ်ဘူးဆိုတာကို သိရှိထားပြီး လစာလျှော့ယူဖို့ ကိစ္စနဲ့ ပြဿနာမရှိဘူးလို့ သိရပြီးယူနိုက်တက်ဟာ အစ်ဟာလိုကို အပြီးသတ် ခေါ်ယူနိုင်ခွင့် ရှိနေပေမယ့် ဒီတိုက်စစ်မှူးအတွက် ပေါင် ၁၅ သန်းထပ်မံ ပေးချေဖို့ တော့လိုအပ်နေတယ်လို့သိ၇ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *