ကူလီဘာေလကို ေခၚယူႏိုင္ဖို႔ ၿပိုင္ဘက္ကင္းျဖစ္လာတဲ့ မန္ခ်က္စတာယူႏို္က္တက္

Premier League

ကူလီဘာေလကို ေခၚယူႏိုင္ဖို႔ ၿပိုင္ဘက္ကင္းျဖစ္လာတဲ့ မန္ခ်က္စတာယူႏို္က္တက္
—————-

ျပင္သစ္သတင္းစာ Le Parisien ရဲ႕ အဆိုအရ နာပိုလီ ခံစစ္မွဴး ကူလီဘာေလကို စိတ္၀င္စားေနတဲ့ အသင္းေတြထဲမွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းက ေနာက္ဆံုးက်န္ခဲ့တဲ့ အသင္းျဖစ္ၿပီး ေခၚယူႏိုင္ဖို႔ ေရပန္းအစားဆံုးျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ ကူလီဘာေလကို ပီအက္စ္ဂ်ီအသင္းကလည္း ေခၚယူဖို႔ စိတ္၀င္စားခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ပီအက္စ္ဂ်ီအသင္းက ကူလီဘာေလရဲ႕ အသက္အရြယ္အေၾကာင့္ ႏႈတ္ထြက္သြားခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

ဆီနီေဂါသားရဲ့လက္ရွိတန္ေၾကးက ေပါင္ ၅၀ သန္းရွိေနၿပီး ယူႏိုက္တက္ အေနနဲ႔ ကူလီဘာေလကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္ၿပီး ေအးေအးလူလူေခၚယူႏိုင္ေတာ့မယ့္ အေျခအေနျဖစ္လာခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ ေနာက္ခံလူေဟာင္းတစ္ဦးျဖစ္တဲ့ ဖာဒီနန္ကလည္း ယူႏိုက္တက္ ရဲ႕ ခံစစ္ပိုင္းမွာ မက္ဂြဲယားနဲ႔ တြဲဖက္ေပးဖို႔ ကူလီဘာေလ ကို ေခၚယူသင့္ေၾကာင္း သံုးသပ္ထားပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာလက္တေလာ ထြက္ေပၚထားတဲ့ ေၾကြးၿမီးျပႆနာတိုးပြာလာမႈေတြေၾကာင့္ လာမယ့္ေႏြရာသီမွာ ကစားသမားေကာင္းေတြေခၚယူသြားမလားဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

[unicode]

ပြင်သစ်သတင်းစာ Le Parisien ရဲ့ အဆိုအရ နာပိုလီ ခံစစ်မှူး ကူလီဘာလေကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက် အသင်းက နောက်ဆုံးကျန်ခဲ့တဲ့ အသင်းဖြစ်ပြီး ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ကူလီဘာလေကို ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီအသင်းက ကူလီဘာလေရဲ့ အသက်အရွယ်အကြောင့် နှုတ်ထွက်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆီနီဂေါသားရဲ့လက်ရှိတန်ကြေးက ပေါင် ၅၀ သန်းရှိနေပြီး ယူနိုက်တက် အနေနဲ့ ကူလီဘာလေကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး အေးအေးလူလူခေါ်ယူနိုင်တော့မယ့် အခြေအနေဖြစ်လာခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ ဖာဒီနန်ကလည်း ယူနိုက်တက် ရဲ့ ခံစစ်ပိုင်းမှာ မက်ဂွဲယားနဲ့ တွဲဖက်ပေးဖို့ ကူလီဘာလေ ကို ခေါ်ယူသင့်ကြောင်း သုံးသပ်ထားပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာလက်တလော ထွက်ပေါ်ထားတဲ့ ကြွေးမြီးပြဿနာတိုးပွာလာမှုတွေကြောင့် လာမယ့်နွေရာသီမှာ ကစားသမားကောင်းတွေခေါ်ယူသွားမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *