ယူနိုက်တက် ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှုမှာ အရေးပါတဲ့ ကစားသမား ၃ ဦးကို ထုတ်ဖော်ချီးကျူးလိုက်တဲ့ ရွိုင်ယန်ဂစ်

Premier League

ယူနိုက်တက် ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှုမှာ အရေးပါတဲ့ ကစားသမား ၃ ဦးကို ထုတ်ဖော်ချီးကျူးလိုက်တဲ့ ရွိုင်ယန်ဂစ်
——————–

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ဓဝင်ကစားသမားကြီး ရွိုင်ယန်ဂစ်ကတော့ ယူနိုက်တက် တို့အနေနဲ့ ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုအ‌ပေါ်မှာ အသင်းရဲ့ အရေးပါတဲ့နေရာကပါဝင်ခဲ့တဲ့ ကစားသမား ၃ဦးကို ထုတ်ဖော်ချီးကျူးမှုတွေပြုလုပ်သွားခဲ့တယ်လို့ Manchester Evening News ကဖော်ပြသွားခဲ့ပါတယ်။ ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ဘောလုံးရာသီအစောပိုင်းမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ရလဒ်တွေဆိုးရွားနေခဲ့ပြီး ချန်ပီယံလိဂ်ခွင့်အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေခဲ့တာလည်းဖြစ်ပါတယ်။ ရိုင်ယန်ဂစ်က အသင်းရဲ့အခြေအနေကို အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ ဖာနန်ဒက်စ်၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့ကို အခုလိုပဲထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

ရွိုင်ယန်ဂစ်ကပြောကြားခဲ့ရာမှာတော့” အသင်းရဲ့ခြေစွမ်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အပြည့်အဝ ထိုက်တန်မှုရှိပါတယ်။ ချန်ပီယံလိဂ်ဆိုတာ အသင်းတွေကြီးတွေအားပြိုင်ရတဲ့ နေရာတစ်ခုလေ၊အဲ့တော့ ခင်ဗျား ဘယ်အသင်းပရိသတ်ပဲဖြစ်နေပါစေ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက် ကိုမြင်ချင်ကြမှာပါ။ ယူနိုက်တက် ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုမှာ ဖာနန်ဒက်စ်က အသင်းရဲ့အလှည့်အပြောင်းတစ်ရပ်လို့ပြောရမှာပါ၊ သူရောက်လာချိန်မှာ အသင်းက ပြိုင်ဘက်တွေကို လွှမ်းမိုးကစားနိုင်တဲ့ အသင်းဖြစ်လာခဲ့ပြီး အရေးပါမှုအပိုင်းမှာ မာရှယ် နဲ့ ဂရင်းဝုဒ်ကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ အခုလို အံ့အားသင့်စရာ ပြောင်းလဲမှုမှာ နည်းပြဆိုးရှားကိုလည်း အသိအမှတ်ပြုရပါမယ်” လို့ ဂစ်က ထုတ်ဖော်ချီးကျူးသွားခဲ့ပါတယ်။

[unicode]

Leave a Reply

Your email address will not be published. Required fields are marked *