ေမြးရပ္ေျမ ဆီနီေဂါလ္မွာ ကိုရိုနာ ဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ လွဴဒါန္းမႈႀကီးျပဳလုပ္ခဲ့တဲ့ မာေနး

Premier League

ေမြးရပ္ေျမ ဆီနီေဂါလ္မွာ ကိုရိုနာ ဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ လွဴဒါန္းမႈႀကီးျပဳလုပ္ခဲ့တဲ့ မာေနး
———————–

လီဗာပူးလ္အသင္းရဲ႕ ဆီနီေဂါလ္ တိုက္စစ္မွဴး ဆာဒီယို မာေနးကေတာ့ ေမြးရပ္ေျမမွာ ကိုရိုနာတိုက္ဖ်က္ေရး လုပ္ငန္းစဥ္ေတြအတြက္ ေပါင္ ၄၁၀၀၀ လႉဒါန္းလိုက္တယ္လို႔ BBC sports ကေဖာ္ျပသြားခဲ့ပါတယ္။ မာေနးရဲ႕ ေမြးရပ္ေျမ ဆီနီေဂါလ္မွာ ကိုရိုနာဗိုင္းရပ္စ္ လူ ၂၇ ေယာက္မွာ စစ္ေဆးေတြ႕ရွိရတယ္လို႔ သိရၿပီး မေန႔က ထုတ္ျပန္ခဲ့ခ်ိန္မွာေတာ့ ကူးစက္သူေတြထဲက ႏွစ္ဦးက ျပန္လည္သက္သာလာၿပီလို႔ သိရပါတယ္။ ဒီလိုအခ်ိန္မွာ မာေနးရဲ႕ လွဴဒါန္းမႈကေမြးရပ္ေျမအတြက္ေတာ့ အားတက္စရာျဖစ္ခဲ့ပါတယ္။

မာေနးဟာ ၎ရဲ႕ ေမြးရပ္ေျမမွာ အခုလို လွဴဒါန္းမႈေတြကို မၾကာခဏဆိုသလို ျပဳလုပ္တက္သူျဖစ္ၿပီး အသက္ ၂၇ ႏွစ္အရြယ္တိုက္စစ္မွဴးက ဆီနီေဂါလ္ ျပည္သူေတြကိုလည္း အခုလိုအခ်ိန္မွာ သတိႀကီးႀကီးထားၿပီး က်န္းမာေရးအသိနဲ႔ ကာကြယ္ၾကဖို႔ လူမႈကြန္ရက္ကေန ေျပာဆိုမႈေတြျပဳလုပ္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ မာေနးဟာ ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္ ေဘာလံုးပြဲေတြရပ္နားထားရခ်ိန္မွာ မဲ၀ုဒ္ေလ့က်င့္ေရးကြင္းကလည္း ပိတ္ထားခဲ့တာေၾကာင့္ ၎ရဲ႕ အိမ္မွာပဲ တစ္ဦးတည္း ေလ့က်င့္မႈေတြျပဳလုပ္လ်က္ရွိပါတယ္။ ဆက္စပ္သတင္းေတြအရ ရီးရဲလ္မက္ဒရစ္အသင္းက လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ ဆီနီေဂါလ္သားကို ေခၚယူဖို႔ အဓိကပစ္မွတ္ထားေနတယ္လို႔သိရပါတယ္။

[unicode]

လီဗာပူးလ်အသင်းရဲ့ ဆီနီဂေါလ် တိုက်စစ်မှူး ဆာဒီယို မာနေးကတော့ မွေးရပ်မြေမှာ ကိုရိုနာတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေအတွက် ပေါင် ၄၁၀၀၀ လှူဒါန်းလိုက်တယ်လို့ BBC sports ကဖော်ပြသွားခဲ့ပါတယ်။ မာနေးရဲ့ မွေးရပ်မြေ ဆီနီဂေါလ်မှာ ကိုရိုနာဗိုင်းရပ်စ် လူ ၂၇ ယောက်မှာ စစ်ဆေးတွေ့ရှိရတယ်လို့ သိရပြီး မနေ့က ထုတ်ပြန်ခဲ့ချိန်မှာတော့ ကူးစက်သူတွေထဲက နှစ်ဦးက ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။ ဒီလိုအချိန်မှာ မာနေးရဲ့ လှူဒါန်းမှုကမွေးရပ်မြေအတွက်တော့ အားတက်စရာဖြစ်ခဲ့ပါတယ်။

မာနေးဟာ ၎င်းရဲ့ မွေးရပ်မြေမှာ အခုလို လှူဒါန်းမှုတွေကို မကြာခဏဆိုသလို ပြုလုပ်တက်သူဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူးက ဆီနီဂေါလ် ပြည်သူတွေကိုလည်း အခုလိုအချိန်မှာ သတိကြီးကြီးထားပြီး ကျန်းမာရေးအသိနဲ့ ကာကွယ်ကြဖို့ လူမှုကွန်ရက်ကနေ ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ မာနေးဟာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေရပ်နားထားရချိန်မှာ မဲဝုဒ်လေ့ကျင့်ရေးကွင်းကလည်း ပိတ်ထားခဲ့တာကြောင့် ၎င်းရဲ့ အိမ်မှာပဲ တစ်ဦးတည်း လေ့ကျင့်မှုတွေပြုလုပ်လျက်ရှိပါတယ်။ ဆက်စပ်သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းက လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဆီနီဂေါလ်သားကို ခေါ်ယူဖို့ အဓိကပစ်မှတ်ထားနေတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *