ေပါ့ဂ္ဘာကို သတ္မွတ္ေစ်းထက္ ေလ်ာ့ၿပီးေရာင္းခ်သြားေတာ့မယ့္ မန္ခ်က္စတာယူႏိုက္တက္

Premier League

ေပါ့ဂ္ဘာကို သတ္မွတ္ေစ်းထက္ ေလ်ာ့ၿပီးေရာင္းခ်သြားေတာ့မယ့္ မန္ခ်က္စတာယူႏိုက္တက္
—————————-

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ သူတို႔ အသင္းရဲ႕ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ ေပါ့ဂ္ဘာကိုလာမယ့္ေႏြ၇ာသီမွာ ေစ်းေလ်ာ့ ေရာင္းခ်သြားမယ္လို႔ 90 minutes ကေဖာ္ျပသြားခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ အေျပင္းအေရႊ႕ေတြမွာ ေပါ့ဂ္ဘာကို ေရာင္းခ်ဖို႔ ေပါင္သန္း ၁၅၀ သတ္မွတ္ခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ ျပင္သစ္သားကို ေပါင္ သန္း ၁၀၀ ၀န္းက်င္နဲ႔ ေရာင္းခ်သြားေတာ့မွာျဖစ္တယ္လို႔သိရပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေရႊ႕မွာကတည္းက အသင္းကေနေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့တဲ့ေပါ့ဂ္ဘာဟာ လက္ရွိရာသီမွာ ေျခခ်င္း၀တ္ ဒဏ္ရာေၾကာင့္ ပြဲစဥ္ေတာ္တေတ္မ်ားမ်ားကို လြဲေခ်ာ္ထားသူျဖစ္ပါတယ္။

သိပ္မၾကာခင္မွာ အသင္းအတြက္ ျပန္ကစားေပးႏိုင္ေတာ့မယ္လို႔ သတင္းေတြထြက္ေပၚထားတဲ့ေပါ့ဂ္ဘာကို လက္ရွိအခ်ိန္မွာေတာ့ ယူႏိုက္တက္ က အေျပာင္းအေရႊ႕ကိစၥေတြနဲ႔ ပတ္သက္ၿပီး အၿပီးသတ္စီစဥ္မႈေတြျပဳလုပ္လာခဲ့တာျဖစ္တယ္လို႔သိရပါတယ္။အေျပာင္းအေရႊ႕ကိစၥေတြမွာ ေအးဂ်င့္ရိြဳင္အုိလာရဲ႕ ၾကား၀င္မႈေတြက ကစားသမားနဲ႔အသင္းၾကားကအေျခအေနေတြကို ပိုမိုဆိုးရြားေစခဲ့သလို အသင္းထံဖာနန္ဒက္စ္ ေရာက္ရွိလာျခင္းကလည္း ေပါ့ဂ္ဘာကိုေရာင္းခ်ဖို႔ အေျခအေနျဖစ္လာခဲ့တာျဖစ္ပါတယ္။ အသင္းမွာ ဆက္ထိန္းထားခ်င္တဲ့ ဆႏၵကို အသင္းဘက္က ျပင္ဆင္ခဲ့ၿပီးေနာက္မွာေတာ့ ေပါင္သန္း ၁၀၀ ေလာက္နဲ႔ ေရာင္းခ်ဖို႔ ဆံုးျဖတ္လာခဲ့တာျဖစ္ပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက် အသင်းဟာ သူတို့ အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ့ဂ်ဘာကိုလာမယ့်နွေရာသီမှာ ဈေးလျော့ ရောင်းချသွားမယ်လို့ 90 minutes ကဖော်ပြသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ အပြေင်းအရွှေ့တွေမှာ ပေါ့ဂ်ဘာကို ရောင်းချဖို့ ပေါင်သန်း ၁၅၀ သတ်မှတ်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ပြင်သစ်သားကို ပေါင် သန်း ၁၀၀ ဝန်းကျင်နဲ့ ရောင်းချသွားတော့မှာဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာကတည်းက အသင်းကနေပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ပေါ့ဂ်ဘာဟာ လက်ရှိရာသီမှာ ခြေချင်းဝတ် ဒဏ်ရာကြောင့် ပွဲစဉ်တော်တတေ်များများကို လွဲချော်ထားသူဖြစ်ပါတယ်။သိပ်မကြာခင်မှာ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ သတင်းတွေထွက်ပေါ်ထားတဲ့ပေါ့ဂ်ဘာကို လက်ရှိအချိန်မှာတော့ ယူနိုက်တက် က အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အပြီးသတ်စီစဉ်မှုတွေပြုလုပ်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။အပြောင်းအရွှေ့ကိစ္စတွေမှာ အေးဂျင့်ရွိုင်အိုလာရဲ့ ကြားဝင်မှုတွေက ကစားသမားနဲ့အသင်းကြားကအခြေအနေတွေကို ပိုမိုဆိုးရွားစေခဲ့သလို အသင်းထံဖာနန်ဒက်စ် ရောက်ရှိလာခြင်းကလည်း ပေါ့ဂ်ဘာကိုရောင်းချဖို့ အခြေအနေဖြစ်လာခဲ့တာဖြစ်ပါတယ်။ အသင်းမှာ ဆက်ထိန်းထားချင်တဲ့ ဆန္ဒကို အသင်းဘက်က ပြင်ဆင်ခဲ့ပြီးနောက်မှာတော့ ပေါင်သန်း ၁၀၀ လောက်နဲ့ ရောင်းချဖို့ ဆုံးဖြတ်လာခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *