ဆန်ချိူကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပထမဆုံးအကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံလိုက်ရတဲ့ မန်ချက်စတာယူနိုက်တက်

Premier League

ဆန်ချိူကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပထမဆုံးအကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံလိုက်ရတဲ့ မန်ချက်စတာယူနိုက်တက်
—————————-

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ဆန်ချိုအတွက် ပထမဆုံးအကြိမ်ကမ်းလှမ်းမှုကို ဒေါ့မွန်အသင်းက ပယ်ချသွားခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့သွားပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဆန်ချိူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားတာဖြစ်ပြီး ယူနိုက်တက် က ဆန်ချိုကို ပေါင်(၈၉)သန်းနဲ့ ကမ်းလှမ်းလိုက်ပေမယ့် ဒေါ့မွန်အသင်းက အနည်းဆုံးပေါင်(၁၀၉)သန်းဖြင့် ကမ်းလှမ်းမှ လက်ခံစဉ်းစားမည်ဟု တုံ့ပြန်ခဲ့တာပါ။

ကနဦးကတည်းက ဒေါ့မွန်အသင်းဟာ ဆန်ချိူကို သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းမယ်လို့ ပြောဆိုထားပေမယ့် အပြောင်း အရွှေ့ဆွေးနွေးမှုတွေကိုတော့ သြဂုတ်လ(၁၀)ရက်နေ့ ရှေ့ပိုင်းအထိသာ လက်ခံစဉ်းစားသွားမှာဖြစ်ကြောင်းလည်း ကြေငြာထားပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ဆန်ချိူကို ခေါ်ယူချင်တယ်ဆိုရင် ဒုတိယအကြိမ်ကမ်းလှမ်းမှုကို လာမည့်ရက်ပိုင်းအတွင်း ထပ်မံပြုလုပ်သွားရဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

[unicode]

Leave a Reply

Your email address will not be published. Required fields are marked *