ယူႏိုက္တက္ကေန ေပါ့ဂ္ဘာ အျမန္ဆံုးထြက္ခြာႏိုင္ေအာင္လို႔ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ေဆြးေႏြးေနတဲ့ ရိြဳင္အိုလာ

Premier League

ယူႏိုက္တက္ကေန ေပါ့ဂ္ဘာ အျမန္ဆံုးထြက္ခြာႏိုင္ေအာင္လို႔ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ေဆြးေႏြးေနတဲ့ ရိြဳင္အိုလာ
——————–

မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕ ကြင္းလယ္ကစသမားတစ္ဦးျဖစ္တဲ့ ေပါ့ဂ္ဘာကို အိုးထရက္ဖို႔ဒ္ ကလပ္ကေန အျမန္ဆံုး ထြက္ခြာႏိုင္ဖို႔အတြက္ ေအးဂ်င့္ျဖစ္တဲ့ ရိုင္အိုလာက ကစားသမားရဲ႕ အသင္းေဟာင္းျဖစ္တဲ့ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ လွ်ိဴ႕၀ွက္ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြထြက္ေပၚလို႔လာပါတယ္။ ယူႏိုက္တက္ ရဲ႕ အေျပာင္းအေရႊ႕ေတြ႕မွာ အၿမဲလိုခေလာက္ဆန္တက္တဲ့ ရိြဳင္အိုလာ အခုအခါမွာလည္း ျပင္သစ္သားရဲ႕ အေျပာင္းအေရႊ႕အတြက္ ဂ်ဳဗင္တပ္စ္တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးခဲ့တာလို႔ ျပင္သစ္သတင္းမီဒီယာတစ္ခုျဖစ္တဲ့ Le10Sport က ေဖာ္ျပခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္က ေပါ့ဂ္ဘာကို ေပါင္းသန္း ၈၉ သန္း နဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းထံ ေရာင္းခ်ခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ လက္ရွိအခ်ိန္မွာေတာ့ ျပန္လည္ေခၚယူခ်င္ေနၿပီး ယူႏိုက္တက္ နည္းျပဆိုးလ္ရွားကေတာ့ ေပါ့ဂ္ဘာကို အသင္းမွာဆက္ထိန္းထားၿပီး ဖာနန္ဒက္စ္နဲ႔ တြဲဖက္ေပးဖို႔ ဆႏၵရွိေနပါတယ္။ ယူႏိုက္တက္ ပရိသတ္ေတြကလည္း ဘ႐ူနိုဖာနန္ဒက္စ္နဲ႔ ေပါ့ဂ္ဘာတို႔ရဲ့ ကြင္းလယ္တြဲဖက္မႈကို ျမင္ေတြ႕ခ်င္ေနၾကၿပီး ရြိဳင္းအိုလာကေတာ့ ဆိုးလ္ရွား နဲ႔ ယူႏိုက္တက္ ပရိသတ္ေတြရဲ႕ဆႏၵကို ဖ်က္ဆီးပစ္ဖုိ႔ ႀကံစည္ေနတာလည္းျဖစ္ပါတယ္။ ေပါ့ဂ္ဘာ နဲ႔ ယူႏိုက္တက္ တို႔ရဲ႕အေျခအေနကို ရီးရဲလ္မက္ဒရစ္ အသင္းကလည္း ေစာင့္ၾကည့္ေနတယ္လို႔သိရပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစသမားတစ်ဦးဖြစ်တဲ့ ပေါ့ဂ်ဘာကို အိုးထရက်ဖို့ဒ် ကလပ်ကနေ အမြန်ဆုံး ထွက် ခွာနိုင်ဖို့အတွက် အေးဂျင့်ဖြစ်တဲ့ ရိုင်အိုလာက ကစားသမားရဲ့ အသင်းဟောင်းဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ လျှိူ့ဝှက်ဆွေ းနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လို့လာပါတယ်။ ယူနိုက်တက် ရဲ့ အပြောင်းအရွှေ့တွေ့မှာ အမြဲလိုခလောက် ဆန်တက်တဲ့ ရွိုင်အိုလာ အခုအခါမှာလည်း ပြင်သစ်သားရဲ့ အပြောင်းအရွှေ့အတွက် ဂျုဗင်တပ်စ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တာလို့ ပြင်သစ်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Le10Sport က ဖော်ပြခဲ့ပါတယ်။၂၀၁၆ ခုနှစ်က ပေါ့ဂ်ဘာကို ပေါင်းသန်း ၈၉ သန်း နဲ့ မန်ချက်စတာယူနိုက်တက်အသင်းထံ ရောင်းချခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ လက်ရှိအချိန်မှာတော့ ပြန်လည်ခေါ်ယူချင်နေပြီး ယူနိုက်တက် နည်းပြဆိုးလ်ရှားကတော့ ပေါ့ဂ်ဘာကို အသင်းမှာဆက်ထိန်းထားပြီး ဖာနန်ဒက်စ်နဲ့ တွဲဖက်ပေးဖို့ ဆန္ဒရှိနေပါတယ်။ ယူနိုက်တက် ပရိသတ်တွေကလည်း ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါ့ဂ်ဘာတို့ရဲ့ ကွင်းလယ်တွဲဖက်မှုကို မြင်တွေ့ချင်နေကြပြီး ရွိုင်းအိုလာက တော့ ဆိုးလ်ရှား နဲ့ ယူနိုက်တက် ပရိသတ်တွေရဲ့ဆန္ဒကို ဖျက်ဆီးပစ်ဖို့ ကြံစည်နေတာလည်းဖြစ်ပါတယ်။ ပေါ့ဂ်ဘာ နဲ့ ယူနိုက်တက် တို့ရဲ့အခြေအနေကို ရီးရဲလ်မက်ဒရစ် အသင်းကလည်း စောင့်ကြည့်နေတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *