ဂျက်ဂရီလစ်ခ်ျ အတွက် အသင်းက ကစားသမား (၅)ထဲက တစ်ဦးကို ရွေးချယ်ခွင့်နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတဲ့ ယူနိုက်တက်
Premier League
ဂျက်ဂရီလစ်ခ်ျ အတွက် အသင်းက ကစားသမား (၅)ထဲက တစ်ဦးကို ရွေးချယ်ခွင့်နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတဲ့ ယူနိုက်တက်
———————-
မန်ချက်စတာယူနိုက်တက် အသင်းဟာ အက်စတွန်ဗီလာအသင်းက ကွင်းလယ်လူ ဂျက်ဂရီလစ်ခ်ျ အတွက် အသင်းက ကစားသမား (၅) ဦးထဲက တစ်ဦးကို စိတ်ကြိုက်ရွေးခွင့်နဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ Manchester Evening News ကဖော်ပြခဲ့ပါတယ်။ ယူနိုက်တက် နည်းပြ အိုလေဂန်နာဆိုးလ်ရှား ဟာ ဂရီလစ်ခ်ျကို လာမယ့်နွေရာသီမှာခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး အေဗီလာကတော့ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၈၀ သတ်မှတ်ထားပါတယ်။
[unicode]
မန်ချက်စတာယူနိုက်တက် အသင်းဟာ အက်စတွန်ဗီလာအသင်းက ကွင်းလယ်လူ ဂျက်ဂရီလစ်ချ် အတွက် အသင်းက ကစား သမား (၅) ဦးထဲက တစ်ဦးကို စိတ်ကြိုက်ရွေးခွင့်နဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ Manchester Evening News ကဖော်ပြခဲ့ပါတယ်။ ယူနိုက်တက် နည်းပြ အိုလေဂန်နာဆိုးလ်ရှား ဟာ ဂရီလစ်ချ်ကို လာမယ့်နွေရာသီမှာခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး အေဗီလာကတော့ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၈၀ သတ်မှတ်ထားပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းက အက်စတွန်ဗီလာအသင်းကို ရွေးချယ်ခွင့်ပေးထားတဲ့ ကစားသမား (၅)ဦးထဲမှာ ကွင်းလယ်ကစား သမားတစ်ဦးဖြစ်တဲ့ လင်ဂတ် နဲ့ ပါရဲယား တို့ပါဝင်နေသလို နောက်ခံကစားသမားတွေဖြစ်တဲ့ ဖီးလ်ဂျူံး၊ ရိုဂျိူ နဲ့ စမောလင်းတို့ ပါဝင်နေပါတယ်။ သို့သော်လည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းချက်ကို အက်စတွန်ဗီလာအသင်းက စိတ် ဝင်စားလားဆိုတဲ့ အချက်ကလည်းရှိနေပါသေးတယ်။ အက်စတွန်ဗီလာအသင်းကတော့ တန်းဆင်းခဲ့ရမယ်ဆိုရင်တောင် ဂရီလစ်ချ်ကို ပေါင်သန်း ၈၀ထက်လျော့ပြီးရောင်းချသွားမှာမဟုတ်ဘူးလို့ ကြေငြာထားပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *