ခါးသီးၿပိဳင္ဘက္ကို ကူညီရာေရာက္မယ့္ ဆံုးျဖတ္ခ်က္ကို ခ်မွတ္ဖို႔ ျပင္ဆင္ေနတဲ့ ယူႏိုက္တက္

Premier League

ခါးသီးၿပိဳင္ဘက္ကို ကူညီရာေရာက္မယ့္ ဆံုးျဖတ္ခ်က္ကို ခ်မွတ္ဖို႔ ျပင္ဆင္ေနတဲ့ ယူႏိုက္တက္
———————-

ပရီးမီးယားလိဂ္ ပြဲစဥ္ေတြဟာ လတ္တေလာမွာ ကိုရိုနာ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႕မႈျမင့္မားေနတာေၾကာင့္ ေခတၱဆိုင္းငံ့ထားတာျဖစ္ၿပီး မနက္ျဖန္ ၾကာသမေပးေတးေန႔မွာေတာ့ ဆံုးျဖတ္ခ်က္ေတြခ်မွတ္သြားမွာလည္းျဖစ္ပါတယ္။ပရီးမီးယားလိဂ္ အဖြဲ႕ခ်ဴပ္နဲ႔ ပရီးမီးယားလိဂ္အသင္းေတြက အဓိကေဆြးေႏြးသြားမွာကေတာ့ Covid- 19 ကပ္ေရာဂါႀကီး ေလ်ာ့ပါးသြားခ်ိန္အထိ လက္ရွိရာသီ ရပ္တန႔္မွာလား ရက္ေရႊ႕ဆိုင္းၿပီး ဆက္လက္က်င္းပမွာလား ဆိုတဲ့အခ်က္ပဲျဖစ္ပါတယ္။ ဒီလိုအေျခအေနမွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းက အခ်ိဴ႕ေသာအသင္းေတြနဲ႔ ဆန္႕က်င္ဘက္ ကန္႔ကြက္ဖို႔ ျပင္ဆင္ေနတယ္လို႔သိရပါတယ္။ထြက္ေပၚလာတဲ့သတင္းေတြအရေတာ့ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ လက္က်န္ပြဲစဥ္ေတြကို ဆက္မကစားပဲ လက္ရွိရာသီကို ဖ်က္သိမ္းသြားမယ္ဆိုတဲ့ အဆိုကို ကန႔္ကြက္ဖို႔ ျပင္ဆင္ေနၿပီး၊ ရက္ေရႊ႕ဆိုင္းတာကိုသာ ေထာက္ခံသြားမယ္လို႔ သိရပါတယ္။

သို႔ေသာ္လည္း ယူႏိုက္တက္ ရဲ႕ အဆိုတစ္ခုတည္းနဲ႔ေတာ့ ဒီဆံုးျဖတ္ခ်က္က အသက္၀င္မွာမဟုတ္ပဲ အျခားေသာအသင္းေတြရဲ႕ အေျခအေနကိုလည္း ၾကည့္ရဦးမွာျဖစ္ပါတယ္။ လက္ရွိရာသီမွာ ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္ရဲ့ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနၿပီး အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးနဲ႔ ၃ မွတ္သာ ကြာဟေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ရာသီက ခ်န္ပီယံလိဂ္ ဝင္ခြင့္ဆုံးရႈံးခဲ့တာေၾကာင့္ ဒီရာသီမွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ျပန္ရဖို႔ မျဖစ္မေနလိုအပ္ေနၿပီး တကယ္လို႔ ၂ ႏွစ္ဆက ္ခ်န္ပီယံလိဂ္ ဝင္ခြင့္ဆုံးရႈံးခဲ့ရင္ ယူနိုက္တက္ အတြက္ အဘက္ဘက္ နစ္နာဆံုးရႈံးႏိုင္တာျဖစ္ေပၚလာႏိုင္တာေၾကာင့္ ၎တို႔က ပရီးမီးယားလိဂ္ကို ဒီရာသီဆံုးခန္းတိုင္ေအာင္ ဆက္ကစားခ်င္ေနတာျဖစ္ပါတယ္။ မည္သို႔ပင္ဆိုေစကာမူ ယူႏိုက္တက္ ရဲ႕ အဆိုကေတာ့ ခါးသီးၿပိဳင္ဘက္လီဗာပူးလ္အသင္း ကို ကူညီေပးရာေရာက္သလို လီဗာပူးလ္အသင္းအတြက္လည္း မ်ားစြာ အက်ိဴးျဖစ္ထြန္းေစမွာျဖစ္ပါတယ္။

[unicode]

ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာ လတ်တလောမှာ ကိုရိုနာ ဗိုင်းရပ်စ်ပျံ့နှံ့မှုမြင့်မားနေတာကြောင့် ခေတ္တဆိုင်းငံ့ထားတာဖြစ်ပြီး မနက်ဖြန် ကြာသမပေးတေးနေ့မှာတော့ ဆုံးဖြတ်ချက်တွေချမှတ်သွားမှာလည်းဖြစ်ပါတယ်။ပရီးမီးယားလိဂ် အဖွဲ့ချူပ်နဲ့ ပရီးမီးယားလိဂ်အသင်းတွေက အဓိကဆွေးနွေးသွားမှာကတော့ Covid- 19 ကပ်ရောဂါကြီး လျော့ပါးသွားချိန်အထိ လက်ရှိရာသီ ရပ်တန့်မှာလား ရက်ရွှေ့ဆိုင်းပြီး ဆက်လက်ကျင်းပမှာလား ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မန်ချက်စတာယူနိုက်တက် အသင်းက အချိူ့သောအသင်းတွေနဲ့ ဆန့်ကျင်ဘက် ကန့်ကွက်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်ကျန်ပွဲစဉ်တွေကို ဆက်မကစားပဲ လက်ရှိရာသီကို ဖျက်သိမ်းသွားမယ်ဆိုတဲ့ အဆိုကို ကန့်ကွက်ဖို့ ပြင်ဆင်နေပြီး၊ ရက်ရွှေ့ဆိုင်းတာကိုသာ ထောက်ခံသွားမယ်လို့ သိရပါတယ်။

သို့သော်လည်း ယူနိုက်တက် ရဲ့ အဆိုတစ်ခုတည်းနဲ့တော့ ဒီဆုံးဖြတ်ချက်က အသက်ဝင်မှာမဟုတ်ပဲ အခြားသောအသင်းတွေရဲ့ အခြေအနေကိုလည်း ကြည့်ရဦးမှာဖြစ်ပါတယ်။ လက်ရှိရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၃ မှတ်သာ ကွာဟနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရှုံးခဲ့တာကြောင့် ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ပြန်ရဖို့ မဖြစ်မနေလိုအပ်နေပြီး တကယ်လို့ ၂ နှစ်ဆက ်ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရှုံးခဲ့ရင် ယူနိုက်တက် အတွက် အဘက်ဘက် နစ်နာဆုံးရှုံးနိုင်တာဖြစ်ပေါ်လာနိုင်တာကြောင့် ၎င်းတို့က ပရီးမီးယားလိဂ်ကို ဒီရာသီဆုံးခန်းတိုင်အောင် ဆက်ကစားချင်နေတာဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ယူနိုက်တက် ရဲ့ အဆိုကတော့ ခါးသီးပြိုင်ဘက်လီဗာပူးလ်အသင်း ကို ကူညီပေးရာရောက်သလို လီဗာပူးလ်အသင်းအတွက်လည်း များစွာ အကျိူးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *