အသဲကင်ဆာလက်တွေ့ပျောက်ကင်းခဲ့တဲ့ ဆရာတော်ကြီးတစ်ပါးရဲ့ ကိုယ်တွေ့ဆေးနည်း

KNOWLEDGE

အသဲကင်ဆာလက်တွေ့ပျောက်ကင်းခဲ့တဲ့ ဆရာတော်ကြီးတစ်ပါးရဲ့ ကိုယ်တွေ့ဆေးနည်း
——————-

တလောက အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်က သူငယ်ချင်း စာချဘုန်းကြီးတစ်ပါး အသဲကင်ဆာဖြစ်လို့ ရန်ကုန်ဆေးရုံတက်တဲ့အကြောင်း သူ့တပည့်ရဲ့ FB မှာတွေ့ရတယ်။ ဒီဆေးနည်းလေးပြောပြလိုက်ပါလို့တော့ ပြောမိရဲ့။ ပြောသလားတော့မသိ။ယနေ့တော့ ပဋ္ဌာန်း သင်တန်းသူ တစ်ဦးရဲ့ဆွေမျိုးတစ်ဦး အသဲကင်ဆာ ဖြစ်နေတယ်လို့သိရပြန်တယ်။ သူ့ဆွေးမျိုးက မြန်မာပြည်မှာပါ။အသဲကင်ဆာ ဆိုရင် ဆေးနည်း ရှိတယ်လို့ပြောလိုက်မိတယ်။သူကအပူတပြင်းတောင်းတယ်လေ။ ခုလာယူရမလားတဲ့။ဆေးမရှိပါ။ ဆေးနည်း သာ သိထားတာပါ။ ဆေးကုတဲ့ဘုန်းကြီးလည်း မဟုတ်ပါ။ ဒါပေမဲ့ တတ်နိုင်သလောက်တော့ ကူညီချင်တယ်ပေါ့။ဒါကြောင့် ဒီ ဆေးနည်း ကို မရေးမဖြစ်တော့ အမြန်ရေးလိုက်ရတယ်။ ရေးဖြစ်အောင်တိုက်တွန်းပေးလို့လဲ ကျေးဇူးတင်ရပါတယ်။ဆေးနည်းတို(ဆေးမြီးတို)ဆိုတော့ လူတွေက သိပ်လည်းတန်ဖိုးမထားတတ်ကြဘူးလေ။ ဆေးရဲ့ကုန်ကျစရိတ်တန်ဖိုးက သိပ်မရှိတော့ တန်ဖိုးမရှိသလိုထင်ပြီး တန်ဖိုးမထားတတ်တာ ထင်ပါရဲ့။ဒါ့ကြောင့် ဒီဆေးရဲ့ သမိုင်းအကျဉ်းလေးပြောပြပါရစေ။မြစ်ကြီးနားမြို့၊ ဝန်သိုစာသင်တိုက်က ဆရာတော်ကြီး က သက်တော် ၉၀ ရှိပါပြီ။ နိုင်ငံတော် သံဃမဟာနက အဖွဲ့မှ အနားယူနေတဲ့ နိုင်ငံတော် သြဝါဒါစရိယဆရာတော်ကြီးပါ။ အဘိဓဇမဟာရဋ္ဌဂုရု စတဲ့ ဘွဲ့တံဆိတ် များကိုလည်း ရရှိထားတဲ့ဆရာတော်ကြီးပါ။ ဘွဲ့တော်က ဘဒ္ဒန္တ သီလဝံသ လို့ထင်ပါတယ်။ဆရာတော်ကြီး မှာ ၂၀၁၃ ခုနှစ်က အသဲကင်ဆာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ဆရာတော်ကြီးဖြစ်လို့မို့နိုင်ငံတော် အစိုးရက ရန်ကုန်ပင့်ပြီး ကုသပါတယ်။ ဆေးရုံမှ သုံးလသာ ခံတော့မယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။မြန်မာပြည် မှာ မရရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆေးရုံတွေမှာ ရနိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့နိုင်ငံတော်အစိုးရက ဘန်ကောက်ကိုပို့ပြီး ကုသပေးခဲ့ပါတယ်။ဘန်ကောက်ဆေးရုံကလည်း ရောဂါလွန်နေပြီးမို့ သုံးလသာ ခံတော့မယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။အားလုံးက လက်လျှော့ပြီး ဆရာတော်ကြီးကို ပြန်ပင့်လာကြတယ်။ ရန်ကုန်ဆေးရုံတောင်မှ မထားတော့ပါဘူး။ မြစ်ကြီးနား ဝန်သိုကျောင်းတိုက်အထိ ပြန်ပို့ပေးကြပါတယ်။အသက်ရှိနေတုန်းပြန်ပို့တဲ့သဘောပေါ့လေ။

သယ်ယူတဲ့ဒုက္ခတွေမများပဲ ဈာပနကိစ္စတွေ စီစဉ်နိုင်အောင်လို့ မူလကျောင်းအထိပြန်ပို့လိုက်တယ်လို့ ဆိုရမလိုပါပဲ။သက်တော်ကလည်း ၉၀။ ရောဂါကလည်း ကြွမ်းနေပြန်၊ ဖြစ်တာကလဲ သိပ်နုတဲ့ အသဲ(အသည်း)။ မျှော်လင့်ချက်က သိပ်နည်းလွန်းနေပြီလေ။တနည်းတော့လည်း သုံလအတွင်းမှာ စီစဉ်သင့်တာတွေစီစဉ်၊တပည့်ဒါယကာ ဒါယိကာမတွေလည်းအားရအောင် ဖူးမျှော်ရအောင်ပေါ့။ခုလို့ မူလကျောင်းပြန်ပို့လိုက်တာလဲ သိပ်မှန်တယ်လို့ဆိုရမှာပါ။ ဆေးရုံမှာထားရင် ဆေးရုံများကပြောသလို သုံးလပြည့်ရင် ပျံလွန်တော်မူမှာ သေချာသလောက်ပါ။ကျောင်းပြန်ရောက်တဲ့အခါမှာ သစ်သီး သစ်ရွက် ဆေးနည်း ကိုမှီဝဲ သုံးဆောင်တော်မူပါတယ်။တစ်လလောက်သောက်ပြီးတဲ့အခါ အတော်လေးကျန်းမာလာတယ်။ အစားအသောက်တွေလည်း ပြန်ကောင်းလာတယ်။ အသားအရေတွေလည်း ပြန်ပြီး စိုပြေလာတယ်။မြန်မာဆေးလေးကိုသောက်ပြီး သုံးလဆိုတဲ့ နေ့လေးကိုစောင့်နေခဲ့တယ်။သုံးလပြည့်တော့လည်း လန်းလန်းဆန်းဆန်း၊ ပိုလို့တောင် ကျန်းမာလာပါတယ်။သုံးလကျော် လေးလစွန်းတော့ အခြေအနေသိရအောင်လို့ ရန်ကုန်ဆေးရုံကို ပြန်ပြီး စစ်ဆေးပါတယ်။အဖြေက- အသဲကင်ဆာ မရှိတော့ပါ တဲ့။သုံးလ ဆရာတော်ကြီး ဟာ ယခုဆို ၂-နှစ်ကျော်လို့ သုံးနှစ်တောင်ပြည့်ပါတော့မယ်။ကျန်းကျန်းမာမာနဲ့ မြစ်ကြီးနားမြို့၊ ဝန်းသိုလ်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူလျှက်ပါ။(လွန်ခဲ့တဲ့ ၇-နှစ်လောက်က စာရေးသူ မြတ်ပဋ္ဌာန်း မြစ်ကြီးနားရောက်စဉ်က ဖူးမြော်ခွင့်ရခဲ့ပါတယ်။ အလွန်ကြည်ညိုစရာကောင်းတဲ့အပြင် ခင်မင်စရာ ချစ်ခင်စရာကောင်းလှပါတယ်။) ဆရာတော်ကြီး သုံးစွဲတဲ့ ဆေးမှာ – (၁) နံနက်ပိုင်းမှာ ကညွတ်ပင် သတ္ထုရည် (အပင်ကိုထုထောင်းပြီးအရည်ညှစ်တယ်)၎င်းအရည် တစ်ဖန်ခွက် တိုက်ပါတယ်။(၂) နေ့လည်မှာ မြေရှောက်ဆီးဖြူ (တောဆီးဖြူ လို့လည်းခေါ်တယ်)၎င်းအပင် ပဉ္စငါးပါး (တပင်လုံး)ကို သုံးခွက် တစ်ခွက် ကြို ပြီး တစ်ဖန်ခွက် တိုက်ပါတယ်။(၃) ညနေမှာ မင်းကွတ်သီး ကို အညှာမှတပါး အားလုံးကို ကြိတ်ခြေပြီး ဟင်းစားဇွန်းကြီး တစ်ဇွန်းတိုက်ပါတယ်။ (မင်းကွတ်သီးကို ကြိတ်ပြီး ထန်းလျက်အနည်းငယ်နှင့် ကျို ။ ရေခဲသေတ္တာ မှာသိမ်းပါက အဆင်ပြေတယ်။ မကျိုက မှိုတက်တယ်။)ဒီ ဆေးသုံးမျိုးကို နေ့စဉ်တိုက်ပါတယ်။ဆရာတော်ကြီး ၏ အနီးနေ တပည့်ကြီး ဦးကေတုမာလာ(မြစ်ကြီးနားဆရာတော်) ပြောပြ၍ သိရခြင်းပါ။ လက်တွေ့ဆေးနည်းပါ။(ဆေးပစ္စည်း အပင် အသီးများကိုလည်း ပူးတွဲဖေါ်ပြထားပါတယ်။)အသဲကင်ဆာ ဝေဒနာရှင်များ ယုံယုံကြည်ကြည် သုံးစွဲပြီး ပျောက်ကင်းကြပါစေလို့ စေတနာ မေတ္တာဖြင့် ဆုတောင်းပတ္ထနာ ပြုလိုက်ပါတယ်။

credit – မူရင်း

[unicode]

တလောက အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်က သူငယ်ချင်း စာချဘုန်းကြီးတစ်ပါး အသဲကင်ဆာဖြစ်လို့ ရန်ကုန်ဆေးရုံတက်တဲ့အကြောင်း သူ့တပည့်ရဲ့ FB မှာတွေ့ရတယ်။ ဒီဆေးနည်းလေးပြောပြလိုက်ပါလို့တော့ ပြောမိရဲ့။ ပြောသလားတော့မသိ။ယနေ့တော့ ပဋ္ဌာန်း သင်တန်းသူ တစ်ဦးရဲ့ဆွေမျိုးတစ်ဦး အသဲကင်ဆာ ဖြစ်နေတယ်လို့သိရပြန်တယ်။ သူ့ဆွေးမျိုးက မြန်မာပြည်မှာပါ။အသဲကင်ဆာ ဆိုရင် ဆေးနည်း ရှိတယ်လို့ပြောလိုက်မိတယ်။သူကအပူတပြင်းတောင်းတယ်လေ။ ခုလာယူရမလားတဲ့။ဆေးမရှိပါ။ ဆေးနည်း သာ သိထားတာပါ။ ဆေးကုတဲ့ဘုန်းကြီးလည်း မဟုတ်ပါ။ ဒါပေမဲ့ တတ်နိုင်သလောက်တော့ ကူညီချင်တယ်ပေါ့။ဒါကြောင့် ဒီ ဆေးနည်း ကို မရေးမဖြစ်တော့ အမြန်ရေးလိုက်ရတယ်။ ရေးဖြစ်အောင်တိုက်တွန်းပေးလို့လဲ ကျေးဇူးတင်ရပါတယ်။ဆေးနည်းတို(ဆေးမြီးတို)ဆိုတော့ လူတွေက သိပ်လည်းတန်ဖိုးမထားတတ်ကြဘူးလေ။ ဆေးရဲ့ကုန်ကျစရိတ်တန်ဖိုးက သိပ်မရှိတော့ တန်ဖိုးမရှိသလိုထင်ပြီး တန်ဖိုးမထားတတ်တာ ထင်ပါရဲ့။ဒါ့ကြောင့် ဒီဆေးရဲ့ သမိုင်းအကျဉ်းလေးပြောပြပါရစေ။မြစ်ကြီးနားမြို့၊ ဝန်သိုစာသင်တိုက်က ဆရာတော်ကြီး က သက်တော် ၉၀ ရှိပါပြီ။ နိုင်ငံတော် သံဃမဟာနက အဖွဲ့မှ အနားယူနေတဲ့ နိုင်ငံတော် သြဝါဒါစရိယဆရာတော်ကြီးပါ။ အဘိဓဇမဟာရဋ္ဌဂုရု စတဲ့ ဘွဲ့တံဆိတ် များကိုလည်း ရရှိထားတဲ့ဆရာတော်ကြီးပါ။ ဘွဲ့တော်က ဘဒ္ဒန္တ သီလဝံသ လို့ထင်ပါတယ်။ဆရာတော်ကြီး မှာ ၂၀၁၃ ခုနှစ်က အသဲကင်ဆာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ဆရာတော်ကြီးဖြစ်လို့မို့နိုင်ငံတော် အစိုးရက ရန်ကုန်ပင့်ပြီး ကုသပါတယ်။ ဆေးရုံမှ သုံးလသာ ခံတော့မယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။မြန်မာပြည် မှာ မရရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆေးရုံတွေမှာ ရနိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့နိုင်ငံတော်အစိုးရက ဘန်ကောက်ကိုပို့ပြီး ကုသပေးခဲ့ပါတယ်။ဘန်ကောက်ဆေးရုံကလည်း ရောဂါလွန်နေပြီးမို့ သုံးလသာ ခံတော့မယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။အားလုံးက လက်လျှော့ပြီး ဆရာတော်ကြီးကို ပြန်ပင့်လာကြတယ်။ ရန်ကုန်ဆေးရုံတောင်မှ မထားတော့ပါဘူး။ မြစ်ကြီးနား ဝန်သိုကျောင်းတိုက်အထိ ပြန်ပို့ပေးကြပါတယ်။အသက်ရှိနေတုန်းပြန်ပို့တဲ့သဘောပေါ့လေ။ သယ်ယူတဲ့ဒုက္ခတွေမများပဲ ဈာပနကိစ္စတွေ စီစဉ်နိုင်အောင်လို့ မူလကျောင်းအထိပြန်ပို့လိုက်တယ်လို့ ဆိုရမလိုပါပဲ။သက်တော်ကလည်း ၉၀။ ရောဂါကလည်း ကြွမ်းနေပြန်၊ ဖြစ်တာကလဲ သိပ်နုတဲ့ အသဲ(အသည်း)။ မျှော်လင့်ချက်က သိပ်နည်းလွန်းနေပြီလေ။တနည်းတော့လည်း သုံလအတွင်းမှာ စီစဉ်သင့်တာတွေစီစဉ်၊တပည့်ဒါယကာ ဒါယိကာမတွေလည်းအားရအောင် ဖူးမျှော်ရအောင်ပေါ့။ခုလို့ မူလကျောင်းပြန်ပို့လိုက်တာလဲ သိပ်မှန်တယ်လို့ဆိုရမှာပါ။ ဆေးရုံမှာထားရင် ဆေးရုံများကပြောသလို သုံးလပြည့်ရင် ပျံလွန်တော်မူမှာ သေချာသလောက်ပါ။ကျောင်းပြန်ရောက်တဲ့အခါမှာ သစ်သီး သစ်ရွက် ဆေးနည်း ကိုမှီဝဲ သုံးဆောင်တော်မူပါတယ်။တစ်လလောက်သောက်ပြီးတဲ့အခါ အတော်လေးကျန်းမာလာတယ်။ အစားအသောက်တွေလည်း ပြန်ကောင်းလာတယ်။ အသားအရေတွေလည်း ပြန်ပြီး စိုပြေလာတယ်။မြန်မာဆေးလေးကိုသောက်ပြီး သုံးလဆိုတဲ့ နေ့လေးကိုစောင့်နေခဲ့တယ်။သုံးလပြည့်တော့လည်း လန်းလန်းဆန်းဆန်း၊ ပိုလို့တောင် ကျန်းမာလာပါတယ်။သုံးလကျော် လေးလစွန်းတော့ အခြေအနေသိရအောင်လို့ ရန်ကုန်ဆေးရုံကို ပြန်ပြီး စစ်ဆေးပါတယ်။အဖြေက- အသဲကင်ဆာ မရှိတော့ပါ တဲ့။သုံးလ ဆရာတော်ကြီး ဟာ ယခုဆို ၂-နှစ်ကျော်လို့ သုံးနှစ်တောင်ပြည့်ပါတော့မယ်။ကျန်းကျန်းမာမာနဲ့ မြစ်ကြီးနားမြို့၊ ဝန်းသိုလ်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူလျှက်ပါ။(လွန်ခဲ့တဲ့ ၇-နှစ်လောက်က စာရေးသူ မြတ်ပဋ္ဌာန်း မြစ်ကြီးနားရောက်စဉ်က ဖူးမြော်ခွင့်ရခဲ့ပါတယ်။ အလွန်ကြည်ညိုစရာကောင်းတဲ့အပြင် ခင်မင်စရာ ချစ်ခင်စရာကောင်းလှပါတယ်။) ဆရာတော်ကြီး သုံးစွဲတဲ့ ဆေးမှာ – (၁) နံနက်ပိုင်းမှာ ကညွတ်ပင် သတ္ထုရည် (အပင်ကိုထုထောင်းပြီးအရည်ညှစ်တယ်)၎င်းအရည် တစ်ဖန်ခွက် တိုက်ပါတယ်။(၂) နေ့လည်မှာ မြေရှောက်ဆီးဖြူ (တောဆီးဖြူ လို့လည်းခေါ်တယ်)၎င်းအပင် ပဉ္စငါးပါး (တပင်လုံး)ကို သုံးခွက် တစ်ခွက် ကြို ပြီး တစ်ဖန်ခွက် တိုက်ပါတယ်။(၃) ညနေမှာ မင်းကွတ်သီး ကို အညှာမှတပါး အားလုံးကို ကြိတ်ခြေပြီး ဟင်းစားဇွန်းကြီး တစ်ဇွန်းတိုက်ပါတယ်။ (မင်းကွတ်သီးကို ကြိတ်ပြီး ထန်းလျက်အနည်းငယ်နှင့် ကျို ။ ရေခဲသေတ္တာ မှာသိမ်းပါက အဆင်ပြေတယ်။ မကျိုက မှိုတက်တယ်။)ဒီ ဆေးသုံးမျိုးကို နေ့စဉ်တိုက်ပါတယ်။ဆရာတော်ကြီး ၏ အနီးနေ တပည့်ကြီး ဦးကေတုမာလာ(မြစ်ကြီးနားဆရာတော်) ပြောပြ၍ သိရခြင်းပါ။ လက်တွေ့ဆေးနည်းပါ။(ဆေးပစ္စည်း အပင် အသီးများကိုလည်း ပူးတွဲဖေါ်ပြထားပါတယ်။)အသဲကင်ဆာ ဝေဒနာရှင်များ ယုံယုံကြည်ကြည် သုံးစွဲပြီး ပျောက်ကင်းကြပါစေလို့ စေတနာ မေတ္တာဖြင့် ဆုတောင်းပတ္ထနာ ပြုလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *