လာမယ့်နွေရာသီမှာ ရှာကွီရီ ကိုရောင်းချသွားဖို့ ပြင်ဆင်နေတဲ့ လီဗာပူးလ်

Premier League

လာမယ့်နွေရာသီမှာ ရှာကွီရီ ကိုရောင်းချသွားဖို့ ပြင်ဆင်နေတဲ့ လီဗာပူးလ်
———————



[unicode]

ပရီးမီးယားလိဂ် ကလပ် လီဗာပူးလ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဇာဒန်ရှာကွီရီကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ရောင်းချသွားဖွယ်စီစဉ်နေတယ်လို့ 90 Minutes uကဖော်ပြသွားခဲ့ပါတယ်။ အသက်၂၈ နှစ်အရွယ် ရှာကွီရီ ဟာ ၂၀၁၈ ခုနှစ်က စတုတ်စီးတီးအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်း နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး လီဗာပူးလ်အသင်း မှာ ပုံမှန်နေရာရရှိဖို့ ရုန်းကန်နေရသူတစ်ဦးဖြစ်ပြီးလက်ရှိရာသီမှာလည် လီဗာပူးလ်အသင်းအတွက် ပွဲဦးထွက် (၂)ပွဲသာ ကစားခွင့်ရရှိထားသူဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက ရှာကွီရီ အတွက်ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်း အလိုရှိတယ်လို့သိရပြီး ရှာကွီရီ ကို ဆီဗီလာအသင်း နဲ့ ရိုးမားအသင်းတို့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ လီဗာပူးလ်အသင်းက ကွင်းလယ်ကစားသမားတစ်ဦးခေါ်ယူချင်နေတာကြောင့် ရှာကွီရီ ကို အငှားချသွားဖို့အစီအစဉ်မရှိပဲ အပြီးသတ် ရောင်းချပြီးငွေကြေးရှာဖွေသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *