အေလ့က်ေပါက္ေလ့ရွိတဲ့ သပြတ္သီးရဲ့ ထူးျခားတဲ့ က်န္းမာေရးအာနိသင္မ်ား

KNOWLEDGE

အေလ့က်ေပါက္ေလ့ရွိတဲ့ သပြတ္သီးရဲ့ ထူးျခားတဲ့ က်န္းမာေရးအာနိသင္မ်ား
——————

သပြတ္သီးရဲ့အရွည္က ၂၄ လက္မေလာက္ရွိပါတယ္။ အစိမ္းေရာင္အခြံေပၚမွာ အျဖဴေရာင္အစင္းေလးေတြရွိပါတယ္။အလည္ကအူတိုင္ကိုေတာ့ ေခ်းတြန္းၾကပါတယ္ေနာ္။အဂၤလိပ္လိုေတာ့ Luffa လို႔လည္းေခၚသလို Sponge Gourd လို႔လည္းေခၚပါတယ္။ Antioxidant , ဗီတာမင္နဲ႔ သတၱဳဓါတ္ အဟာရဓါတ္ေတြပါ၀င္ပါတယ္။ ဗီတာမင္ A နဲ႔ ကာဗြန္ဟိုက္ဒရိတ္ဓါတ္ေတြလည္းပါ၀င္ပါတယ္။ ဗီတာမင္ B5၊ မဂၢနိစ္၊ ပိုတက္ဆီယမ္၊ ေၾကးနီ၊ အမွ်င္ဓါတ္၊ ဗီတာမင္ B6၊ ဗီတာမင္ C နဲ႔ မဂၢနီဆီယမ္ဓါတ္ေတြလည္းပါ၀င္ပါတယ္။မ်က္လံုးအတြက္ေကာင္းမြန္ေစတယ္ – ဗီတာမင္ A ပါ၀င္လို႔ အျမင္အာရံုကိုၾကည္လင္ေစၿပီး မ်က္လံုးကိုက်န္းမာေစပါတယ္။ မ်က္လံုးနဲ႔ပတ္သတ္တဲ့ ေ၀ဒနာေတြနဲ႔လည္း ကင္းေ၀းေစပါတယ္။ႏွလံုးေသြးေၾကာအတြက္ေကာင္းမြန္တယ္ – မေကာင္းတဲ့ကိုလက္စေရာေတြကို က်ဆင္းေစၿပီး ႏွလံုးေသြးေၾကာကို က်န္းမာေစပါတယ္။

ဆီးခ်ိဳကာကြယ္ေပးတယ္ – ဆီးခ်ိဳေရာဂါျဖစ္ပြားမႈကို အေကာင္းဆံုးကာကြယ္ေပးႏိုင္တဲ့ အသီးျဖစ္ပါတယ္။ၾကြက္သားနာက်င္ျခင္းကိုကာကြယ္ေပးတယ္ – ပိုတက္ဆီယမ္ပါ၀င္လို႔ ၾကြက္သားကို က်န္းမာေစၿပီး ၾကြက္သားနာက်င္ျခင္းကေန ကာကြယ္ေပးႏိုင္ပါတယ္။အဆစ္အျမစ္နာတာကိုသက္သာေစတယ္ – ေၾကးနီဓါတ္ပါ၀င္ၿပီး ေရာင္ရမ္းမႈကိုသက္သာေစလို႔ အဆစ္အျမစ္နာက်င္ကိုက္ခဲတာကို သက္သာေပ်ာက္ကင္းေစၿပီး ၾကြက္သားကို သန္မာေစသလို သစ္ရႈးေတြကို ျပဳျပင္ေပးပါတယ္။ေသြးအားနည္းေရာဂါကိုကုသေပးတယ္ – ဗီတာမင္ B6 ပါ၀င္ၿပီး ေသြးအားနည္းေရာဂါကို သက္သာေပ်ာက္ကင္းေစပါတယ္။အေရျပားက်န္းမာေရး – ဗီတာမင္ C စားသံုးမႈျမင့္မားမယ္ဆိုရင္ အသားအေရေျခာက္ေသြ႔တာ အေရးေၾကာင္းျဖစ္ေပၚတာကို သက္သာေစၿပီးအသက္အရြယ္အိုမင္းရင့္ေရာ္မႈကို ေႏွာင့္ေႏွးေစႏိုင္ပါတယ္။ ဒီအသီးမွာလည္း ဗီတာမင္ C ၾကြယ္၀စြာပါ၀င္ပါတယ္။ေခါင္းကိုက္ျခင္းကိုသက္သာေစတယ္ – မဂၢနီဆီယမ္ဓါတ္ပါ၀င္လို႔ ေခါင္းတစ္ၿခမ္းကိုက္တာ ေခါင္းကိုက္တာေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။ဦးေႏွာက္က်န္းမာေရး – ဦးေႏွာက္အတြက္လိုအပ္တဲ့ ေအာက္ဆီဂ်င္ကို ေပးႏိုင္လို႔ ဦးေႏွာက္ကိုက်န္းမာေစၿပီး မွတ္ဥာဏ္ကိုတိုးတက္ေစပါတယ္။

credit – မူရင္း

[unicode]

သပွတ်သီးရဲ့အရှည်က ၂၄ လက်မလောက်ရှိပါတယ်။ အစိမ်းရောင်အခွံပေါ်မှာ အဖြူရောင်အစင်းလေးတွေရှိပါတယ်။အလည်ကအူတိုင်ကိုတော့ ချေးတွန်းကြပါတယ်နော်။အင်္ဂလိပ်လိုတော့ Luffa လို့လည်းခေါ်သလို Sponge Gourd လို့လည်းခေါ်ပါတယ်။ Antioxidant , ဗီတာမင်နဲ့ သတ္တုဓါတ် အဟာရဓါတ်တွေပါဝင်ပါတယ်။ ဗီတာမင် A နဲ့ ကာဗွန်ဟိုက်ဒရိတ်ဓါတ်တွေလည်းပါဝင်ပါတယ်။ ဗီတာမင် B5၊ မဂ္ဂနိစ်၊ ပိုတက်ဆီယမ်၊ ကြေးနီ၊ အမျှင်ဓါတ်၊ ဗီတာမင် B6၊ ဗီတာမင် C နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေလည်းပါဝင်ပါတယ်။မျက်လုံးအတွက်ကောင်းမွန်စေတယ် – ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကိုကြည်လင်စေပြီး မျက်လုံးကိုကျန်းမာစေပါတယ်။ မျက်လုံးနဲ့ပတ်သတ်တဲ့ ဝေဒနာတွေနဲ့လည်း ကင်းဝေးစေပါတယ်။နှလုံးသွေးကြောအတွက်ကောင်းမွန်တယ် – မကောင်းတဲ့ကိုလက်စရောတွေကို ကျဆင်းစေပြီး နှလုံးသွေးကြောကို ကျန်းမာစေပါတယ်။ဆီးချိုကာကွယ်ပေးတယ် – ဆီးချိုရောဂါဖြစ်ပွားမှုကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ အသီးဖြစ်ပါတယ်။ကြွက်သားနာကျင်ခြင်းကိုကာကွယ်ပေးတယ် – ပိုတက်ဆီယမ်ပါဝင်လို့ ကြွက်သားကို ကျန်းမာစေပြီး ကြွက်သားနာကျင်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။အဆစ်အမြစ်နာတာကိုသက်သာစေတယ် – ကြေးနီဓါတ်ပါဝင်ပြီး ရောင်ရမ်းမှုကိုသက်သာစေလို့ အဆစ်အမြစ်နာကျင်ကိုက်ခဲတာကို သက်သာပျောက်ကင်းစေပြီး ကြွက်သားကို သန်မာစေသလို သစ်ရှုးတွေကို ပြုပြင်ပေးပါတယ်။သွေးအားနည်းရောဂါကိုကုသပေးတယ် – ဗီတာမင် B6 ပါဝင်ပြီး သွေးအားနည်းရောဂါကို သက်သာပျောက်ကင်းစေပါတယ်။အရေပြားကျန်းမာရေး – ဗီတာမင် C စားသုံးမှုမြင့်မားမယ်ဆိုရင် အသားအရေခြောက်သွေ့တာ အရေးကြောင်းဖြစ်ပေါ်တာကို သက်သာစေပြီးအသက်အရွယ်အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေနိုင်ပါတယ်။ ဒီအသီးမှာလည်း ဗီတာမင် C ကြွယ်ဝစွာပါဝင်ပါတယ်။ခေါင်းကိုက်ခြင်းကိုသက်သာစေတယ် – မဂ္ဂနီဆီယမ်ဓါတ်ပါဝင်လို့ ခေါင်းတစ်ခြမ်းကိုက်တာ ခေါင်းကိုက်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။ဦးနှောက်ကျန်းမာရေး – ဦးနှောက်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကို ပေးနိုင်လို့ ဦးနှောက်ကိုကျန်းမာစေပြီး မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *