ဖာနန်ဒက်စ် ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးထုတ်ဖော်ချီးကျူးသွားခဲ့တဲ့ ၀က်ဖို့ဒ် နောက်ခံလူ

Premier League

ဖာနန်ဒက်စ် ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးထုတ်ဖော်ချီးကျူးသွားခဲ့တဲ့ ၀က်ဖို့ဒ် နောက်ခံလူ
——————



[unicode]

၀က်ဖို့ဒ်အသင်းရဲ့ နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ ကတ်တက်ကတော့ မန်ချက်စတာယူနိုက်တက် အသင်းကို ဇန်နဝါရီအပြေ ာင်းအရွှေ့ကာလမှာ ရောက်ရှိလာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးထုတ်ဖော်ချီးကျူးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ ဖာနန်ဒက်စ် ဟာ မထင်မှတ်ထားလောက်အောင် ယူနိုက်တက် ကို ရောက်ရှိခဲ့ပြီးကစားထားတဲ့ ပွဲတိုင်း အကောင်းဆုံးကစားထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဖာနန်ဒက်စ်ရဲ့ အကွက်မြင်မြင်ဘောလုံးပေးပို့မှုတွေက နောက်ခံလူတွေအတွက် တားဆီးဖို့ ခက်ခဲစေတယ်လို့လည်း ၎င်းကပြောပါတယ်။

ကတ်ကတ် က ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ချီးကျူးပြောဆိုခဲ့ရာမှာတော့” ဖာနန်ဒက်စ်က နောက်ခံလူတွေ လူကပ်ကစားဖို့ ခက်ခဲတဲ့ ကစားသမားတစ်ဦးပါ၊ အဓိကအားသာချက်ကတော့ တိုက်စစ်မှာ အမြဲလိုလို အကွက်မြင်မြင်ပေးပို့နိုင်မှုပါပဲ၊ Final Third Zone ထဲမှာဆိုရင် သူဟာ တိုက်စစ်ကို ဘောလုံးပေးပို့ဖို့အတွက် အားထုတ်တော့တာပါပဲ၊ ကျွန်တော်တို့ တစ်သင်းလုံး သူ့ရဲ့ ခြေစွမ်းကို သဘောကျခဲ့ပါတယ်” လို့ ၎င်းကပြောဆိုသွားခဲ့ပါတယ်။ ဖာနန်ဒက်စ် ရဲ့ ယူနိုက်တက် ကတော့ ဝက်ဖို့ဒ်နဲ့ ပွဲမှာ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ဖာနန်ဒက်စ်ကိုယ်တိုင် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော်မာရှယ်အတွက်လည်း သွင်းဂိုးတစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *