သံုးေယာက္တြဲႀတိဂံတိုက္စစ္ေနာက္မွာ ေပါ့ဂ္ဘာ နဲ႔ ဖာနန္ဒက္စ္ကို အသံုးျပဳသြားျခင္းျဖင့္ ေထာက္ပံမႈေကာင္းေတြရရွိမယ္လို႔ ယံုၾကည္ေနတဲ့ ယူႏိုက္တက္

Premier League

သံုးေယာက္တြဲႀတိဂံတိုက္စစ္ေနာက္မွာ ေပါ့ဂ္ဘာ နဲ႔ ဖာနန္ဒက္စ္ကို အသံုးျပဳသြားျခင္းျဖင့္ ေထာက္ပံမႈေကာင္းေတြရရွိမယ္လို႔ ယံုၾကည္ေနတဲ့ ယူႏိုက္တက္
————————–

မန္ခ်က္စတာယူႏိုက္တက္ အသင္းကေတာ့ ဖာနန္ဒက္စ္နဲ႔ ေပါ့ဂ္ဘာတို႔ကို ကြင္းလယ္မွာအတူတြဲကစားေစျခင္းက တိုက္စစ္ပိုင္းက ဂရင္းဝုဒ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ကို အေကာင္းဆုံးအက်ိဳးျပဳနိုင္လိမ့္မယ္လို႔ ယူဆေနပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ အဆိုပါ ကစားသမားေတြေၾကာင့္ တြဲဖက္မႈကေနပရီးမီးယားလိဂ္ရဲ့ အေကာင္းဆုံးတိုက္စစ္ကြင္းလယ္ စုဖြဲ႕မႈကိုရရွိနိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ထား ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္နဲ႔ မာရွယ္တို႔ရဲ့ တိုက္စစ္ဟာ ေပါ့ဂ္ဘာျပန္ကစားနိုင္ခဲ့ရင္ အသင္းအတြက္ ပိုေကာင္းလာလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

ျပင္သစ္သားဟာ ဒီရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕ ပြဲစဥ္ေတာ္ေတာ္မ်ားမ်ားကုိ လြဲေခ်ာ္ထားၿပီး ပရီးမီးယားလိဂ္ ၈ ပြဲသာ ကစားေပးထားႏိုင္တာလည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေပါ့ဂ္ဘာရဲ႕ ႀကံ႕ခိုင္မႈဟာ ျပန္လည္ျပည့္၀လာခဲ့ၿပီး အရင္လိုေျခစြမ္းမ်ိူးကို ျပန္လည္ရရွိလာလိမ့္မယ္လို႔ ယူႏိုက္တက္ ကေမွ်ာ္လင့္ေနပါတယ္။ ယူႏိုက္တက္ ဟာ ေဘာလံုးပြဲေတြျပန္လည္စတင္ခ်ိန္မွာ အသင္းရဲ႕ သံုးေယာက္တြဲ ႀတိဂံတိုက္စစ္ေနာက္မွာ ေပါ့ဂ္ဘာနဲ႔ ဖာနန္ဒက္စ္တို႔ကို ထားကစားဖို႔ ျပင္ဆင္ေနတာလည္းျဖစ္ပါတယ္။ သို႔ေသာ္လည္း ေပါ့ဂ္ဘာကို ယူႏိုက္တက္ က လက္ရွိအခ်ိန္အထိ သက္တမ္းတိုးစာခ်ူပ္ခ်ူပ္ဆိုႏိုင္ျခင္းမရွိေသးတာကိုေတာ့ ေတြ႕ရပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဖာနန်ဒက်စ်နဲ့ ပေါ့ဂ်ဘာတို့ကို ကွင်းလယ်မှာအတူတွဲကစားစေခြင်းက တိုက်စစ်ပိုင်းက ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ကို အကောင်းဆုံးအကျိုးပြုနိုင်လိမ့်မယ်လို့ ယူဆနေပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ အဆိုပါ ကစားသမားတွေကြောင့် တွဲဖက်မှုကနေပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်ကွင်းလယ် စုဖွဲ့မှုကိုရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ထား ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်နဲ့ မာရှယ်တို့ရဲ့ တိုက်စစ်ဟာ ပေါ့ဂ်ဘာပြန်ကစားနိုင်ခဲ့ရင် အသင်းအတွက် ပိုကောင်းလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ပြင်သစ်သားဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပွဲစဉ်တော်တော်များများကို လွဲချော်ထားပြီး ပရီးမီးယားလိဂ် ၈ ပွဲသာ ကစားပေးထားနိုင်တာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပေါ့ဂ်ဘာရဲ့ ကြံ့ခိုင်မှုဟာ ပြန်လည်ပြည့်ဝလာခဲ့ပြီး အရင်လိုခြေစွမ်းမျိူးကို ပြန်လည်ရရှိလာလိမ့်မယ်လို့ ယူနိုက်တက် ကမျှော်လင့်နေပါတယ်။ ယူနိုက်တက် ဟာ ဘောလုံးပွဲတွေပြန်လည်စတင်ချိန်မှာ အသင်းရဲ့ သုံးယောက်တွဲ တြိဂံတိုက်စစ်နောက်မှာ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့ကို ထားကစားဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ သို့သော်လည်း ပေါ့ဂ်ဘာကို ယူနိုက်တက် က လက်ရှိအချိန်အထိ သက်တမ်းတိုးစာချူပ်ချူပ်ဆိုနိုင်ခြင်းမရှိသေးတာကိုတော့ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *