အင်တာမီလန်ကို အပြီးသတ်ပြောင်းရွှေ့ချင်နေတဲ့ ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့ ခက်ခဲဖွယ်ရှိနေ

Premier League

အင်တာမီလန်ကို အပြီးသတ်ပြောင်းရွှေ့ချင်နေတဲ့ ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့ ခက်ခဲဖွယ်ရှိနေ
—————-

မန်ချက်စတာယူနိုက်တက် အသင်းကနေ အင်တာမီလန်အသင်းထံကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေတဲ့ ချီလီလက်ရွေးစင်တိုက်စစ်မှူး အလက်ဇစ်ဆန်းချက်ဇ် ကို ယူနိုက်တက် အသင်းနည်းပြဆိုးလ်ရှားက အသင်းမှာ ဆက်ထိန်းထားလိုနေပေမယ့် ကစားသမားဆန္ဒကြောင့် မသေချာတဲ့ အနေ အထားရှိနေတယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက် အသင်းထံကို ပြောင်းရွှေ့လာပြီးနောက် ပြိုင်ပွဲစုံ ၄၅ ပွဲမှာ သွင်းဂိုး ၅ ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် အင်တာမီလန်အသင်းထံကို အငှားချခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းနဲ့အတူ ပုံစံကောင်းတွေပြသနေပြီး နောက်ဆုံးကစားထားတဲ့ ၉ ပွဲမှာ ၃ ဂိုးသွင်းယူထားသလို ဂိုးဖန်တီးမှု ၇ကြိမ်လည်းပြုလုပ်ပေးထားပါတယ်။ ဒါကြောင့် ဆန်းချက်ဇ် ကို အင်တာမီလန် အသင်းကလည်း အပြီးသတ်ဝယ်ယူဖို့ ဆန္ဒရှိနေသလို ကစားသမားကိုယ်တိုင်ကလည်း အင်တာကို အပြီးသတ်ပြောင်းချင်နေတာဖြစ်လို့ အင်တာမီလန် ဘက်ကလည်း ဒီအပြောင်းအရွှေ့ကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သို့ပေမယ့် အင်တာမီလန်အသင်းက ဆန်းချက်ဇ်အတွက် ပေါင်သန်း ၃၀ နဲ့ ခေါ်ယူချင်နေပြီး ဆန်းချက်ဇ် နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ရဲ့စာချူပ်က ၂ နှစ်ကျန်ရှိနေသေးတာကြောင့် ညှိနှိုင်းဖို့တော့ ခက်ခဲနေတယ်လို့ သိရပါတယ်။

[unicode]

Leave a Reply

Your email address will not be published. Required fields are marked *