အေစီမီလန် ကွင်းလယ်လူကို ခေါ်ယူဖို့ မျက်စိကျနေတဲ့ အာဆင်နယ်

Premier League

အေစီမီလန် ကွင်းလယ်လူကို ခေါ်ယူဖို့ မျက်စိကျနေတဲ့ အာဆင်နယ်
——————-



[unicode]

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ၂၀၁၇ ခုနှစ်က အတ္တလန္တာအသင်းကနေ အေစီမီလန်အသင်းကို အငှားနဲ့သွားရောက်ကစားခဲ့ပြီးနောက် ခြေစွမ်းပြကာ အပြီးသတ်ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ ဖရန့်ကတ်ဆီကို ခေါ်ယူချင်နေပါတယ်။ကတ်ဆီဟာ ဒီရာသီအေစီမီလန်အသင်းနဲ့အတူ ပွဲပေါင်း ၂၅ ပွဲအထိ ပါဝင်ကစားခဲ့ပြီး အသင်းအတွက် သွင်းဂိုး ၁ ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးထားပါတယ်။ အာဆင်နယ်အသင်းဟာ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူသော့မက်စ်ပါတေးကိုခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ပါတေးရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၄၃ သန်းရှိနေတာက အာဆင်နယ်အသင်းအတွက် အခက်အခဲတစ်ခုအဖြစ်ရှိနေပါတယ်။အာတီတာဟာ လာမယ့်ရာသီမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းအဓိကထားပြင်ဆင်ချင်နေပြီး ကတ်ဆီကတော့ သူဟာ အေစီမီလန်မှာပဲ အ နာဂတ်ဆက်ရှိနေမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြောကြားထားတာရှိပါတယ်။ အာဆင်နယ်အသင်း နွေရာသီမှာ ကတ်ဆီကို ခေါ်ယူဖို့ ပြင်ဆင်ထားပေမယ့် ပေါင် ၁၈ သန်းသာ ပေးချေလိုနေတယ်လို့ သိရပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကတော့ သူ့ကစားသမားဟာ မီလန်မှပျော်ရွှင်နေကြောင်းနဲ့ အနာဂတ်မှာလည်း ဒီအသင်းမှာသာ ဆက်ရှိနေမယ့်အကြောင်းပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *