ကိုရိုနာ ဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး စိုးရိမ္စိတ္ျမင့္မားေနတဲ့ ကန္ေတ ကို လက္က်န္ပြဲစဥ္ေတြ မကစားေစဖို႔ ခ်ယ္လ္ဆီးအသင္း စီစဥ္ေန

Premier League

ကိုရိုနာ ဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး စိုးရိမ္စိတ္ျမင့္မားေနတဲ့ ကန္ေတ ကို လက္က်န္ပြဲစဥ္ေတြ မကစားေစဖို႔ ခ်ယ္လ္ဆီးအသင္း စီစဥ္ေန
————————

ခ်ယ္လ္ဆီးကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ ကန္ေတ ဟာ ကိုရိုနာဗိုင္းရပ္စ္ေရာဂါကို ေၾကာက္ရြံ႕မႈေၾကာင့္ အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြကို လြဲေခ်ာ္ခဲ့ၿပီး လက္က်န္ေဘာလုံးရာသီတစ္ခုလုံးကို အသင္းနဲ႔အတူကစားျခင္းမျပဳဖို႔အတြက္ အသင္းဘက္ကခြင့္ျပဳမႈကိုရရွိဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ ကန္ေတ ဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က အသင္းရဲ႕ ေလ့က်င့္ေရးကြင္းကို လာေရာက္ခဲ့ၿပီး ေဆးစစ္မႈေတြခံယူခဲ့ေပမယ့္ လက္ရွိမွာေတာ့ သူ႔ရဲ့က်န္းမာေရးအေပၚ ကန္ေတ ဟာ စိုးရိမ္လြန္ကဲမႈေတြျဖစ္ေနတယ္လို႔သိရပါတယ္။

ကန္ေတရဲ႕ ညီအစ္ကိုျဖစ္သူတစ္ဦး ႏွလုံးေရာဂါေၾကာင့္ ေသဆုံးခဲ့ၿပီးေနာက္ ကန္ေတဟာ က်န္းမာေရးနဲ႔ပတ္သက္ၿပီး စိုးရိမ္စိတ္ေတြမ်ားျပားေနခဲ့တာျဖစ္တယ္လို႔ ၿဗိတိန္ သတင္းမီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ထို႔အတြက္ေၾကာင့္ အသင္းဘက္က ကစားသမားရဲ႕ စိတ္ထဲမွာရွင္းရွင္းလင္းလင္းျဖစ္တဲ့အခ်ိန္မွသာ အသင္းထံျပန္လာဖို႔ ခြင့္ျပဳေပးရန္စီစဥ္ေနတာျဖစ္ပါတယ္။ ကန္ေတရဲ႕ စိုးရိမ္မႈေတြကို ျမင့္မားေစခဲ့တဲ့ ေနာက္ထပ္ အခ်က္တစ္ခ်က္ကေတာ့ မ်ိဳးသားစာရင္းအင္းအခ်က္အလက္ထုတ္ျပန္ခ်က္မ်ားအရ ဗိုင္းရပ္စ္ေၾကာင့္ေသဆုံးသူေတြထဲမွာ လူမည္းေတြက ပိုမိုမ်ားျပားေနတယ္ဆိုတဲ့ အခ်က္ျဖစ္တယ္လုိ႔လည္းသိရပါတယ္။

[unicode]

ချယ်လ်ဆီးကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ကန်တေ ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကြောက်ရွံ့မှုကြောင့် အသင်းရဲ့ လေ့ ကျင့် ခန်းအစီအစဉ်တွေကို လွဲချော်ခဲ့ပြီး လက်ကျန်ဘောလုံးရာသီတစ်ခုလုံးကို အသင်းနဲ့အတူကစားခြင်းမပြုဖို့အတွက် အသင်းဘက်ကခွင့်ပြုမှုကိုရရှိဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ကန်တေ ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လာရောက်ခဲ့ပြီး ဆေးစစ်မှုတွေခံယူခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ကျန်းမာရေးအပေါ် ကန်တေ ဟာ စိုးရိမ်လွန်ကဲမှုတွေဖြစ်နေတယ်လို့သိရပါတယ်။ကန်တေရဲ့ ညီအစ်ကိုဖြစ်သူတစ်ဦး နှလုံးရောဂါကြောင့် သေဆုံးခဲ့ပြီးနောက် ကန်တေဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်တွေများပြားနေခဲ့တာဖြစ်တယ်လို့ ဗြိတိန် သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ထို့အတွက်ကြောင့် အသင်းဘက်က ကစားသမားရဲ့ စိတ်ထဲမှာရှင်းရှင်းလင်းလင်းဖြစ်တဲ့အချိန်မှသာ အသင်းထံပြန်လာဖို့ ခွင့်ပြုပေးရန်စီစဉ်နေတာဖြစ်ပါတယ်။ ကန်တေရဲ့ စိုးရိမ်မှုတွေကို မြင့်မားစေခဲ့တဲ့ နောက်ထပ် အချက်တစ်ချက်ကတော့ မျိုးသားစာရင်းအင်းအချက်အလက်ထုတ်ပြန်ချက်များအရ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူတွေထဲမှာ လူမည်းတွေက ပိုမိုများပြားနေတယ်ဆိုတဲ့ အချက်ဖြစ်တယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *