မန္စီးတီးကို ျငင္းဆန္ထားတဲ့ ဟာဗက္ ကိုစိတ္၀င္စားလာတဲ့ မန္ခ်က္စတာယူႏိုက္တက္

Premier League

မန္စီးတီးကို ျငင္းဆန္ထားတဲ့ ဟာဗက္ ကိုစိတ္၀င္စားလာတဲ့ မန္ခ်က္စတာယူႏိုက္တက္
——————–

ဂ်ာမန္ဘက္က ထြက္ေပၚလာတဲ့ သတင္းေတြရ ေလဗာကူစင္ အသင္းရဲ႕ ကြင္းလယ္ၾကယ္ပြင့္ကစားသမား ကိုင္ဟာဗက္ ကို ယူႏိုက္တက္ နည္းျပဆိုးလ္ရွားက ေခၚယူဖို႔ စိတ္၀င္စားလာတယ္လို႔သိရပါတယ္။ ဟာဗက္ကို ယူႏိုက္တက္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းက ေခၚယူဖို႔ ခ်ိတ္ဆက္ေနေပမယ့္ ကစားသမားက မန္စီးတီးအသင္းရဲ႕ ခ်န္ပီယံလိဂ္ ပိတ္ပင္ခံရမႈေၾကာင့္ ေျပာင္းေရႊ႕ဖို႔ စိတ္မ၀င္စားဘူးလို႔ သိရပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္ ရဲ႕ ခါးသီးၿပိဳင္ဘက္ လီဗာပူးလ္အသင္းကလည္း ဟာဗက္ရဲ႕ အေျခအေနကိုေစာင့္ၾကည့္ေနတာျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းကလည္း စိတ္၀င္စားေနတာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ဟာဗက္ကို ေခၚယူခ်င္တယ္ဆိုရင္ အဆိုပါအသင္းေတြနဲ႔ ၿပိဳင္ဆိုင္ရဖြယ္ေတာ့ရွိေနပါတယ္။

အသက္ ၂၀ ႏွစ္အရြယ္ ဟာဗက္ ရဲ႕တန္ေၾကးကို ေလဗာကူစင္အသင္းက ေပါင္သန္း ၁၀၀ ၀န္းက်င္ အလိုရွိေနတာျဖစ္ၿပီး ဒီကစားသမားက လက္ရွိရာသီမွာ ေလဗာကူစင္အသင္းအတြက္ ၿပိဳင္ပြဲစံု သြင္းဂိုး ၁၀ ဂိုးသြင္းယူေပးထားသလို ဂိုးဖန္တီးမႈ ၈ ႀကိမ္လည္းျပဳလုပ္ေပးထားသူပါ။ ဟာဗက္ရဲ႕ ေျခစြမ္းကိုယူႏိုက္တက္နည္းျပဆိုးလ္ရွားက သေဘာက်ေနတယ္လို႔သိရၿပီး အက္ဝုဒ္၀က္ဒ္ ကိုယ္တိုင္ကလည္း ဟာဗက္ကို ေခၚယူဖို႔ လိုလားမႈရွိတယ္လို႔သိရပါတယ္။ေလဗာကူစင္အသင္းကေတာ့ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ ဟာဗက္ကို ထိန္းသိမ္းရခက္မယ့္ အေျခအေနရွိတာေၾကာင့္ ထိုက္သင့္တဲ့ ေစ်းႏႈန္းရရွိမယ္ဆိုရင္ ေရာင္းခ်သြားဖြယ္ရွိေနပါတယ္။

[unicode]

ဂျာမန်ဘက်က ထွက်ပေါ်လာတဲ့ သတင်းတွေရ လေဗာကူစင် အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်ကစားသမား ကိုင်ဟာဗက် ကို ယူနိုက်တက် နည်းပြဆိုးလ်ရှားက ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့သိရပါတယ်။ ဟာဗက်ကို ယူနိုက်တက် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေပေမယ့် ကစားသမားက မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ် ပိတ်ပင်ခံရမှုကြောင့် ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက် ရဲ့ ခါးသီးပြိုင်ဘက် လီဗာပူးလ်အသင်းကလည်း ဟာဗက်ရဲ့ အခြေအနေကိုစောင့်ကြည့်နေတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားနေတာကြောင့် ယူနိုက်တက်အနေနဲ့ ဟာဗက်ကို ခေါ်ယူချင်တယ်ဆိုရင် အဆိုပါအသင်းတွေနဲ့ ပြိုင်ဆိုင်ရဖွယ်တော့ရှိနေပါတယ်။

အသက် ၂၀ နှစ်အရွယ် ဟာဗက် ရဲ့တန်ကြေးကို လေဗာကူစင်အသင်းက ပေါင်သန်း ၁၀၀ ဝန်းကျင် အလိုရှိနေတာဖြစ်ပြီး ဒီကစားသမားက လက်ရှိရာသီမှာ လေဗာကူစင်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၀ ဂိုးသွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၈ ကြိမ်လည်းပြုလုပ်ပေးထားသူပါ။ ဟာဗက်ရဲ့ ခြေစွမ်းကိုယူနိုက်တက်နည်းပြဆိုးလ်ရှားက သဘောကျနေတယ်လို့သိရပြီး အက်ဝုဒ်ဝက်ဒ် ကိုယ်တိုင်ကလည်း ဟာဗက်ကို ခေါ်ယူဖို့ လိုလားမှုရှိတယ်လို့သိရပါတယ်။လေဗာကူစင်အသင်းကတော့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဟာဗက်ကို ထိန်းသိမ်းရခက်မယ့် အခြေအနေရှိတာကြောင့် ထိုက်သင့်တဲ့ ဈေးနှုန်းရရှိမယ်ဆိုရင် ရောင်းချသွားဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *