ေကာ္တင္ဟိုကို ဘိုင္ယန္ က အၿပီးသတ္ေခၚယူမွာ မဟုတ္တဲ့အတြက္ ပရီးမီးယားလိဂ္ ကလပ္ေတြအၿပိဳင္စိတ္၀င္စားလာ

Germany Bundesliga

ေကာ္တင္ဟိုကို ဘိုင္ယန္ က အၿပီးသတ္ေခၚယူမွာ မဟုတ္တဲ့အတြက္ ပရီးမီးယားလိဂ္ ကလပ္ေတြအၿပိဳင္စိတ္၀င္စားလာ
————————-

ဘာစီလိုနာ အသင္းကေန ဘိုင္ယန္ျမူးနစ္ အသင္းထံအငွားသြားေရာက္ကစားေနတဲ့ ေကာ္တင္ဟို ကို ေခၚယူခ်င္တဲ့ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြမ်ားျပားေနခဲ့တယ္လို႔ သိရပါတယ္။ ေကာ္တင္ဟို လီဗာပူးလ္အသင္းကေန ဘာစီလိုနာအသင္းကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕သြားခဲ့ၿပီးေနာက္ပိုင္းမွာ ပံုမွန္ေျခစြမ္းျပဖို႔ ရုန္းကန္ေနခဲ့ရတာေၾကာင့္ စပိန္ကလပ္က ဘိုင္ယန္ျမဴးနစ္အသင္းထံ အငွားေစလႊတ္ထားခဲ့တာလည္းျဖစ္ပါတယ္။ ဘိုင္ယန္ျမူးနစ္အသင္းမွာလည္း ေျခစြမ္းျပသႏိုင္ျခင္းမရွိလို႔ ဂ်ာမန္ကလပ္က ဘာစီလိုနာထံ ျပန္လည္ေစလႊတ္ေတာ့မွာလည္းျဖစ္ပါတယ္။

ဘာစီလိုနာအသင္းကလည္း သူတို႔ရဲ႕ ကစားသမားကို အၿပီးသတ္ေရာင္းခ်သြားဖို႔ ရွိေနလို႔ ဒီအေျခအေနကို ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ လက္စတာ၊ ခ်ယ္လ္ဆီး၊ စပါးနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းေတြက ေစာင့္ၾကည့္ေနၿပီး ေကာ္တင္ဟိုကို အဂၤလန္ေျမဆီျပန္လည္ေခၚယူဖို႔ စိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။ ေကာ္တင္ဟိုကေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ၂၂ ပြဲကစားေပးၿပီး သြင္းဂိုး ၈ ဂိုးသြင္းယူထားႏိုင္ပါတယ္။

[unicoe]

ဘာစီလိုနာ အသင်းကနေ ဘိုင်ယန်မြူးနစ် အသင်းထံအငှားသွားရောက်ကစားနေတဲ့ ကော်တင်ဟို ကို ခေါ်ယူချင်တဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေများပြားနေခဲ့တယ်လို့ သိရပါတယ်။ ကော်တင်ဟို လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပြီးနောက်ပိုင်းမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရတာကြောင့် စပိန်ကလပ်က ဘိုင်ယန်မြူးနစ်အသင်းထံ အငှားစေလွှတ်ထားခဲ့တာလည်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း ခြေစွမ်းပြသနိုင်ခြင်းမရှိလို့ ဂျာမန်ကလပ်က ဘာစီလိုနာထံ ပြန်လည်စေလွှတ်တော့မှာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းကလည်း သူတို့ရဲ့ ကစားသမားကို အပြီးသတ်ရောင်းချသွားဖို့ ရှိနေလို့ ဒီအခြေအနေကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လက်စတာ၊ ချယ်လ်ဆီး၊ စပါးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက စောင့်ကြည့်နေပြီး ကော်တင်ဟိုကို အင်္ဂလန်မြေဆီပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ကော်တင်ဟိုကတော့ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂၂ ပွဲကစားပေးပြီး သွင်းဂိုး ၈ ဂိုးသွင်းယူထားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *