ဖာနန်ဒက်စ်ကို ခေါ်ယူခဲ့စဉ်က သဘောတူထားခဲ့တဲ့ စာချူပ်တစ်ရပ်ကြောင့် စပို့တင်းကို အပိုဆုကြေးပေးချေရတော့မယ့် ယူနိုက်တက်

Premier League

ဖာနန်ဒက်စ်ကို ခေါ်ယူခဲ့စဉ်က သဘောတူထားခဲ့တဲ့ စာချူပ်တစ်ရပ်ကြောင့် စပို့တင်းကို အပိုဆုကြေးပေးချေရတော့မယ့် ယူနိုက်တက်
————————-

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာကို အနိုင်ရရှိခဲ့ပြီးနောက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရသွားခဲ့တာကြောင့် စပို့တင်းလစ္စဘွန်းထံကို အပိုဆုကြေး ပေါင် ၄.၅ သန်းပေးချေရတော့မယ်လို့သိရပါတယ်။ ယူနိုက်တက် တို့ဟာ ဖာနန်ဒက်စ်ကို ခေါ်ယူခဲ့စဉ်အခါက သဘောတူထားခဲ့တဲ့ စာချူပ်တစ်ရပ်ကြောင့် အခုလိုပေးချေရမှာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို ပေါင် ၆၈ သန်းနဲ့ ခေါ်ခဲ့တာ ဖြစ်ပေမဲ့ ပေါင် ၄၇ သန်းသာ ကနဦး ပေးချေထားခဲ့တာဖြစ်ပြီး ပေါင် ၆၈ သန်း ပြည့်ဖို့အတွက် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရင် ပေါင် ၄.၅ သန်း ပေးမယ်ဆိုပြီး သဘောတူထားခဲ့တယ်လို့လည်းသိရပါတယ်။ ပေါ်တူဂီသားဟာ အသင်းကို ရောက်လာပြီးနောက် ပရီးမီးယားလိဂ်မှာ ၁၄ ပွဲ ကစားပြီးချိန်မှာ ၈ ဂိုး သွင်းထားကာ ၇ ဂိုး ဖန်တီးထားတဲ့အထိစွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့သလို ယူနိုက်တက် ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မှာလည်း အရေးပါတဲ့ နေရာကနေပါဝင်ခဲ့သူဖြစ်ပါတယ်။

[unicode]

Leave a Reply

Your email address will not be published. Required fields are marked *