လာမယ့္ရာသီမွာ ေဒါ့မြန္အသင္းကေန ဟာလန္း ထြက္ခြာဖြယ္ရွိမရွိ ရြိဳင္အိုလာ ဖြင့္ဟေျပာၾကား

Germany Bundesliga

လာမယ့္ရာသီမွာ ေဒါ့မြန္အသင္းကေန ဟာလန္း ထြက္ခြာဖြယ္ရွိမရွိ ရြိဳင္အိုလာ ဖြင့္ဟေျပာၾကား
—————————-

Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ နာမည္ႀကီးကစားသမားေတြရဲ႕ စူပါေအးဂ်င့္တစ္ဦးျဖစ္တဲ့ ရိြဳင္အုိလာကေတာ့ သူကိုင္တြယ္ထားတဲ့ က စားသမားေတြထဲက တစ္ဦးျဖစ္တဲ့ ဟာလန္း ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ထုတ္ေဖာ္ေျပာဆိုမႈေတြျပဳလုပ္သြားခဲပါတယ္။ ဟာလန္းဟာ ၿပီးခဲ့တဲ့ ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ ရက္ဘူးလ္ဆားလ္ဘတ္ အသင္းကေန ေဒါ့မြန္အသင္းထံေရာက္ရွိလာခဲ့သူျဖစ္ၿပီး ဂ်ာမန္ေျမမွာလည္း မထင္မွတ္ထားေလာက္ေအာင္ေျခစြမ္းျပသေနသူျဖစ္ၿပီး ဟာလန္းရဲ႕ ေျခစြမ္းေၾကာင့္ပဲ ဥေရာပအသင္းႀကီး ၎ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနၾကတာျဖစ္ပါတယ္။

သို႔ေပမယ့္ ဟာလန္းရဲ႕ ေအးဂ်င့္ျဖစ္သူ ရြိဳင္အိုလာကေတာ့” ဟာလန္းက ဆက္ၿပီးတိုးတက္ဖို႔ လိုေနပါေသးတယ္၊ သူေဒါ့မြန္မွာ ဆက္ၿပီးရွိေနဦးမွာပါ၊ ေနာက္ရာသီမွာေတာ့သူ အသင္းေျပာင္းေရႊ႕ျဖစ္ဦးမွာ မဟုတ္ဘူးလို႔ ” ရိြဳင္အိုလာက ေျပာၾကားခဲ့ပါတယ္။ဟာလန္းကေတာ့ ဘြန္ဒစ္လီဂါ ၈ ပြဲကစားၿပီးခ်ိန္မွာ ၉ဂိုး သြင္းယူထားခဲ့ပါတယ္။ ဟာလန္းကို မန္ခ်က္စတာယူႏိုက္တက္၊ ရီးရဲလ္ မက္ဒရစ္အသင္းအပါအ၀င္ ဥေရာပအသင္းႀကီးေတာ္ေတာ္မ်ားက ေစာင့္ၾကည့္ေနၾကပါတယ္။

[unicode]

Daily Mail ရဲ့ ဖော်ပြချက်အရ နာမည်ကြီးကစားသမားတွေရဲ့ စူပါအေးဂျင့်တစ်ဦးဖြစ်တဲ့ ရွိုင်အိုလာကတော့ သူကိုင်တွယ်ထားတဲ့ က စားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဟာလန်း ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုတွေပြုလုပ်သွားခဲပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ ရက်ဘူးလ်ဆားလ်ဘတ် အသင်းကနေ ဒေါ့မွန်အသင်းထံရောက်ရှိလာခဲ့သူဖြစ်ပြီး ဂျာမန်မြေမှာလည်း မထင်မှတ်ထားလောက်အောင်ခြေစွမ်းပြသနေသူဖြစ်ပြီး ဟာလန်းရဲ့ ခြေစွမ်းကြောင့်ပဲ ဥရောပအသင်းကြီး ၎င်းကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

သို့ပေမယ့် ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာကတော့” ဟာလန်းက ဆက်ပြီးတိုးတက်ဖို့ လိုနေပါသေးတယ်၊ သူဒေါ့မွန်မှာ ဆက်ပြီးရှိနေဦးမှာပါ၊နောက်ရာသီမှာတော့သူ အသင်းပြောင်းရွှေ့ဖြစ်ဦးမှာ မဟုတ်ဘူးလို့ ” ရွိုင်အိုလာက ပြောကြားခဲ့ပါတယ်။ဟာလန်းကတော့ ဘွန်ဒစ်လီဂါ ၈ ပွဲကစားပြီးချိန်မှာ ၉ဂိုး သွင်းယူထားခဲ့ပါတယ်။ ဟာလန်းကို မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ် မက်ဒရစ်အသင်းအပါအဝင် ဥရောပအသင်းကြီးတော်တော်များက စောင့်ကြည့်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *