ေကာ္တင္ဟို ေခၚယူဖို႔ ေရပန္းအစားဆံုးျဖစ္လာတဲ့ ခ်ယ္လ္ဆီး

Premier League

ေကာ္တင္ဟို ေခၚယူဖို႔ ေရပန္းအစားဆံုးျဖစ္လာတဲ့ ခ်ယ္လ္ဆီး
———————–

ပရီးမီးယားလိဂ္ ကလပ္ခ်ယ္လ္ဆီးအသင္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းမွာ အငွားသြားေရာက္ ကစားေနတဲ့ ဘာစီလိုနာေတာင္ပံကစား သမား ေကာ္တင္ဟိုကို ေခၚယူဖို႔ အနီးစပ္ဆံုးျဖစ္ေနတယ္လို႔ Daily Mail ကေဖာ္ျပပါတယ္။ ၂၀၁၈ ခုနွစ္က လီဗာပူးလ္အသင္းကေန ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕သြားခဲ့တဲ့ ဘရာဇီးလ္သားဟာ စပိန္ေျမမွာ ထင္သေလာက္ ေျခစြမ္းျပႏိုင္ျခင္းမရွိတာေၾကာင့္ ဘာစီလိုနာ အသင္းက ဘိုင္ယန္ျမဴးနစ္အသင္းထံ အငွားခ်ခဲ့တာလည္းျဖစ္ပါတယ္။

ေနာက္ဆံုးထြက္ေပၚလာတဲ့ သတင္းေတြအရ ခ်ယ္လ္ဆီးအသင္းက ေကာ္တင္ဟိုကို ေခၚယူႏိုင္ဖို႔ ထိပ္ဆံုးကေရပန္းစားေနခဲ့တာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းက အသင္းနဲ႔ စာခ်ဴပ္သက္တမ္းကုန္ဆံုးေတာ့မယ့္ ၀ီလီယံ ရဲ႕ ေနရာမွာ အစားထိုးဖို႔ ေကာ္တင္ဟို ကိုေခၚယူဖို႔ ျပင္ဆင္လာခဲ့တာလည္းျဖစ္ပါတယ္။ ေကာ္တင္ဟိုကေတာ့ ဘာစီလိုနာအသင္းမွာ ေျခစြမ္းမျပႏိုင္သလို အငွားသြားေရာက္ကစားေနတဲ့ ဘိုင္ယန္ျမဴးနစ္အသင္းမွာလည္း ပံုမွန္ေျခစြမ္းမတည္ၿငိမ္တာေၾကာင့္ ဘာစီလိုနာ အသင္းနည္းျပ ဆက္တီယန္ကလည္း ေကာ္တင္ဟိုကို ျပန္လည္ေခၚယူဖို႔ စိတ္၀င္စားျခင္းမရွိဘူးလို႔ သိရပါတယ္။

[unicode]

ပရီးမီးယားလိဂ် ကလပ်ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားသွားရောက် ကစားနေတဲ့ ဘာစီလိုနာတောင်ပံကစား သမား ကော်တင်ဟိုကို ခေါ်ယူဖို့ အနီးစပ်ဆုံးဖြစ်နေတယ်လို့ Daily Mail ကဖော်ပြပါတယ်။ ၂၀၁၈ ခုနှစ်က လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ဘရာဇီးလ်သားဟာ စပိန်မြေမှာ ထင်သလောက် ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် ဘာစီလိုနာ အသင်းက ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ ချယ်လ်ဆီးအသင်းက ကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက အသင်းနဲ့ စာချူပ်သက်တမ်းကုန်ဆုံးတော့မယ့် ဝီလီယံ ရဲ့ နေရာမှာ အစားထိုးဖို့ ကော်တင်ဟို ကိုခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာလည်းဖြစ်ပါတယ်။ ကော်တင်ဟိုကတော့ ဘာစီလိုနာအသင်းမှာ ခြေစွမ်းမပြနိုင်သလို အငှားသွားရောက်ကစားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း ပုံမှန်ခြေစွမ်းမတည်ငြိမ်တာကြောင့် ဘာစီလိုနာ အသင်းနည်းပြ ဆက်တီယန်ကလည်း ကော်တင်ဟိုကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားခြင်းမရှိဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *