ယူနိုက်တက် ပရိသတ်တွေကြားမှာ ဒွိဟဖြစ်နေတဲ့ မေးခွန်းကို ဖြေကြားပေးလိုက်တဲ့ ဂရင်းဝုဒ်

Premier League

ယူနိုက်တက် ပရိသတ်တွေကြားမှာ ဒွိဟဖြစ်နေတဲ့ မေးခွန်းကို ဖြေကြားပေးလိုက်တဲ့ ဂရင်းဝုဒ်
————————-

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဆယ်ကျော်သက် တိုက်စစ်မှုးလေး မေဆင် ဂရင်းဝုဒ် ကတော့ အသင်းပရိသတ်တွေအပေါ် ဝန်ခံမှုတစ်ခုပြုလုပ်သွားခဲ့ပါတယ်။ ယူနိုက်တက် ပရိသတ်တွေချစ်စနိုးနဲ့ သစ်သားစိမ်းလေးလို့ တင်စားခေါ်ဝေါ်ခံရသူ ဂရင်းဝုဒ်ဟာ သွင်းဂိုးတွေကို ဘည်ခြေ ညာခြေ မရွေးကန်သွင်းယူတက်သူတစ်ဦးဖြစ်ပြီး လက်ရှိရာသီမှာလည်း မန်ချက်စတာယူနိုက်တက် အသင်းအတွက် သွင်းဂိုး ၁၇ ဂိုးသွင်းယူပေးထားပါတယ်။ အင်္ဂလန်တိုက်စစ်မှူးလေးဟာ ဘယ်သန် လား ၊ ညာသန် လားဆိုတဲ့ မေးခွန်းတစ်ခု ဟာ ယူနိုက်တက်ပရိသတ်တွေကြားမှာ ပေါ်ထွက်လာခဲ့ပြီးနောက်မှာတော့ ဂရင်းဝုဒ်က အခုလိုဖြေကြားပေးသွားခဲ့ပါတယ်။

Sky Sports ရဲ့ အင်တာဗျုး အစီအစဉ်တစ်ခုမှာ ယူနိုက်တက် ဂန္ဓဝင်ကြီး ဂယ်ရီနဗီးလ် က ဂရင်းဝုဒ် ကို ဘယ်သန်လား ညာသန်လား ဆိုတဲ့ မေးခွန်း ကို မေးမြန်းခဲ့တာ ဖြစ်ပြီး ဂရင်းဝုဒ် ကဖြေကြားခဲ့ရာမှာတော့ “ဒီမေးခွန်းကိုဖြေရမှာဆိုရင်တော့ ကျွန်တော်ကတော့ ဘယ် လို့ ဖြေရမှာပါပဲ ။ ဒီရာသီ မှာ သွင်းယူထားခဲ့တဲ့ ဂိုး အများစု ကလည်း ဘယ်ခြေ နဲ့ ကန်သွင်းခဲ့တာပါ” လို့ ဖြေကြား ခဲ့ ပါတယ် ။ ဆက်လက်ပြီး ဂရင်းဝုဒ်က ကျွန်တော် လေ့ကျင့်ရေးကွင်းမှာဆိုရင် ဘယ်ခြေ နဲ့ ညာခြေ လေ့ကျင့်တာချင်းအတူတူပါပဲ ဘယ်ခြေကန်သလိုမျိုး ညာခြေ နဲ့ ကန်ကြည့် ရင်းလေ့ကျင့် ဖြစ်လာတာပါ” လို့ လည်း ၎င်းကဆက်လက်ဖြေကြားသွားခဲ့ပါတယ်။

[unicode]

Leave a Reply

Your email address will not be published. Required fields are marked *