ေဒးဗစ္လုစ္ကို သက္တမ္းတိုးစာခ်ူပ္ ခ်ဴပ္ဆိုသြားဖို႔ ျပင္ဆင္ေနတဲ့ အာဆင္နယ္

Premier League

ေဒးဗစ္လုစ္ကို သက္တမ္းတိုးစာခ်ူပ္ ခ်ဴပ္ဆိုသြားဖို႔ ျပင္ဆင္ေနတဲ့ အာဆင္နယ္
———————

အာဆင္နယ္အသင္းဟာ ေနာက္ခံလူ ေဒးဗစ္လုစ္ကို ၂၀၂၁ခုႏွစ္ထိ အသင္းမွာ ဆက္ရွိေစမယ့္ ၁ ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုသြားမယ္လို႔ The Sun ကေဖာ္ျပသြားခဲ့ပါတယ္။ ေဒးဗစ္လုစ္ ဟာ နည္းျပ အာတီတာ လက္ေအာက္မွာ ပံုမွန္ပြဲထြက္ခြင့္ ရရွိထားသူတစ္ဦးျဖစ္ပါတယ္။ အာဆင္နယ္အသင္းကစားသမားေတြကေတာ့ လက္တေလာမွာ ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္ မိမိေနအိမ္ေတြမွာ သီးသန္႔ ေလ့က်င့္ေနၾကတာျဖစ္ၿပီး ေဒးဗစ္လုစ္ကေတာ့ အာဆင္နယ္ အသင္းကို ေျပာင္းေရြ႕ခဲ့တာနဲ႔ ပတ္သက္လို႔ ေျပာဆိုထာားခဲ့ပါတယ္။

ေဒးဗစ္လုစ္ကေျပာၾကားခဲ့ရာမွာေတာ့” ကၽြန္ေတာ္ အာဆင္နယ္ကို မေျပာင္းေရႊ႕ခင္ကတည္းက ခ်ယ္လ္ဆီး အသင္းကေနထြက္ခြာဖို႔ ဆံုးျဖတ္ၿပီးခဲ့ပါၿပီ၊ အဲ့လိုအခ်ိန္မွာ အာဆင္နယ္က ကမ္းလွမ္းလာေတာ့ လက္ခံလိုက္ပါတယ္။ ကၽြန္ေတာ္က ဆံုးျဖတ္ခ်က္တစ္ခု ခ်မွတ္ဖို႔ သိပ္ၿပီး အမ်ားႀကီးစဥ္းစားမေနပါဘူး၊ ခ်ယ္လ္ဆီးအသင္းကေနထြက္ခြာလာတဲ့ ခံစားခ်က္က အာဆင္နယ္ကို ေရာက္စမွာ သိပ္ကို ခက္ခဲပါတယ္” လို႔ ေဒးဗစ္လုစ္က ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ အာဆင္နယ္အသင္းကေတာ့ လက္ရွိမွာ အမွတ္ေပးဇယားရဲ႕ အဆင့္ ၉ ေနရာမွာရပ္တည္ေနၿပီး အဆင့္ေလး ေနရာက ခ်ယ္လ္ဆီးအသင္းနဲ႔ ၈ မွတ္ကြာဟေနပါတယ္။

[unicode]

အာဆင်နယ်အသင်းဟာ နောက်ခံလူ ဒေးဗစ်လုစ်ကို ၂၀၂၁ခုနှစ်ထိ အသင်းမှာ ဆက်ရှိစေမယ့် ၁ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားမယ်လို့ The Sun ကဖော်ပြသွားခဲ့ပါတယ်။ ဒေးဗစ်လုစ် ဟာ နည်းပြ အာတီတာ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့် ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ အာဆင်နယ်အသင်းကစားသမားတွေကတော့ လက်တလောမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မိမိနေအိမ်တွေမှာ သီးသန့် လေ့ကျင့်နေကြတာဖြစ်ပြီး ဒေးဗစ်လုစ်ကတော့ အာဆင်နယ် အသင်းကို ပြောင်းရွေ့ခဲ့တာနဲ့ ပတ်သက်လို့ ပြောဆိုထာားခဲ့ပါတယ်။

ဒေးဗစ်လုစ်ကပြောကြားခဲ့ရာမှာတော့” ကျွန်တော် အာဆင်နယ်ကို မပြောင်းရွှေ့ခင်ကတည်းက ချယ်လ်ဆီး အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ပြီးခဲ့ပါပြီ၊ အဲ့လိုအချိန်မှာ အာဆင်နယ်က ကမ်းလှမ်းလာတော့ လက်ခံလိုက်ပါတယ်။ ကျွန်တော်က ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ သိပ်ပြီး အများကြီးစဉ်းစားမနေပါဘူး၊ ချယ်လ်ဆီးအသင်းကနေထွက်ခွာလာတဲ့ ခံစားချက်က အာဆင်နယ်ကို ရောက်စမှာ သိပ်ကို ခက်ခဲပါတယ်” လို့ ဒေးဗစ်လုစ်က ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာရပ်တည်နေပြီး အဆင့်လေး နေရာက ချယ်လ်ဆီးအသင်းနဲ့ ၈ မှတ်ကွာဟနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *