စပို႔တင္းရဲ႕ အသက္ ၁၇ ႏွစ္အရြယ္ ခံစစ္အစြန္လူငယ္ေလးကို ေပါင္ ၁၀ သန္းနဲ႔ ေခၚယူဖို႔ ေဆြးေႏြးေနတဲ့ ယူႏိုက္တက္

Premier League

စပို႔တင္းရဲ႕ အသက္ ၁၇ ႏွစ္အရြယ္ ခံစစ္အစြန္လူငယ္ေလးကို ေပါင္ ၁၀ သန္းနဲ႔ ေခၚယူဖို႔ ေဆြးေႏြးေနတဲ့ ယူႏိုက္တက္
————————–

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ ဇန္န၀ါရီအေျပာင္းအေရႊ႕ကမွ စပို႔တင္းလစၥဘြန္း အသင္းရဲ႕ ကြင္းလယ္ကစားသမား ဘရူႏိုဖာနန္ဒက္စ္ကို ေခၚယူခဲ့တာျဖစ္ၿပီး ဒီတစ္ခါမွလည္း ႏူႏိုမန္ဒက္စ္ ဆိုတဲ့ ၁၇ ႏွစ္အရြယ္လူငယ္ေလးကို ေခၚယူဖို႔ စပို႔တင္းနဲ႔ ေဆြးေႏြးေနတယ္လို႔ Daily Star ကေဖာ္ျပသြားခဲ့ပါတယ္။ႏူႏိုမန္ဒက္စ္ဟာ တိုက္စစ္အားသန္တဲ့ ခံစစ္အစြန္လူျဖစ္ၿပီး ေပၚတူဂီသားေလးကို နည္းျပအိုေလဂန္ဆိုးလ္ရွားက ေခၚယူဖို႔ မ်က္စိက်ေနတာျဖစ္ပါတယ္။ မန္ဒက္စ္ နဲ႔ စပို႔တင္းတို႔ရဲ႕ စာခ်ူပ္သက္တမ္းက ၂၀၂၁ ႏွစ္အထိသက္တမ္းက်န္ရွိေနပါေသးတယ္။

မန္ဒက္စ္အတြက္ ကလပ္ႏွစ္သင္းၾကားေဆြးေႏြးေနတာျဖစ္ၿပီး ယူနိုက္တက္ အေနနဲ႔ ေပါင္ ၁၀ သန္းေပးေခ်သြားရဖြယ္ရွိေနပါတယ္။ မန္ဒက္စကေတာ့ စပို႔တင္းရဲ႕ ၂ ႏွစ္သက္တမ္းနဲ႔ ကမ္းလွမ္းလာတဲ့ စာခ်ဴပ္သစ္ကို ျငင္းဆန္ပယ္ခ်ထားတယ္လို႔သိရပါတယ္။ စပို႔တင္းအသင္းဥကၠဌ ဖရက္ဒ္ရီကိုဗာရန္ဒက္စ္ကေတာ့ မန္ဒက္စ္ အတြက္ ကမ္းလွမ္းမႈေတြ ေရာက္ရွိေနတယ္လို႔ အတည္ျပဳထားပါတယ္။ မန္ဒက္စ္ကို ပရီးမီးယားလိဂ္ကလပ္ ၀ုလ္ဗ္ အသင္းကလည္းစိတ္၀င္စားေနသလို စပိန္ နဲ႔ အီတလီကလပ္ေတြကလည္း စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကမှ စပို့တင်းလစ္စဘွန်း အသင်းရဲ့ ကွင်းလယ်ကစား သမား ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး ဒီတစ်ခါမှလည်း နူနိုမန်ဒက်စ် ဆိုတဲ့ ၁၇ နှစ်အရွယ်လူငယ်လေးကို ခေါ်ယူဖို့ စပို့တင်းနဲ့ ဆွေးနွေးနေတယ်လို့ Daily Star ကဖော်ပြသွားခဲ့ပါတယ်။နူနိုမန်ဒက်စ်ဟာ တိုက်စစ်အားသန်တဲ့ ခံစစ်အစွန်လူဖြစ်ပြီး ပေါ်တူဂီသားလေးကို နည်းပြအိုလေဂန်ဆိုးလ်ရှားက ခေါ်ယူဖို့ မျက်စိကျနေတာဖြစ်ပါတယ်။ မန်ဒက်စ် နဲ့ စပို့တင်းတို့ရဲ့ စာချူပ်သက်တမ်းက ၂၀၂၁ နှစ်အထိသက်တမ်းကျန်ရှိနေပါသေးတယ်။

မန်ဒက်စ်အတွက် ကလပ်နှစ်သင်းကြားဆွေးနွေးနေတာဖြစ်ပြီး ယူနိုက်တက် အနေနဲ့ ပေါင် ၁၀ သန်းပေးချေသွားရဖွယ်ရှိနေပါတယ်။ မန်ဒက်စကတော့ စပို့တင်းရဲ့ ၂ နှစ်သက်တမ်းနဲ့ ကမ်းလှမ်းလာတဲ့ စာချူပ်သစ်ကို ငြင်းဆန်ပယ်ချထားတယ်လို့သိရပါတယ်။ စပို့တင်းအသင်းဥက္ကဌ ဖရက်ဒ်ရီကိုဗာရန်ဒက်စ်ကတော့ မန်ဒက်စ် အတွက် ကမ်းလှမ်းမှုတွေ ရောက်ရှိနေတယ်လို့ အတည်ပြုထားပါတယ်။ မန်ဒက်စ်ကို ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ် အသင်းကလည်းစိတ်ဝင်စားနေသလို စပိန် နဲ့ အီတလီကလပ်တွေကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *