ေဒါ့မြန္ နဲ႔ မန္ခ်က္စတာယူႏိုက္တက္ ႏွစ္သင္းထဲက တစ္သင္း ကိုေရြးခ်ယ္ဖို႔ ဆံုးျဖတ္ထားတဲ့ ဘီလင္ဟမ္

Premier League

ေဒါ့မြန္ နဲ႔ မန္ခ်က္စတာယူႏိုက္တက္ ႏွစ္သင္းထဲက တစ္သင္း ကိုေရြးခ်ယ္ဖို႔ ဆံုးျဖတ္ထားတဲ့ ဘီလင္ဟမ္
—————————-

Metro ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘာမင္ဂမ္ အသင္းရဲ႕ လူငယ္ကြင္းလယ္ၾကယ္ပြင့္တစ္ဦးျဖစ္တဲ့ ဘီလင္ဟမ္ ကို ေဒါ့မြန္အသင္းနဲ႔ အၿပိဳင္ စိတ္၀င္စားေနခဲ့တာျဖစ္ၿပီး ခက္ခဲဖြယ္ရွိေနတယ္လို႔သိရပါတယ္။ ဘီလင္ဟမ္ နဲ႔ ဘာမင္ဂမ္ တို႔ရဲ႕ စာခ်ူပ္သက္တမ္းဟာ ၂၀၂၁ခုႏွစ္ရွိေနတာျဖစ္ၿပီး ဒီကစားသမားေလးက မန္ခ်က္စတာယူႏိုက္တက္ အသင္းထက္ ေဒါ့မြန္အသင္းကိုသာ ေရြးခ်ယ္သြားဖို႔ နီးစပ္ေနတယ္လို႔ ဂ်ာမဏီ သတင္းစာေတြက ေဖာ္ျပေနၾကပါတယ္။

ဘီလင္ဟမ္ဟာ ဘာမင္ဂမ္အသင္းၾကီးအတြက္ အသက္ ၁၆ ႏွစ္အရြယ္မွာပဲ ပါ၀င္ကစားေပးေနရသူျဖစ္ကာ ဒီရာသီမွာ ပြဲေပါင္း ၃၀ ေက်ာ္ပါ၀င္ကစားေပးခဲ့ျပီး ၄ဂိုး သြင္းယူေပးထားႏိုင္သလို ဂိုးဖန္တီးမႈ ၂ ၾကိမ္ျပဳလုပ္ေပးထားႏိုင္ခဲ့ပါတယ္။ဘာမင္ဂမ္ အသင္းက ဘီလင္ဟမ္ အတြက္ေျပာင္းေရႊ႕ေၾကးေပါင္သန္း ၃၀ ေလာက္ရရင္ ေရာင္းခ်သြားဖို႔ဆံုးျဖတ္ထားတယ္လို႔သိရၿပီး ၎ကို အျခားအသင္းေတြကစိတ္၀င္စားေနၾကေပမယ့္လည္း ကစားသမားကေတာ့ မန္ခ်က္စတာယူႏိုက္တက္ အသင္းနဲ႔ ေဒါ့မြန္အသင္းႏွစ္သင္းထဲက တစ္သင္းကိုသာ ေရြးခ်ယ္ဖို႔ ဆံုးျဖတ္ထားတယ္လို႔သိရပါတယ္။

[unicode]

Metro ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာမင်ဂမ် အသင်းရဲ့ လူငယ်ကွင်းလယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဘီလင်ဟမ် ကို ဒေါ့မွန်အသင်းနဲ့ အပြိုင် စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ခက်ခဲဖွယ်ရှိနေတယ်လို့သိရပါတယ်။ ဘီလင်ဟမ် နဲ့ ဘာမင်ဂမ် တို့ရဲ့ စာချူပ်သက်တမ်းဟာ ၂၀၂၁ခုနှစ်ရှိနေတာဖြစ်ပြီး ဒီကစားသမားလေးက မန်ချက်စတာယူနိုက်တက် အသင်းထက် ဒေါ့မွန်အသင်းကိုသာ ရွေးချယ်သွားဖို့ နီးစပ်နေတယ်လို့ ဂျာမဏီ သတင်းစာတွေက ဖော်ပြနေကြပါတယ်။

ဘီလင်ဟမ်ဟာ ဘာမင်ဂမ်အသင်းကြီးအတွက် အသက် ၁၆ နှစ်အရွယ်မှာပဲ ပါဝင်ကစားပေးနေရသူဖြစ်ကာ ဒီရာသီမှာ ပွဲပေါင်း ၃၀ ကျော်ပါဝင်ကစားပေးခဲ့ပြီး ၄ဂိုး သွင်းယူပေးထားနိုင်သလို ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ဘာမင်ဂမ် အသင်းက ဘီလင်ဟမ် အတွက်ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ လောက်ရရင် ရောင်းချသွားဖို့ဆုံးဖြတ်ထားတယ်လို့သိရပြီး ၎င်းကို အခြားအသင်းတွေကစိတ်ဝင်စားနေကြပေမယ့်လည်း ကစားသမားကတော့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ဒေါ့မွန်အသင်းနှစ်သင်းထဲက တစ်သင်းကိုသာ ရွေးချယ်ဖို့ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *