ဂရီလစ်ချ်ကို ခေါ်ယူဖို့ အပေါင်းက္ခဏာ ဆောင်တဲ့ဆွေးနွေးမှုဖြစ်လာဖွယ်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်

Premier League

ဂရီလစ်ချ်ကို ခေါ်ယူဖို့ အပေါင်းက္ခဏာ ဆောင်တဲ့ဆွေးနွေးမှုဖြစ်လာဖွယ်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်
—————–

မန်ချက်စတာယူနိုက်တက် အသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဂရီလစ်ချ်ကို ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းဝန်းကျင်ဖြင့် ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ Metro ကဖော်ပြခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်ကလပ်ဟာ ဒီကစားသမားကို ကာလရှည်ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး လာမယ့်ရာသီအသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အသက် ၂၄နှစ်အရွယ် ဂျက်ဂရီလစ်ချ်ကို စိတ်ဝင်စားနေတာပါ။ အက်စတွန်ဗီလာအသင်းကလည်း သူတို့ကစားသမားကို အသင်းမှာဆက်ထိန်းထားလိုနေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ထက်လျော့နည်းတဲ့ ပမာဏကို လက်ခံစဉ်းစားသွားမှာမဟုတ်ဘူးလို့သိရပါတယ်။ သို့ပေမယ့်လည်း ယူနိုက်တက် က ပေါင် ၇၅ သန်းဝန်းကျင်နဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေတာကြောင့် အပြောင်းအရွှေ့က အပေါင်းလက္ခဏာဆောင်တဲ့ သဘောမှာရှိနေတယ်လို့သိရပါတယ်။

ဒီရာသီ အက်စတွန်ဗီလာအသင်းမှာ ခြေစွမ်းပြနေတဲ့ ဂျက်ဂရီလစ်ချ် ဟာ အသင်းကို ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ခဲ့အောင် အဓိကနေရာကနေပါဝင်ခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာတော့ အသင်းကနေထွက်ခွာဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဂျက်ဂရီလစ်ချ်ကို စိတ်ဝင်စားတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားသလို အေဂျက်စ်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဗန်ဒီဘိခ်ကိုလည်း စောင့်ကြည့်နေတာဖြစ်ပြီး ဒီကစားသမားနှစ်ဦးသာအသင်းကခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပါရဲရား နဲ့ လင်ဂတ် တို့ကို ရောင်းထုတ်သွားဖွယ်ရှိနေတယ်လို့လည်းသိရပါတယ်။

[unicode]

Leave a Reply

Your email address will not be published. Required fields are marked *