ယခင်စာချူပ်ပါအချက်အလက်အရ မာတစ်ကို သက်တမ်းတိုးစာချူပ် ချူပ်ဆိုခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

Premier League

ယခင်စာချူပ်ပါအချက်အလက်အရ မာတစ်ကို သက်တမ်းတိုးစာချူပ် ချူပ်ဆိုခဲ့တဲ့ မန်ချက်စတာယူနိုက်တက်
—————————



[unicode]

Sky sports ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက် အသင်းဟာ အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ နီမန်ဂျာ မာတစ်ကို တစ်နှစ်သက်တမ်းတိုး စာချူပ်ချူပ်ဆိုခဲ့တယ်လို့သိရပါတယ်။ ဆားဘီးယား ကွင်းလယ်လူဟာ ယခင်က အသင်းကနေထွက်ခွာဖို့ သတင်းကြီးခဲ့တဲ့ မာတစ်ဟာ နည်းပြဆိုးလ်ရှားရဲ့ လက်အောက်မှာ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အသင်းကနေ အခုလို သက်တမ်းတိုးခဲ့တာလည်းဖြစ်ပါတယ်။

အသက် (၃၁)နှစ်အရွယ် မာတစ်ဟာ လက်ရှိရာသီကုန်ဆုံးချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမမှာဖြစ်ပေမယ့် ယခင်ကချူပ်ဆိုထားတဲ့ စာချူပ်မှာ နောက်ထပ်တစ်နှစ် စာချူပ်ချူပ်ဆိုခွင့်နှင်အညီ မာတစ်ကို တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်။မာတစ်ဟာ ယခင်နည်းပြဟောင်း မော်ရင်ဟိုလက်ထက် ၂၀၁၇ ခုနှစ်မှာ ချယ်လ်ဆီးအသင်းမှ မန်ယူအသင်းသို့ ယူရို (၄၄)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ၃ နှစ်အတွင်းမှာ ပြိုင်ပွဲစုံ ၁၀၉ ပွဲ ကစားပြိး ၄ ဂိုးသွင်းယူပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *